အလုပ်သမားအယောက်ငါးဆယ်ကျော်မြန်မာပြည်ပြန်လာမည်သတင်း

အလုပ်သမားငါးဆယ်ကျော်ပြန်လာဦးမည်

မြန်မာလုပ်သား ၅၀ ကျော် မြန်မာပြန်ပြန်လာမည်
■ တရုတ်နိုင်ငံ မန်စီမြို့မှာရှိနေတဲ့ သစ်ခွစက်ရုံက မြန်မာအလုပ်သမား ၅၀ ကျော်ကို မြန်မာသံရုံး အစီအစဉ်နဲ့ မနက်ဖြန်မှာ မြန်မာနိုင်ငံကို ပြန်ပို့ပေးမယ်လို့ သိရပါတယ်။ ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ မြို့နယ်တော်တော်များများမှာ ပြန့်ပွားနေပြီး သေဆုံးသူ ရာနဲ့ချီနေပြီဖြစ်တာကြောင့် ဒီအလုပ်သမားတွေဟာ မနေရဲတော့ဘဲ မြန်မာနိုင်ငံကို ပြန်ချင်ကြတာလို့ ပြောပါတယ်။ အလုပ်ရှင်က ပြန်ခွင့်ပေးပေမယ့် အလုပ်ကာလ သတ်မှတ်ထားတဲ့ ၆ လပိုင်းမတိုင်ခင် ပြန်တာကြောင့် အလုပ်သမားတစ်ယောက်ဟာ မြန်မာငွေ ၂ သိန်းကျော် ဖြတ်တောက်ခံရတယ်လို့လည်း မနက်ဖြန် ပြန်လာမယ့် အလုပ်သမား ကိုအောင်ဇေရဲဝင်းက ပြောပါတယ်။ အဲဒီစက်ရုံမှာ မြန်မာအလုပ်သမားအယောက် ၁၀၀ ကျော်ရှိပေမယ့် ပြန်ချင်တဲ့ အလုပ်သမား ၅၀ ကျော်လောက်ရှိပြီး ကျန်တဲ့သူတွေကတော့ မပြန်ချင်လို့ ကျန်နေခဲ့ကြတယ်လို့ သိရပါတယ်။ နေရပ်ပြန်ချင်လို့ မြန်မာသံရုံးကို ဆက်သွယ်လာသူတချို့ဟာ တရားမဝင် အလုပ်လုပ်နေသူတွေ များပြီး မြန်မာနိုင်ငံကို ပြန်ဖို့အခက်အခဲဖြစ်နေတာကြောင့် အကူအညီတောင်းတဲ့အကြောင်း၊ ဒါတွေကို ပြည်နယ် ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးနေတဲ့အကြောင်း၊ တရုတ်နိုင်ငံ ဘေဂျင်းမြို့ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက RFA ကို ဇန်နဝါရီ ၃၁ ရက်က ဖြေကြားထားပါတယ်။ တရုတ် - မြန်မာနယ်စပ်ဂိတ်တွေကနေလည်း အခုဆိုရင် နေရပ်ပြန်လာတဲ့ မြန်မာလုပ်သားတွေ နေ့စဉ် ရာနဲ့ချီ ရှိနေပါတယ်။ နယ်စပ်ဂိတ်တွေကို ယာယီပိတ်တာ၊ အဝင်အထွက် လျှော့ချတာတွေ မလုပ်ဘဲ အခုချိန်မှာ ဝင်ထွက်သွားလာသူတွေကို ကျန်းမာရေးစစ်ဆေးပေးနေပြီး လိုအပ်ရင် စောင့်ကြည့်တာတွေ ဆောင်ရွက်ပေးနေပါတယ်။ တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၃ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ တစ်သောင်းလေးထောင်ကျော်ရှိနေပြီး သေဆုံးသူ ၃၀၀ ကျော် ရှိနေပါပြီ။ သေဆုံးသူတွေဟာ တရုတ်ပြည်မှာပဲဖြစ်ပြီး မနေ့ကတော့ ဖိလစ်ပိုင်ရောက်နေတဲ့ ဝူဟန်မြို့သားတစ်ယောက် ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသွားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြကြပါတယ်။ - Unicode
~~~~~
မြန်မာလုပ်သား ၅၀ ကျော် မြန်မာပြန်ပြန်လာမည်
■ တရုတ်နိုင်ငံ မန်စီမြို့မှာရှိနေတဲ့ သစ်ခွစက်ရုံက မြန်မာအလုပ်သမား ၅၀ ကျော်ကို မြန်မာသံရုံး အစီအစဉ်နဲ့ မနက်ဖြန်မှာ မြန်မာနိုင်ငံကို ပြန်ပို့ပေးမယ်လို့ သိရပါတယ်။ ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ မြို့နယ်တော်တော်များများမှာ ပြန့်ပွားနေပြီး သေဆုံးသူ ရာနဲ့ချီနေပြီဖြစ်တာကြောင့် ဒီအလုပ်သမားတွေဟာ မနေရဲတော့ဘဲ မြန်မာနိုင်ငံကို ပြန်ချင်ကြတာလို့ ပြောပါတယ်။ အလုပ်ရှင်က ပြန်ခွင့်ပေးပေမယ့် အလုပ်ကာလ သတ်မှတ်ထားတဲ့ ၆ လပိုင်းမတိုင်ခင် ပြန်တာကြောင့် အလုပ်သမားတစ်ယောက်ဟာ မြန်မာငွေ ၂ သိန်းကျော် ဖြတ်တောက်ခံရတယ်လို့လည်း မနက်ဖြန် ပြန်လာမယ့် အလုပ်သမား ကိုအောင်ဇေရဲဝင်းက ပြောပါတယ်။ အဲဒီစက်ရုံမှာ မြန်မာအလုပ်သမားအယောက် ၁၀၀ ကျော်ရှိပေမယ့် ပြန်ချင်တဲ့ အလုပ်သမား ၅၀ ကျော်လောက်ရှိပြီး ကျန်တဲ့သူတွေကတော့ မပြန်ချင်လို့ ကျန်နေခဲ့ကြတယ်လို့ သိရပါတယ်။ နေရပ်ပြန်ချင်လို့ မြန်မာသံရုံးကို ဆက်သွယ်လာသူတချို့ဟာ တရားမဝင် အလုပ်လုပ်နေသူတွေ များပြီး မြန်မာနိုင်ငံကို ပြန်ဖို့အခက်အခဲဖြစ်နေတာကြောင့် အကူအညီတောင်းတဲ့အကြောင်း၊ ဒါတွေကို ပြည်နယ် ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးနေတဲ့အကြောင်း၊ တရုတ်နိုင်ငံ ဘေဂျင်းမြို့ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းက RFA ကို ဇန်နဝါရီ ၃၁ ရက်က ဖြေကြားထားပါတယ်။ တရုတ် - မြန်မာနယ်စပ်ဂိတ်တွေကနေလည်း အခုဆိုရင် နေရပ်ပြန်လာတဲ့ မြန်မာလုပ်သားတွေ နေ့စဉ် ရာနဲ့ချီ ရှိနေပါတယ်။ နယ်စပ်ဂိတ်တွေကို ယာယီပိတ်တာ၊ အဝင်အထွက် လျှော့ချတာတွေ မလုပ်ဘဲ အခုချိန်မှာ ဝင်ထွက်သွားလာသူတွေကို ကျန်းမာရေးစစ်ဆေးပေးနေပြီး လိုအပ်ရင် စောင့်ကြည့်တာတွေ ဆောင်ရွက်ပေးနေပါတယ်။ တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၃ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ တစ်သောင်းလေးထောင်ကျော်ရှိနေပြီး သေဆုံးသူ ၃၀၀ ကျော် ရှိနေပါပြီ။ သေဆုံးသူတွေဟာ တရုတ်ပြည်မှာပဲဖြစ်ပြီး မနေ့ကတော့ ဖိလစ်ပိုင်ရောက်နေတဲ့ ဝူဟန်မြို့သားတစ်ယောက် ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသွားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြကြပါတယ်။ - Zawgyi
~~~~~
Photo: Google Earth
(တရုတ်နိုင်ငံ မန်စီမြို့ကို တွေ့ရစဉ်) Source Facebook

ဖြစ်ခါစကခြောက်ခြားခဲ့တယ်၊တုန်လှုပ်ခဲ့တယ်ဆိုတဲ့အေးမြတ်သူရဲ့ရင်ဘတ်နဲ့ရေးတဲ့စာ

ရင်ဘက်နဲ့ရေးတဲ့စာ

အခြေနေတွေကတော့ အားလုံးသိပြီးကြမှာပါ။ အစကနေ မပြောတော့ပါဘူး။ အခု ခံစားချက်ကိုပြောရရင် ဟိုကိုပြန်မသွားချင်တော့ဘူး။ တက္ကသိုလ်တွေတက်တုန်းက ကျောင်းပိတ်လို့ အိမ်ပြန်ရင် ကျောင်းမပြန်သွားချင်တာမျိုးပေါ့။
အစက ဖြစ်ခါစက ချောက်ချားခဲ့တယ်။ တုန်လှုပ်ခဲ့တယ်။ သေမှာကြောက်လို့မဟုတ်ဘူး။ အဲ သေမှာကြောက်လို့ဆိုဦးတော့…….မီဒီယာထက်က စကားလုံးတွေ၊ပို့စ်တွေ(မမှန်ပေမယ့်)က အဖော်မဲ့စေခဲ့တယ်။ နာကျင်စေခဲ့တယ်။ တကယ်တော့ ကိုယ်က ဖေးမမှုကိုမျှော်လင့်ခဲ့တာ။ စာနာမှုကို တောင့်တခဲ့တာ။
***အံကိုကြိတ် ဖြစ်သမျှအကြောင်းအကောင်းလို့တွေး၊ အားလုံးဟာကောင်းဖို့ဖြစ်လာတာလို့ခံယူ အားပြန်ထူခဲ့တယ်။
***နောက်တော့ နောက်ဆုံးတော့ ပြည်သူတွေ၊တာဝန်ရှိလူကြီးတွေက ကိုယ်တွေကို ဆုတောင်းပေးကြတယ်၊ မေတ္တာပို့ပေးကြတယ်၊ ပြန်ခေါ်ဖို့ကြိုးစားကြတယ်။
***ပြန်ခေါ်မယ်၊ ပြန်ခေါ်ဖို့စီစဉ်နေတယ်။ အဲသတင်းကြားရုံနဲ့ အားတွေတက်၊ သတ္တိတွေပြန်ရှိ။  ဘယ်လောက်ထိ ကျမတို့တွေ သတ္တိတွေရှိခဲ့ကြလည်း၊ ခွန်းအားတွေရှိခဲ့ကြလည်း……။
***နိုင်ငံတကာ အလယ်မှာ မြန်မာဆိုတာ ပြလိုက်တာပဲ။ အတူတူရွှေ့ရင် ရွေ့တယ်ဆိုတာပြလိုက်တာပဲ။ ပြည်သူတွေရဲ့ ‌ကြိုဆိုမှု၊အစိုးရရဲ့ နိုင်ငံသား‌‌တွေအပေါ် တာဝန်ကျေမှုတွေနဲ့ပေါင်းပြီး စုပေါင်းပြီးတွန်းလိုက်တာ ရွေ့သွားတယ်။ အများကြီးရွေ့သွားတယ်။  ကမ္ဘာနဲ့ချီပြီး ရွေ့သွားတာ။
***ပြန်လာရမယ့်နေ့မှာ အဆောင်ကထွက်တော့ ဝိုင်းကြည့်ကြတယ်။ Congratulationsလုပ်ကြတယ်။ ကျေးဇူးလို့ ပြန်ပြောရတာ ဒီတစ်ခါ အရသာအရှိဆုံးပဲ။
ပြန်ရသူတွေအတွက် စိတ်မကောင်းပေမယ့် သူတို့တွေရှေ့မှာ ခေါင်းကိုမော့၊ ရင်ကိုကော့ပြီးအထုပ်ဆွဲပြီးထွက်လာလိုက်တယ်။ (အရပ်တောင်၆ပေလောက်ထိရှည်သွားတယ်)ငါးထပ်ကနေ အောက်ကို ဘယ်လိုရောက်သွားမှန်းမသိလိုက်ဘူး။
**ဝူဟန်လေဆိပ်မှာ စစ်စရာရှိတာစစ်ပြီး ထွက်လာတော့ တရုတ်စံတော်ချိန် မနက် ၁နာရီခွဲခါနီးပေါ့။  လေယာဉ်ထဲဝင်ဖို့(တက်ဖို့) သွားတော့ လေယာဉ်မှူးကြီးတွေက လေယာဉ်ခေါင်းခန်းထဲကနေ လက်ရမ်းပြကြတယ်။ သူတို့လည်း ကိုယ်မြန်မာပြည်သူပြည်သား မောင်နမတွေကို လာခေါ်ရတာ ပျော်နေကြတာနေမှာ။ ကိုယ်တွေလည်း လက်ပြန်ရမ်းပြရတာ ကိုယ့်မိဘက လာကြိုလို့ ပျော်ရသလိုမျိုးပဲ။ ပျော်တယ်ဆိုတာလေ။ အပျော်ဆုံးပဲ။ အပေါ့ပါးဆုံးခြေလှမ်းတွေနဲ့ လေယာဉ်ပေါ်တက်ရတာ အရသာရှိလိုက်တာ။
***လေယာဉ်‌ကိုလည်းsafeဖြစ်အောင် သတ်မှတ်နေရာမှာ ထိုင်ရပြီး ကျန်ထိုင်ခုံများကို ခုံတွေဖြုတ်ထားပြီး ပလက်စတစ်အုပ်ပြီး ကြိုးချည်ထားတယ်။
***အိမ်သာကိုလည်း သတ်မှတ်အိမ်သာမှာသာ သုံးဖို့ လမ်းညွှန်ထားတယ်။ volunteerတွေလည်း ဝတ်စုံအပြည့်နဲ့။
***မနက် လေးနာရီ ငါးမိနစ်မှာ မန္တလေးလေဆိပ်ကို ဆိုက်တယ်။ ကန်တော်နဒီဆေးရုံသွားဖို့ သက်ဆိုင်ရာ ကားတွေပေါ်တက်ပြီးထွက်လာတော့ ငါးနာရီထိုးခါနီးပြီ။ ဆေးရုံကို ၆နာရီကျော်မှာရောက်ပြီး ဆေးရုံအဆောင်ထဲမဝင်ခင် အပူချိန်စစ်တယ်။
***အခန်းထဲရောက်တော့ တွေ့ပြီ။ ‌စေတနာတွေ။ အစိုးရရဲ့ နိုင်ငံသား‌တွေပေါ်ထားတဲ့စေတနာတွေ။ ပြည်သူတွေရဲ့ကမ်းတဲ့လက်တွေ။ အို ထိတယ်။ အရှိုက်ကို ထိတယ်။ မျက်ရည်တောင်ဝဲရပါတယ် မြန်မာပြည်ကြီးရယ်။
ဘာတွေတွေ့လဲ သိလား။ ကုတင်ပေါ်မှာ အသင့်ခင်းထားတဲ့ အိပ်ယာ၊ ‌စောင်အထူ၊ တဘက်၂ထည်၊ စားစရာအစုံ။ ပန်းကန်ဇွန်း၊ဓာတ်ဘူး၊ရေသန့်။ပေါ်ကာရီစွက်အချိုရည် အစုံအစုံ……ပါပဲ။ လိုအပ်တာတွေကို မိုက်နဲ့ လမ်းညွှန်ပြီး မနက်စာကို နန်းကြီးသုပ်ကျွေးပါတယ်။
***အိုး အပျော်ဆုံးပဲ။ နန်ကြီးသုပ်စားရလို့။
***ရေးရရင် ကုန်နိုင်ဖွယ်မရှိပါ။ လာရောက်ခေါ်ယူပေးပါ‌သော နိုင်ငံတော်ပိုင်Myanmar National Airlinesနှင့်volunteer များ၊ အစစအရာရာပံ့ပိုးပေးကြပါသော နိုင်ငံသူနိုင်ငံသားများ၊ စီစဉ်ဆောင်ရွက်ပေးပါသော အကြီးအကဲများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
ပြန်ရောက်ရောက်ချင်း မိသားစုနဲ့ဆက်သွယ်လို့ရအောင် ကူညီပေးသော MPTကိုလည်းကျေးဇူးတင်ပါတယ်။ စကားမစပ် mpt ဖုန်းနံပါတ်လေး‌‌တွေကလည်းလှတယ်။ အပူး‌လေးတွေ။ (အခုတောင် mpt wifi freeနဲ့ ပို့စ်တင်နေတာ)殺殺殺
***ရေးရရင် ကုန်နိုင်ဖွယ်မရှိပါ။ လာရောက်ခေါ်ယူပေးပါ‌သော နိုင်ငံတော်ပိုင်Myanmar National Airlinesနှင့်volunteer များ၊ အစစအရာရာပံ့ပိုးပေးကြပါသော နိုင်ငံသူနိုင်ငံသားများ၊ စီစဉ်ဆောင်ရွက်ပေးပါသော အကြီးအကဲများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
***FBမှဖြစ်စေ messengerမှဖြစ်စေ, phone ဖြစ်‌စေဆုတောင်းပေး၊ ကူညီပေးကြသူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
***
***အခုတော့ မြန်မာပြည်ကြီးက ကျွေးသော မေတ္တာစာတွေ စားပြီး Quarantine ၁၄ရက်ကို ပျော်ရွှင်ကျန်းမာစွာ နေနေပါတယ်။

*** ချစ်ရပါတယ် မြန်မာပြည်ကြီးရယ်။
I am really proud of being Myanmar.欄欄欄Source: Facebook

ကိုရိုနာကူးစက်ဗိုင်းရပ်စ်ကြောင့်စက်ရုံတွေပိတ် မြန်မာအလုပ်သမားများအလုပ်လက်မဲ့ဖြစ်

တရုတ်နိုင်ငံတွင်းဖြစ်ပွားနေသော ကိုရိုနာ ဗိုင်းရပ်ပိုးဖြစ်ပွားမူအ ခြေအနေ တွေကြောင့်
တရုတ်နိုင်ငံမှ တင်သွင်းနေသည့် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုဖြစ်ကာ
ထိုင်း ကုမ္ပဏီ ပိတ် မြန်မာအလုပ်သမားများအလုပ်လက်မဲ့ဖြစ်

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်းက ထိုင်၀မ် နိုင်ငံ ပိုင် Cica New Materials( Thailand )co.Ltd   သထ္ထုပုံလောင်းစက်ရုံ ဟာ ရုတ်တရက် ပ်ိလိုက်တာကြောင့် စက်ရုံမှာအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ(၁၉၃ ) ဦးအပါအ၀င် ထိုင်းနဲ့ ဖိလစ်ပိုင် နိုင်ငံသား(၅၀၀)
အလုပ်လက်မဲ့ဖြစ်သွားကြောင်း သိရပါတယ်။
စက်ရုံတာ၀န်ရှိသူတွေက မနက်ပိုင်း အလုပ်လာရောက် တဲ့ စက်ရုံလုပ်သားတွေကို စက်ရုံ တာ၀န်ရှိသူတွေက တရုတ်နိုင်ငံ မှာ ဖြစ်ပွားနေတဲ့
ကိုရိုနာ ဗိုင်းရပ်စ် ပိုး ကူးဆက်နေတဲ့ အခြေအနေ ကြောင့် ကုန်ကြမ်း
ပစ္စည်းတွေ တရုတ်က တင်သွင်းနေမှုကို ရပ်ဆိုင်းလျော့ချခဲ့လို့
စက်ရုံဆက်လက် လည်ပါတ်နိုင်ဘို့ အခက်အခဲ ဖြစ်နေပြီဖြစ်လို့
စက်ရုံပိတ်ခဲ့တာဖြစ်တယ်လို့ အလုပ်သမားတွေကို အသိပေးခဲ့ပါတယ်။
မြန်မာ အလုပ်သမား ၁၉၃ ကို တစ်ဦးကို ဘတ်ငွေ ၂၅၀၀ နစ်နာကြေးအဖြစ် ရှင်းပေးခဲ့တယ်လို့
လည်း အလုပ်သမာ အရာရှိ Mr. Pairote Panthakarn ပရယို့ ပန်ထကမ် က ထုတ်ဖေါ်ပြောဆိုသွားပါတယ်။
Source:Nan Kyar Yon Facebook

မြမြဝင်ပူးပြန်ပြီ ခင်ဇာချည်လွင်ကို ဝင်ရောက်ပူးကပ်မှုထပ်မံဖြစ်ပွား

မြမြဝင်ပူးပြန်ပြီ ခင်ဇာချည်လွင်ကို ဝင်ရောက်ပူးကပ်မှုထပ်မံဖြစ်ပွား

`မြမြ´ရုပ်ရှင်အဖွဲ့သားများတောင်ဒဂုံ၁၀၇ရပ်ကွက်တွင်လာရောက်၍အလှုအတန်းပြုလုပ်နေစဉ် မခင်ဇာချည်လွင်ကိုဝင်ရောက်ပူးကပ်မှုထပ်မံဖြစ်ပွား
`မြမြ´ရုပ်ရှင်အဖွဲ့သားများတောင်ဒဂုံ၁၀၇ရပ်ကွက်တွင်လာရောက်၍အလှုအတန်းပြုလုပ်နေစဉ် မခင်ဇာချည်လွင်ကိုဝင်ရောက်ပူးကပ်မှုထပ်မံဖြစ်ပွား
`မြမြ´ရုပ်ရှင်အဖွဲ့သားများတောင်ဒဂုံ၁၀၇ရပ်ကွက်တွင်လာရောက်၍အလှုအတန်းပြုလုပ်နေစဉ် မခင်ဇာချည်လွင်ကိုဝင်ရောက်ပူးကပ်မှုထပ်မံဖြစ်ပွား
`မြမြ´ရုပ်ရှင်အဖွဲ့သားများတောင်ဒဂုံ၁၀၇ရပ်ကွက်တွင်လာရောက်၍အလှုအတန်းပြုလုပ်နေစဉ် မခင်ဇာချည်လွင်ကိုဝင်ရောက်ပူးကပ်မှုထပ်မံဖြစ်ပွား
`မြမြ´ရုပ်ရှင်အဖွဲ့သားများတောင်ဒဂုံ၁၀၇ရပ်ကွက်တွင်လာရောက်၍အလှုအတန်းပြုလုပ်နေစဉ် မခင်ဇာချည်လွင်ကိုဝင်ရောက်ပူးကပ်မှုထပ်မံဖြစ်ပွား
`မြမြ´ရုပ်ရှင်အဖွဲ့သားများတောင်ဒဂုံ၁၀၇ရပ်ကွက်တွင်လာရောက်၍အလှုအတန်းပြုလုပ်နေစဉ် မခင်ဇာချည်လွင်ကိုဝင်ရောက်ပူးကပ်မှုထပ်မံဖြစ်ပွား
မြမြဝင်ရောက်ပူးကပ်မှုဖြစ်ပွားCG
CeleGabar
Photo Kaung Sat
Source:Nan Kyar Yon

လပ်မထပ်ရသေးသောမိန်းခလေးတွေဟာတကယ်တော့အခမဲ့ပြည့်တန်ဆာပါ။

တရားဝင် လက်မထပ်ရသေးပဲနဲ့
Living together နေတဲ့ မိန်းခလေးတွေဟာ
တကယ်တော့ အခမဲ့ ပြည့်တန်ဆာတွေပါ။

သူတို့တွေဟာ
ပိုက်ဆံပေးစရာမလို ပဲ
အခမဲ့ အလကား ရတဲ့အမျိုးပေါ့။
သူတို့အတွက်လိုတာက
ဟန်ဆောင်မှုတွေပါတဲ့
ချစ်တယ် ဆိုတဲ့ စကားလေးတခွန်းပါပဲ။
ဒီဘက်ခေတ်
မြန်မာနိုင်ငံမှာ အပျိုစင်ဘဝကို
တန်ဖိုးမထားတဲ့ မိန်းခလေးတွေ
တနေ့တခြား တိုးပွားလာတာက
ဝမ်းနည်းစရာပါ။
ချစ်တယ်ဆို တဲ့စကားလေးတခွန်း နဲ့
ကိုယ့်ရဲ့တန်ဖိုးကြီးလွန်းတဲ့ အပျိုစင်ဘဝကို
ကိုယ့်အိမ်ထောင်ဖက် မဟုတ်သေးတဲ့
တစိမ်း ယောကျာ်းတယောက်ကို
အလဟတ်သတ် လွယ်လွယ်နဲ့
အလကား ပေးလိုက်ရတာ
တွေးတတ်ရင် တကယ်တော့
ရင်နာစရာပါ။
ကိုယ်က ကိုယ့်ချစ်သူကောင်လေးနဲ့
Living together နေလိုက်လို့
သူ့က ကိုယ့်ကိုယူမှာ သေခြာရဲ့လား?
သူနဲ့ ကိုယ်နဲ့ကရော မပြတ်ကြတော့ဘူးလား?
သူ နဲ့ ကိုယ် ဖူးစာအကြောင်းမပါလို့
လမ်းခွဲရရင် နစ်နာရမဲ့သူက
မိန်းခလေးပဲလေ။
နောက်ပြီး
ကိုယ့်ရဲ့ မသန့်ရှင်းတော့တဲ့
ခန္ဓာကိုယ် ကြီးကို
နောက်တယောက်နဲ့
ဘယ်လိုစခန်းသွားကြမလဲ?
နောက်တယောက်ကို
ကိုယ့် ရဲ့အပျိုစင်
မဟုတ်တော့တဲ့ ဘဝအကြောင်း ကို
ဘယ်လိုပြောပြမလဲ?
ဒီလို ကိစ္စ မျိုးဆိုတာကလည်း
ဒီခေတ်ကြီးမှာ
လိမ်ထားလို့ရတဲ့အရာမဟုတ်တော့
ပိုဆိုးတာပေါ့။
ကိုယ်နဲ့တကယ် လက်ထပ်ရတဲ့
ကိုယ့်ခင်ပွန်းက သိပြီး
သူ့ဘက်က ခွင့်လွှတ်နိုင်ပါတယ်ကွာ
လို့ ပြောပါစေအုံးတော့
နောင်တချိန်ချိန်မှာ
သူက ကိုယ့်ရဲ့အပျိုစင်ဘဝကို
မရလိုက်လေချင်း လို့
တွေးတွေးပြီး ရင်နာနေမှာအမှန်ပဲလေ။
ဒီကမှ ငယ်ကျိုးငယ်နာတွေဖေါ်ပြီး
အိမ်ထောင်ရေး အဆင်မပြေရာက
ကွဲကြကွာကြ နဲ့ နောက်ဆုံး
ပျက်စီးခြင်း ပဲ အဖတ်တင်မှာပါ။
တကယ်တော့ living together ဆိုတာ
ယဥ်ကျေးတဲ့လူ့အသိုင်းအဝိုင်းနဲ့.
မအပ်စပ်သလို
ဘာသာရေးအရကြည့်ရင်လည်း
အင်မတန် ရွံစရာကောင်းတဲ့
ပြစ်မှုတခုပါ။
ဒီတော့ ယောင်းမတို့ရေ
ညည်းတို့ရဲ့ အပျိုစင်ဘဝဟာ
ရည်းစားအတွက်မဟုတ်ပဲ
အိမ်ထောင်ဖက်အတွက်ပဲ
ဖြစ်ပါစေ နော။
ဒီလိုမှမဟုတ်ရင်
ပိုက်ဆံပေးပြီးဆက်ဆံခံရတဲ့
ပြည့်တန်ဆာကမှ
အခမဲ့ပြည့်တန်ဆာ
ထက် ပိုပြီးတန်ဖိုးရှိမဲ့
အဖြစ်မျိုး ဖြစ်နေအုံးမယ်နော။
အခမဲ့ပြည့်တန်ဆာဖြစ်ဖို့
၃ စက္ကန့် လောက် အချိန်လေး
ပဲ ကြာပေမဲ့
အပျိုစင်ပြန်ဖြစ်ဖို့တော့
ရှိသမျှစည်းစိမ်ပုံပေးတောင်
ဒီတသက် ဘယ်တော့မှ
ပြန်မရတော့ဘူးနော။ခါးသက်သောအမှန်တရားများSource Facebook

ဗစ်တိုးရီးယား အမှုရဲတပ်ဖွဲ့ဖြင့်သာသက်ဆိုင်သမ္မတရုံးမှ ဆက်လက်ဆောင့်ကြည့်နေရုံသာဟု ဦးဇော်ဌေးပြောကြား

ဗစ်တိုးရီးယားသက်ငယ်မုဒိန်းအမှုသည် ရဲတပ်ဖွဲ့ဖြင့်သာသက်ဆိုင် သမ္မတရုံးမှ ဝတ္တရားအရသာဆောင့်ကြည့်နေရုံဟု သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားသည်။(ဗွီဒီယိုဖိုင်အောက်ဆုံးတွင်)

အရင်ကပြောခဲ့ပြီးသလိုပဲ လတ်တလောမှာ ပြည်ထဲရေးဝင်ကြီးအပြောင်း‌အရွှေ့အစီအစဉ်ကို Victoriaအမှုနှင့်ပတ်သတ်၍ ယခင်အတိုင်းပဲဆောင့်ကြည့်နေသည်ဟု သမ္မတရုံးသတင်းစာရှင်းလင်းပွဲတင် မီဒီယာများအပေါ် ဦးဇော်ဌေးက‌ပြောကြားသည် ။
ပြည်ထဲရေးဝန်ကြီး ဦးကျော်ဆွေကိုလည်း တပ်ကိုပြန်ပြောင်းဖို့စာတင်ထားတယ်ဟုလည်းသိရသည်။
တရားဥပဒေနည်းလမ်းအရ လုပ်ရမယ့် နည်းလမ်းတွေရှိပါသေးတယ်ဟု ပြောကြားပြီး ခရိုင်မှအဆင့်ဆင့်ပြန်တတ်တာမျိုးလည်းရှိတယ်။ဒါကိုဘယ်လိုပြန်ကောင်းအောင်အထောက်အကူပြုရမလည်းစဉ်းစားနေပါကြောင်းပြောကြားခဲ့ပါတယ်။
သမ္မတရုံးအနေနဲ့ ဥပဒေလမ်းကြောင်းအတိုင်းဖြစ်ရမည်။အရင်ကပြောခဲ့သ‌လို တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဟု ပြောခဲ့ပြီးဖြစ်ကြောင်း

ရဲတပ်ဖွဲ့သာလျှက်တရားစွဲအဖွဲ့အစည်းဖြစ်သဖြင့် ရဲတပ်ဖွဲ့ကိုသာတိုက်ရိုက်မေးသင့်ကြောင်း ပြောကြားသွားပါသည်။Video Eleven Media

မြန်မာပလာဇာများအတွင်းကိုယ်အပူချိန်တစ်ရာကျော်ပါကဝင်ခွင့်မပြု

မြန်မာပလာဇာများအတွင်းသို့ကိုယ်အပူချိန်တစ်ရာကျော်ပါကဝင်ရောက်ခွင့်မပြု

ရန်ကုန်မြို့ရှိမြန်မာပလာဇာအတွင်းသို့
ကိုယ်အပူချိန် ၁၀၀.၄ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ်
၃၈ဒီဂရီ စင်တီဂရိတ်အထက်ရှိသူများကို ဝင်ခွင့်မပြုကြောင်း လုံခြုံရေးယူထားသူများ၏ ပြောကြားချက်အရသိရသည်။
“ကျွန်တော်တို့က ဒီပလာဇာကိုလာတဲ့သူတွေကို ကိုယ်ပူချိန်တိုင်းတယ်။တကယ်လို့ ကိုယ်အပူချိန် ၁၀၀.၄ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ်ရင် ၃၈ဒီဂရီ စင်တီဂရိတ်အထက်ရှိတဲ့သူဆိုရင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုက်ပြီးဆောင်ရွက်ပေးပါတယ်”ဟု မြန်မာပလာဇာ လုံခြုံရေးအရာရှိတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကြီးတွင် ကိုယ်အပူအချိန်ရှိသည့် လူနာတစ်ဦးကို ကျန်းမာရေးအရ ပုံမှန်စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ကိုလည်းသိရသည်။
တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်က စတင်ဖြစ်ပွားခဲ့သော ကိုရိုနာ‌ဗိုင်းရပ်စ်ပိုးသည် အိမ်နီးချင်းနိုင်ငံများထံ ပျံ့နှံနေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်လည်း လေဆိပ်၊ လူစည်ကားရာအရပ်တို့မှာ ကိုယ်အပူအချိန်တိုင်းတာစစ်ဆေးခြင်းများပြုလုပ်လျက်ရှိနေသည်။
သတင်း-ငှက်ခါး / ဓာတ်ပုံ- ဇော်မင်းနိုင် (ဒီပဲယင်း) Source Facebook

ကရင်ပြည်နယ် ဇွဲကပင်တောင်တွင် တောမီးများလောင်ကျွမ်း

ကရင်ပြည်နယ်ဇွဲကပင်တောင်တွင်တောမီးများလောင်ကျွမ်း

နောက်ထပ်သတင်းဓါတ်ပုံတချို့ပါ
ကရင်ပြည်နယ် ဇွဲကပင်တောင် တောမီးလောင်
နေကြောင်းသတင်းဓါတ်ပုံများထွက်ပေါ်လာ။
@Aung Chan Thar
မြင်ကွင်းများSource Kyaw Swar MYINT Facebook

တရုတ်တွေကိုမြန်မာပြည်ထဲဝင်ရောက်ခွင့်ပိတ်လိုက်ပြီ

တရုတ်တွေကိုမြန်မာပြည်ဝင်ရောက်ခွင့်ပိတ်လိုက်ပြီ။

မြန်မာနိုင်ငံကို လာတဲ့တရုတ်ခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာထုတ်ပေးတာ ရပ်လိုက်ပါပြီ။
တရုတ်နိုင်ငံသားမှ မဟုတ်ပါဘူး။ တရုတ်ကလာတဲ့ ဘယ်နိုင်ငံသား မဆို ပေးမဝင်တော့ပါဘူး။နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံက နေ  မြန်မာနိုင်ငံကို လာရောက်ကြမယ့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ယာယီရပ်ဆိုင်းထားဖို့ သက်ဆိုင်ရာဌာနတွေကို ဝန်ကြီးဌာနက ညွန်ကြားချက် ထုတ်လိုက်တာပါ။ဆိုက်ရောက် ဗီဇာ ပိတ်တာ ဟာဝင်ခွင့်ပိတ်တာနဲ့ အတူတူပါပဲ။ဗီဇာပိတ်တာ နဲ့ ‌တရုတ်နိုင်ငံက လာတဲ့ ဘယ် ခရီးသွား မဆို ပြည်ဝင်ခွင့် မရတော့ပါဘူး။
ပုံ မှန် တရုတ် Airline တွေ ဆွဲနေနိုင်ပါသေးတယ်။ သို့သော် လေယာဉ်ပေါ်က နေ ပါလာတဲ့ ခရီးသွားတစ်ယောက်မှ မြန်မာပြည်ထဲ ဆင်းလို့ရမှာ မဟုတ်ပါဘူး။
ဒီနေ့ အထိကိုရိုနာဗိုင်းရပ်စ်ပိုးရောဂါ ကူးစက်ခံရသူပေါင်းဟာ တစ်သောင်းကျော်အထိရှိနေပြီး ဒီထဲက သေဆုံးသူက ၂၅၀ ကျော်အထိ ရှိလာတာပါ။
@မင်းရသ Source Facebook

မိုးအောင်ရင်နဲ့ လိင်ဆက်ဆံခဲ့ကြောင်း ပြောလာတဲ့ ရည်းစားဟောင်း ခင်မြတ်နိုး

မိုးအောင်ရင်နဲ့ လိင်ဆက်ဆံခဲ့ကြောင်း ပြောလာတဲ့ ရည်းစားဟောင်း ခင်မြတ်နိုး

ထောင်ကလွတ်လာပြီး နောက်ပိုင်းတွင်လည်း မိုးအောင်ရင်နှင့် လင်မယားအရာမြောက်သည်အထိ အတူနေခဲ့ကြောင်း ခင်မြတ်နိုးပြော ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ရုံးချိန်းအပြီးတွင် တရားလို ခင်မြတ်နိုးမှ သရုပ်ဆောင်မိုးအောင်ရင် မူးယစ်ဆေးဝါးအမှုနှင့် ထောင်က လွတ်လာပြီးသည့် နောက်ပိုင်းလည်း
မိမိတို့နှစ်ဦး လင်မယားအရာမြောက်ခဲ့သည်အထိ အတူနေခဲ့ကြောင်း တရားလို ခင်မြတ်နိုးက မီဒီယာများကို ပြောသည်။ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်မိုးအောင်ရင်ကို ယနေ့ ရန်ကင်းတရားရုံးတွင် တရားလို မခင်မြတ်နိုး ကို စတင် စစ်ဆေးခဲ့သည်။
“စစ်ဆေးတဲ့ အခါမှာ အခုလိုမျိုးကတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ သူ့တို့ဘက်က စပြောကတည်းက ကိုယ့် အရှက်ကို ခွဲပြီးသွားပြီလေ။ အရှက်က ကမ်းကုန်အောင် ကုန်နေပြီဆိုတော့ မထူးတော့ဘူး။ ကိုယ်လည်းပြောစရာရှိတာကို သတ္တိမွေးပြီးတော့ ပြောရမှာပဲ။ အခုလိုပြောင်းလဲသွားတာက ထောင်ထဲက ထွက်လာမှ ပြောင်းလဲသွားတာပါ။ ထောင်က လွတ်လာတုန်းကလည်း သူ့အိမ်မှာ လင်မယားအရာမြောက်ခဲ့ပါတယ်။သူ့အမေ၊ အဖေတွေ ကိုယ်တိုင် ခေါ်သွားခဲ့တာဆိုတော့ လင်မယားအရာမြောက်ခဲ့ပါတယ်။ အရင်ကတည်းက သူ့ဘက်ကလည်း လက်ထပ်ပါ့မယ် လို့ပြောထားတဲ့ စကားတွေလည်း ရှိတယ်ဆိုတော့ ကိုယ်ကတော့ ယုံခဲ့တာပေါ့။ ကတိဖျက်မယ့် လူစားမျိုး မဟုတ်လောက်ဘူး ဆိုပြီးတော့ ယုံကြည် ခဲ့ပါတယ်”ဟု ၎င်းက မီဒီယာများအား ဖြေကြားခဲ့သည်။
မိမိအနေဖြင့်လည်း စစ်ဆေးမှုအတွက် သက်သေများကို သေချာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိ သက်သေထွက်ဆိုမှုများနှင့်ပတ်သက်၍လည်း ယခုလို ပြောကြားခဲ့သည်။”သက်သေ အနေနဲ့က ကိုယ့်မှာရှိတဲ့ အသံဖိုင်၊ စာပို့ထားတာတွေကို တင်ပြထားတယ်။ နောက် သူတို့ မိဘတွေ သဘောတူလို့ သူတို့အိမ်မှာ သွားနေတယ်။ ဘယ်အချိန်ထဲကနေတယ်။
ဘယ်လို နှင်ချခဲ့တယ်ဆိုတာပေါ့။ အရင် မူးယစ်အမှုနဲ့ ထောင်မကျခင်ကတည်းက ဖြစ်တာ။ ကိုယ်က ထုတ်မပြောခဲ့ဘူး။ သူ့ဘက်ကိုယ့်ဘက်လည်း ပြန်ကြည့်ခဲ့တာ။ သူက မင်းသားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ဂုဏ်သိက္ခာကို ထည့်ထွက်ပေးခဲ့တယ်။ သူဒီလိုမျိုး လုပ်လား မလုပ်ဘူးလား ဆိုတာ သူနဲ့ တွဲဖူးတဲ့ ကောင်မလေးတွေလည်း သိပါလိမ့်မယ်။
ညီမအနေနဲ့ သူနဲ့ ကိုယ်ဝန်ရခဲ့ပါတယ်။ ပြီးတော့ ဖျက်ချတာမဟုတ်ပါဘူး။ စမ်းသပ်ကြည့်တဲ့အချိန်မှာကတည်းက ကလေးက နှလုံးမခုန်ဘဲ။ ပျက်ကျသွားတာပါ။ ညီမအနေနဲ့ က ဒီအမှု စဖြစ်ကတည်းက ဆုံးရှုံးနစ်နာမူတွေက အများကြီးပါ။တချို့သူတွေက မယုံကြဘူး။ ဒါပေမဲ့ ကိုယ်ကြုံတွေ့ရတာ ကိုယ်ပဲ အသိပါ။ အမှန်တိုင်းဖြစ်စေချင်တာက ထောင်ဒဏ် ၃ နှစ်ကျစေချင်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။သရုပ်ဆောင်မိုးအောင်ရင်အား တရားစွဲဆိုထားသည့် ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ ရုံးချိန်း ကို ယနေ့ စတင်စစ်ဆေးခဲ့ပြီး ကျန်ရုံးချိန်းကို၂ လပိုင်း ၁၄ ရက် နှင့် ၂၈ ရက်နေ့များတွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။Source Cele News

Design a site like this with WordPress.com
Get started