ဖြစ်ခါစကခြောက်ခြားခဲ့တယ်၊တုန်လှုပ်ခဲ့တယ်ဆိုတဲ့အေးမြတ်သူရဲ့ရင်ဘတ်နဲ့ရေးတဲ့စာ

ရင်ဘက်နဲ့ရေးတဲ့စာ

အခြေနေတွေကတော့ အားလုံးသိပြီးကြမှာပါ။ အစကနေ မပြောတော့ပါဘူး။ အခု ခံစားချက်ကိုပြောရရင် ဟိုကိုပြန်မသွားချင်တော့ဘူး။ တက္ကသိုလ်တွေတက်တုန်းက ကျောင်းပိတ်လို့ အိမ်ပြန်ရင် ကျောင်းမပြန်သွားချင်တာမျိုးပေါ့။
အစက ဖြစ်ခါစက ချောက်ချားခဲ့တယ်။ တုန်လှုပ်ခဲ့တယ်။ သေမှာကြောက်လို့မဟုတ်ဘူး။ အဲ သေမှာကြောက်လို့ဆိုဦးတော့…….မီဒီယာထက်က စကားလုံးတွေ၊ပို့စ်တွေ(မမှန်ပေမယ့်)က အဖော်မဲ့စေခဲ့တယ်။ နာကျင်စေခဲ့တယ်။ တကယ်တော့ ကိုယ်က ဖေးမမှုကိုမျှော်လင့်ခဲ့တာ။ စာနာမှုကို တောင့်တခဲ့တာ။
***အံကိုကြိတ် ဖြစ်သမျှအကြောင်းအကောင်းလို့တွေး၊ အားလုံးဟာကောင်းဖို့ဖြစ်လာတာလို့ခံယူ အားပြန်ထူခဲ့တယ်။
***နောက်တော့ နောက်ဆုံးတော့ ပြည်သူတွေ၊တာဝန်ရှိလူကြီးတွေက ကိုယ်တွေကို ဆုတောင်းပေးကြတယ်၊ မေတ္တာပို့ပေးကြတယ်၊ ပြန်ခေါ်ဖို့ကြိုးစားကြတယ်။
***ပြန်ခေါ်မယ်၊ ပြန်ခေါ်ဖို့စီစဉ်နေတယ်။ အဲသတင်းကြားရုံနဲ့ အားတွေတက်၊ သတ္တိတွေပြန်ရှိ။  ဘယ်လောက်ထိ ကျမတို့တွေ သတ္တိတွေရှိခဲ့ကြလည်း၊ ခွန်းအားတွေရှိခဲ့ကြလည်း……။
***နိုင်ငံတကာ အလယ်မှာ မြန်မာဆိုတာ ပြလိုက်တာပဲ။ အတူတူရွှေ့ရင် ရွေ့တယ်ဆိုတာပြလိုက်တာပဲ။ ပြည်သူတွေရဲ့ ‌ကြိုဆိုမှု၊အစိုးရရဲ့ နိုင်ငံသား‌‌တွေအပေါ် တာဝန်ကျေမှုတွေနဲ့ပေါင်းပြီး စုပေါင်းပြီးတွန်းလိုက်တာ ရွေ့သွားတယ်။ အများကြီးရွေ့သွားတယ်။  ကမ္ဘာနဲ့ချီပြီး ရွေ့သွားတာ။
***ပြန်လာရမယ့်နေ့မှာ အဆောင်ကထွက်တော့ ဝိုင်းကြည့်ကြတယ်။ Congratulationsလုပ်ကြတယ်။ ကျေးဇူးလို့ ပြန်ပြောရတာ ဒီတစ်ခါ အရသာအရှိဆုံးပဲ။
ပြန်ရသူတွေအတွက် စိတ်မကောင်းပေမယ့် သူတို့တွေရှေ့မှာ ခေါင်းကိုမော့၊ ရင်ကိုကော့ပြီးအထုပ်ဆွဲပြီးထွက်လာလိုက်တယ်။ (အရပ်တောင်၆ပေလောက်ထိရှည်သွားတယ်)ငါးထပ်ကနေ အောက်ကို ဘယ်လိုရောက်သွားမှန်းမသိလိုက်ဘူး။
**ဝူဟန်လေဆိပ်မှာ စစ်စရာရှိတာစစ်ပြီး ထွက်လာတော့ တရုတ်စံတော်ချိန် မနက် ၁နာရီခွဲခါနီးပေါ့။  လေယာဉ်ထဲဝင်ဖို့(တက်ဖို့) သွားတော့ လေယာဉ်မှူးကြီးတွေက လေယာဉ်ခေါင်းခန်းထဲကနေ လက်ရမ်းပြကြတယ်။ သူတို့လည်း ကိုယ်မြန်မာပြည်သူပြည်သား မောင်နမတွေကို လာခေါ်ရတာ ပျော်နေကြတာနေမှာ။ ကိုယ်တွေလည်း လက်ပြန်ရမ်းပြရတာ ကိုယ့်မိဘက လာကြိုလို့ ပျော်ရသလိုမျိုးပဲ။ ပျော်တယ်ဆိုတာလေ။ အပျော်ဆုံးပဲ။ အပေါ့ပါးဆုံးခြေလှမ်းတွေနဲ့ လေယာဉ်ပေါ်တက်ရတာ အရသာရှိလိုက်တာ။
***လေယာဉ်‌ကိုလည်းsafeဖြစ်အောင် သတ်မှတ်နေရာမှာ ထိုင်ရပြီး ကျန်ထိုင်ခုံများကို ခုံတွေဖြုတ်ထားပြီး ပလက်စတစ်အုပ်ပြီး ကြိုးချည်ထားတယ်။
***အိမ်သာကိုလည်း သတ်မှတ်အိမ်သာမှာသာ သုံးဖို့ လမ်းညွှန်ထားတယ်။ volunteerတွေလည်း ဝတ်စုံအပြည့်နဲ့။
***မနက် လေးနာရီ ငါးမိနစ်မှာ မန္တလေးလေဆိပ်ကို ဆိုက်တယ်။ ကန်တော်နဒီဆေးရုံသွားဖို့ သက်ဆိုင်ရာ ကားတွေပေါ်တက်ပြီးထွက်လာတော့ ငါးနာရီထိုးခါနီးပြီ။ ဆေးရုံကို ၆နာရီကျော်မှာရောက်ပြီး ဆေးရုံအဆောင်ထဲမဝင်ခင် အပူချိန်စစ်တယ်။
***အခန်းထဲရောက်တော့ တွေ့ပြီ။ ‌စေတနာတွေ။ အစိုးရရဲ့ နိုင်ငံသား‌တွေပေါ်ထားတဲ့စေတနာတွေ။ ပြည်သူတွေရဲ့ကမ်းတဲ့လက်တွေ။ အို ထိတယ်။ အရှိုက်ကို ထိတယ်။ မျက်ရည်တောင်ဝဲရပါတယ် မြန်မာပြည်ကြီးရယ်။
ဘာတွေတွေ့လဲ သိလား။ ကုတင်ပေါ်မှာ အသင့်ခင်းထားတဲ့ အိပ်ယာ၊ ‌စောင်အထူ၊ တဘက်၂ထည်၊ စားစရာအစုံ။ ပန်းကန်ဇွန်း၊ဓာတ်ဘူး၊ရေသန့်။ပေါ်ကာရီစွက်အချိုရည် အစုံအစုံ……ပါပဲ။ လိုအပ်တာတွေကို မိုက်နဲ့ လမ်းညွှန်ပြီး မနက်စာကို နန်းကြီးသုပ်ကျွေးပါတယ်။
***အိုး အပျော်ဆုံးပဲ။ နန်ကြီးသုပ်စားရလို့။
***ရေးရရင် ကုန်နိုင်ဖွယ်မရှိပါ။ လာရောက်ခေါ်ယူပေးပါ‌သော နိုင်ငံတော်ပိုင်Myanmar National Airlinesနှင့်volunteer များ၊ အစစအရာရာပံ့ပိုးပေးကြပါသော နိုင်ငံသူနိုင်ငံသားများ၊ စီစဉ်ဆောင်ရွက်ပေးပါသော အကြီးအကဲများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
ပြန်ရောက်ရောက်ချင်း မိသားစုနဲ့ဆက်သွယ်လို့ရအောင် ကူညီပေးသော MPTကိုလည်းကျေးဇူးတင်ပါတယ်။ စကားမစပ် mpt ဖုန်းနံပါတ်လေး‌‌တွေကလည်းလှတယ်။ အပူး‌လေးတွေ။ (အခုတောင် mpt wifi freeနဲ့ ပို့စ်တင်နေတာ)殺殺殺
***ရေးရရင် ကုန်နိုင်ဖွယ်မရှိပါ။ လာရောက်ခေါ်ယူပေးပါ‌သော နိုင်ငံတော်ပိုင်Myanmar National Airlinesနှင့်volunteer များ၊ အစစအရာရာပံ့ပိုးပေးကြပါသော နိုင်ငံသူနိုင်ငံသားများ၊ စီစဉ်ဆောင်ရွက်ပေးပါသော အကြီးအကဲများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
***FBမှဖြစ်စေ messengerမှဖြစ်စေ, phone ဖြစ်‌စေဆုတောင်းပေး၊ ကူညီပေးကြသူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
***
***အခုတော့ မြန်မာပြည်ကြီးက ကျွေးသော မေတ္တာစာတွေ စားပြီး Quarantine ၁၄ရက်ကို ပျော်ရွှင်ကျန်းမာစွာ နေနေပါတယ်။

*** ချစ်ရပါတယ် မြန်မာပြည်ကြီးရယ်။
I am really proud of being Myanmar.欄欄欄Source: Facebook

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started