ကိုရိုနာကူးစက်ဗိုင်းရပ်စ်ကြောင့်စက်ရုံတွေပိတ် မြန်မာအလုပ်သမားများအလုပ်လက်မဲ့ဖြစ်

တရုတ်နိုင်ငံတွင်းဖြစ်ပွားနေသော ကိုရိုနာ ဗိုင်းရပ်ပိုးဖြစ်ပွားမူအ ခြေအနေ တွေကြောင့်
တရုတ်နိုင်ငံမှ တင်သွင်းနေသည့် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုဖြစ်ကာ
ထိုင်း ကုမ္ပဏီ ပိတ် မြန်မာအလုပ်သမားများအလုပ်လက်မဲ့ဖြစ်

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်းက ထိုင်၀မ် နိုင်ငံ ပိုင် Cica New Materials( Thailand )co.Ltd   သထ္ထုပုံလောင်းစက်ရုံ ဟာ ရုတ်တရက် ပ်ိလိုက်တာကြောင့် စက်ရုံမှာအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ(၁၉၃ ) ဦးအပါအ၀င် ထိုင်းနဲ့ ဖိလစ်ပိုင် နိုင်ငံသား(၅၀၀)
အလုပ်လက်မဲ့ဖြစ်သွားကြောင်း သိရပါတယ်။
စက်ရုံတာ၀န်ရှိသူတွေက မနက်ပိုင်း အလုပ်လာရောက် တဲ့ စက်ရုံလုပ်သားတွေကို စက်ရုံ တာ၀န်ရှိသူတွေက တရုတ်နိုင်ငံ မှာ ဖြစ်ပွားနေတဲ့
ကိုရိုနာ ဗိုင်းရပ်စ် ပိုး ကူးဆက်နေတဲ့ အခြေအနေ ကြောင့် ကုန်ကြမ်း
ပစ္စည်းတွေ တရုတ်က တင်သွင်းနေမှုကို ရပ်ဆိုင်းလျော့ချခဲ့လို့
စက်ရုံဆက်လက် လည်ပါတ်နိုင်ဘို့ အခက်အခဲ ဖြစ်နေပြီဖြစ်လို့
စက်ရုံပိတ်ခဲ့တာဖြစ်တယ်လို့ အလုပ်သမားတွေကို အသိပေးခဲ့ပါတယ်။
မြန်မာ အလုပ်သမား ၁၉၃ ကို တစ်ဦးကို ဘတ်ငွေ ၂၅၀၀ နစ်နာကြေးအဖြစ် ရှင်းပေးခဲ့တယ်လို့
လည်း အလုပ်သမာ အရာရှိ Mr. Pairote Panthakarn ပရယို့ ပန်ထကမ် က ထုတ်ဖေါ်ပြောဆိုသွားပါတယ်။
Source:Nan Kyar Yon Facebook

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started