ဆေးရုံအသစ်မှာ ကိုရိုနာဗိုင်းရပ်စ််လူနာများစတင်လက်ခံ‌ပါပြီ

ဝူဟန့်တွင် ၁၀ ရက်အတွင်း အပြီးတည်ဆောက်ခဲ့သော ဆေးရုံသစ်ဝယ် ကိုရိုနာဗိုင်းရပ်စ်သင့် လူနာများကို စတင်လက်ခံ
ဝူဟန့်မြို့တွင် ၁၀ ရက်အတွင်း အပြီးတည်ဆောက်ခဲ့သော ဟောဆန်ဆန်း ဆေးရုံဝယ် ကိုရိုနာဗိုင်းရပ်စ်သင့် လူနာများကို စတင်လက်ခံ၍ ပြုစုစောင့်ရှောက်မှုများပြုလုပ်ပေးနေပြီဖြစ်သည်။
ဝူချန်ဆေးရုံ နှင့် ဟန်ကောဆေးရုံတို့အပါအဝင် ဆေးရုံ ၃ခုမှ လူနာ ၅၀ ကို သူနာတင်ယာဉ် ၁၀ စီးဖြင့် သယ်ဆောင်၍ ပထမဆုံးအသုတ်အဖြစ် ယနေ့(ဖေဖေါ်ဝါရီ ၄) နံနက်ပိုင်းက စတင်ပြောင်းရွှေ့လက်ခံခဲ့သည်။
ဟောဆန်ဆန်းဆေးရုံကို ဝူဟန့်မြို့ရှိ စတုရန်းမီတာ ၃၄၀၀၀ အကျယ်ရှိနေရာတွင် ၁၀ ရက်အတွင်း အပြီးတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်သင့် လူနာ ၁၀၀၀ တပြိုင်နက်တည်း တက်ရောက်နိုင်မည့် ကုတင် ၁၀၀၀ ဆေးရုံဖြစ်သည်။
ယင်းဆေးရုံတွင် တာဝန်ထမ်းဆောင်ကြမည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက်ပိုင်းကတည်းက ရောက်ရှိခဲ့ကြသည်။
ဝုုဟန်မြို့တွင် ဟောဆန်ဆန်းဆေးရုံအပြင် အခြားဆေးရုံတစ်ခုကိုလည်း ၁၀ ရက်အတွင်း အပြီးတည်ဆောက်ထားပြီး နက်ဖြန် ဖေဖေါ်ဝါရီ ၅ ရက်တွင် လူနာများ စတင်လက်ခံမည်ဖြစ်သည်။ ယင်းဆေးရုံ၏ အမည်မှာ လေးဆန်းဆန် ဆေးရုံဖြစ်ပြီး ကုတင် ၁၅၀၀ ဆန့် ဆေးရုံဖြစ်သည်။
Source: CGTN
Ref: Huoshenshan Hospital starts operation
Credit: Popular Journal

“ဂွေးသီး” ကြောင့် ရရှိလာမည့် ကျမ်းမာရေးအကျိုးကျေးဇူးရလာဘ်များ

ဂွေးသီး ကျမ်းမာရေးအကျိုးကျေးဇူးများ

ဂွေးသီးထောင်းတို့ ဂွေးသီးငပိချက်တို့ကို ဟင်းလျာထဲမှာ ထည့်စားရင် ထမင်းစားမြိန် တယ် ချဉ်စပ်စပ်လေး လုပ်စားရင် အရသာရှိ လူကြိုက်များတဲ့အသီးဖြစ်ပါတယ်။ အမှည့်ဆိုရင် မီးကင် မီးဖုတ်ပြီး ငရုပ်သီးနဲ့ထောင်းစားကြပါတယ်။
နှလုံးရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

ကယ်လ်ဆီယမ် ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အသီးဖြစ်ပါတယ် အရည်ရွှမ်းပြီး အမျှင် ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်ပါတယ်။ သွေးလည်ပတ်မူကို ကောင်မွန်စေပြီး နလုံး ရောဂါဖြစ်ပွားမူကို ကာကွယ်ပေးပါတယ်။
ဂွေးသီး ၁၀၀ ဂရမ်မှာ ကယ်လ်စီယမ် ၃၂ မီလီဂရမ်ပါဝင်တယ် တစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၃ ရာခိုင်နုန်းကို ရရှိစေပါတယ်။
ကယ်လ်ဆီယမ်က အရိုးများကို ကျန်းမာသန်စွမ်းစေတဲ့ သတ္ထု ဓာတ်ပါ. ပုံမှ ကြွက်သားလုပ်ငန်းတွေနဲ့ နာ့ဗ့် သယ်ယူပို့ဆောင်ရေးအတွက် ကယ်လ်ဆီယမ် အလုံအလောက် မှီဝဲဖို့ လိုအပ်ပါတယ်။
မျက်လုံး၊အရိုးနှင့်သွားကျမ်းမာခြင်း

ဗီတာမင် အေ ပါဝင်တဲ့အသီးဖြစ်ပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်။ကယ်လ်စီယမ်နဲ့ ဖော့စဖော့ရပ်စ် ပါဝင်လို့ အရိုးကိုကျန်းမာစေပြီး သွားများကို ခိုင်မာစေပါတယ်။
ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်း

ဗီတာမင် စီ ပါဝင်လို့ ဘက်တီးရီးယားတွေ ဝင်ရောက်ခြင်းက ကာကွယ်ပေးပါတယ် အဟာရ ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်ပြီး ကိုယ်ခံအားစနစ်ကောင်းမွန်စေပါ
တယ်။
Antioxidantsပါဝင်ခြင်း

ဗီတာမင် အေ ကြွယ်ဝစွာ ပါဝင်သလို Antioxidants တွေ ကြွယ်ဝစွာပါဝင်သည်။ ဗီတာမင် စီ ပါဝင်ပြီး ရောဂါအမျိုးမျိုး ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါသည်။
အနာသက်သာစေခြင်းနှင့်ကိုလက်ထရော

ထိ ခိုက် ရှနာ ခြင်းတွေအတွက် အထူးသက်သာစေတဲ့အသီး ဖြစ်ပါတယ်။ဂွေးသီးမှာ ကိုယ်လက်ထရော ပါဝင်မူနည်းပြီး သွေးတွင်း ကိုယ်လက်ထရော ပမာဏ ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။
အိုမင်းရင့်ရော်မှုမှကာကွယ်ပေးခြင်း

ဗီတာမင် စီ ကြွယ်ဝသလို ပရိုတင်း ဓာတ်တွေလည်းပါဝင်လို့ အိုမင်းရင့်ရော်မူကို ကာ ကွယ်ပြီး အရွယ်တင် နုပျိုစေပါတယ်။ ဂွေးသီး တစ်ခွက်စာမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် စီ တစ်ဝက်နီးပါး ပါဝင်ပါတယ်။
ဗီတာမင် စီက ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး ခန္ဓာကိုယ် လုပ်ငန်းဆောင်တာတွေ အတွက် လိုအပ်ပါတယ် – ကော်လာဂျင် တည်ဆောက်မူအတွက် လိုအပ်သလို အနာ ကျက်စေပါတယ်။
ဗီတာမင်စီက အရေးကြီးတဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး ဆဲလ်တွေကို ဖရီး ရယ်ဒီကယ်ကြောင့် ပျက်ဆီးမူ မဖြစ်အောင် ကာကွယ်ပေးကာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။
ဗီတာမင်စီက ကိုယ်ခံစွမ်းအားစနစ် ကျန်းမာရေးအတွက် အရေးပါသလို ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်အောင်လည်း ကူညီပါတယ်။
အမျှင်ဓာတ်များစွာပါဝင်ခြင်း

အမျှင် ဓာတ်များစွာပါဝင်လို့အစာချေစနစ်ကို ကောင်းမွန်စေ- အူမကြီးလုပ်ငန်းဆောင် တာများကိုကောင်းမွန်စေပါတယ်။ဆီးချို သွေးချို နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချ စေ။
ဂွေးသီး ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၅ . ၇ ဂရမ်ပါဝင်တာကြောင့် တစ်နေ့တာ လိုအပ် တဲ့ ၂၃ ရာခိုင်နုန်းကို ရရှိစေပါတယ်။ ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းမှန် စေပါတယ်။အမျှင် ဓာတ်က အစာကြေညက်ခဲတာကြောင့် ဆာလောင်မူကို ထိန်းချုပ်ထားနိုင်တယ်။
သွေးအားနည်းရောဂါကာကွယ်ခြင်း

ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် သယ်ယူပို့ဆောင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ သံ ဓာတ်ပါဝင်လို့ သွေးအားနည်းရောဂါ ဖြစ်ပွားမူကို ကာကွယ်ပေးပါတယ်။
သရက်သီးနဲ့ယှဉ်ရင် ဂွေးသီး က ကယ်လိုရီ ပါဝင်မူ ပိုလျော့နည်းကာ အမျှင် ဓာတ်ပါဝင် မူ ပိုများပါတယ်။
ကယ်လိုရီ ပါဝင်မူ သရက်သီး ၁၀၀ ဂရမ်မှာ ၆၄ ကယ်လိုရီ – ဂွေးသီး ၁၀၀ ဂရမ်မှာ ၂၉ ကယ်လိုရီ သရက်သီးထက် ၂ ဆနီးပါး ကယ်လိုရီလျော့နည်းပါတယ်။Source Facebook

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သံသယရှိတဲ့ account ၂၄၀ကျော်ကို Uber ပယ်ဖျက်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုတွေကို ကမ္ဘာတစ်ဝန်း ခံစားနေရပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ယာဉ်မောင်းတွေက ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေနဲ့ ထိတွေ့မှုရှိနိုင်တာကြောင့် Uber က အခြေအနေတစ်ခု ဖန်တီးပေးလိုက်ပါတယ်။ Uber အနေနဲ့ မက္ကဆီကိုမြို့တော်အတွင်း ယာဉ်မောင်းတွေနဲ့ ခရီးသွားလာခဲ့တဲ့ account ၂၄၀ ကို ပိတ်ပင်လိုက်ပါတယ်။
Uber အနေနဲ့ twitter မှာထုတ်ပြန်ချက်ကြေညာခဲ့ကာ ဖြစ်ရပ်နဲ့ပတ်သက်ပြီး သုံးစွဲသူတွေကို အသိပေးခဲ့ပါတယ်။ မက္ကဆီကိုမြို့တော်ရဲ့ ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သံသယရှိတဲ့ ယာဉ်မောင်းတစ်ဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို Uber ကလက်ခံရရှိခဲ့ပါတယ်။ Uber အနေနဲ့ ရောဂါရှိသူနဲ့ ဆက်သွယ်ခဲ့တဲ့ ယာဉ်မောင်း ၂ ဦးရဲ့ သတင်းအချက်အလက်ကို ကျန်းမာရေးဌာနကို ပေးပို့ခဲ့ပါတယ်။
ဒါ့အပြင် Uber ကယာဉ်မောင်း ၂ ဦးနဲ့ ခရီးသွားလာခဲ့တဲ့ သုံးစွဲသူ account ၂၄၀ ကို ယာယီပိတ်ပင်ခဲ့ပါတယ်။ သုံးစွဲသူတွေက သတင်းအချက်အလက်တွေကို မက္ကဆီကိုရဲ့ ကူးစက်ရောဂါ သတင်းအချက်အလက်နဲ့ ကျန်းမာရေးယူနစ် (UIES) ဆီဆက်သွယ်ပေးပို့တာ ဒါမှမဟုတ် ရောဂါလက္ခဏာတွေကို တင်ပြတာတွေ ပြုလုပ်နိုင်ပါတယ်။
စိုးထက်
Ref: GizmodoSource Internet Journal

လှိုင်သာယာမြို့နယ် နဝဒေးအိမ်ယာအတွင်းမှဝူဟန် Virus သံသယရှိ တရုတ်အမျိုးသား ၁ ဦး

လှိုင်သာယာမြို့နယ်  နဝဒေးအိမ်ယာအတွင်းမှ
ဝူဟန် Virus သံသယရှိ တရုတ်အမျိုးသား ၁ ဦးတွေ့ရှိ

လှိုင်သာယာမြို့နယ်  နဝဒေးအိမ်ယာအတွင်းမှ
ဝူဟန် Virus သံသယရှိ တရုတ်အမျိုးသား ၁ ဦး
အား လှိုင်သာယာဆေးရုံသို့ ခေါ်ဆောင်သွား
ခဲ့ကြောင်း ကနဦး သတင်းရရှိပါသည်။

သတင်းထိန်လင်း

သတင်း-ထိန်လင်း
Myanmar_Online_News
@Lso Maung Maung
Photo-Tin Ko Ko Naing

ကျဆုံးလေပြီးသောစွန့်ဦးတီထွင်တို့၏အမှားများ

ကျဆုံးလေပြီးသောစွန့်ဦးတီထွင်တို့၏အမှားများ


ဦးနာအောက်
ကျောင်းစာ သင်ဘူးသူတိုင်း သိတယ်။ သင်္ဘောပြေးဆွဲရေးမှာ အင်္ဂလိပ်ကုမ္ပဏီတွေနဲ့ ပြိုင်တယ်။ သင်္ဘောစီးခကို အပြိုင်အဆိုင်လျှော့တယ်။ အလကားတင်ပေးတယ်။ လက်ဆောင်ပါ ပေးတယ်။ ဦးနာအောက်ရဲ့ အမျိုးသားစိတ်ဓာတ်ကို လေးစားပေမယ့် ခရီးသည်တွေကို အမျိုးသားရေးချမပြနိုင်ဘူး။ခရီးသည်က သာရာ ကပ်တယ်။
နောက်တော့ အင်အားတောင့်တင်းတဲ့ ကုမ္ပဏီတွေကို မယှဉ်နိုင်တော့ပဲ ပြိုင်ဘက်ဆီ လုပ်ငန်းလွှဲရောင်းလိုက်ရတယ်။
  • ဘာတွေရလိုက်လည်း
  • စျေးကွက်မှာအပြိုင်အဆိုင်လျှော့ရောင်းခြင်း သည် ရေရှည် မအောင်မြင်နိုင်။
  • အင်အားကြီးပြိုင်ဘက်ကို ထိပ်တိုက် မပြိုင်ပါနဲ့။
    • ⛔DONT BREAK THE WALL WITH YOUR HEAD.⛔
မိုက်ကယ်ဂျက်ဆင်
ကမ္ဘာကျော် အဆိုတော် ၊ ခရီးသွားရင် လေယာဉ်သုံးစီး ၊ BODYGUARD တွေနဲ့ ပွဲတစ်ပွဲ ဆိုပြီးရင် ဒေါ်လာသန်းချီရတယ်။ ဘာကိုမှ မူစရာ မလို။ စိတ်ကြိုက် သုံးနိုင်တယ်။ ကမ္ဘာပတ်နိုင်ခဲ့တယ်။နောက်တော့ ကုမ္ပဏီစာရင်းတွေ ဘဏ်စာရင်းတွေ ရှုပ်လာပြီး ဒေဝါလီ ခံလိုက်ရတယ်။ သုံးမကုန်တဲ့ ငွေတွေ ဘယ်ရောက်သွားသလဲ။
  • ဘာတွေရလိုက်လည်း
  • စာရင်းဇယား မနိုင်သူ ၊ စာရင်းဇယားမရှိသူဟာ ဘယ်လောက်အောင်မြင်သော်လည်း ကျရှုံးရတတ်တယ်။
  • အသေးအဖွဲစာရင်းက အစ ဂရုစိုက်ပါ။
    • ⛔MAKE A FULL BY DROP BY DROP.
ဒေဝူး
မြန်မာတွေ တော်တော် သိလိုက်တယ်။ ဒေဝူးကိုရီးယားကုမ္ပဏီ ၊ အောက်ခြေက စကြိုးစားလိုက်တာ ချေးဘိုလ်းလို့ ခေါ်တဲ့ လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်လာပြီး စျေးကွက်ကို ရနိုင်သမျှ ချဲ့တယ်။ သင်္ဘောထုတ်လုပ်ရေးကနေ လျှပ်စစ်ပစ္စည်း၊ စပို့ရှပ်အထိ အကုန်ထုတ်တယ်။နောက်တော့ ပြိုလဲသွားတယ်။လုပ်ငန်းကို အဆမတန်တိုးချဲ့ ကြိုးစားသော်လည်း မိုးပျံပူပေါင်းလေမှုတ်သလို ကြီးလာပေမယ့် တစ်နေရာ ပေါက်တာနဲ့ ကျရှုံးတာပဲ။
  • ဘာတွေရလိုက်လည်း
  • လုပ်ငန်းကို မနိုင်ပဲ အလောတကြီး မတိုးချဲ့ပါနဲ့။
  • စားနိုင်သလောက်သာမျိုပါ။
    • ⛔BIGGER IS DANGER

Credit: Moe Moe San

လန်ဒန်မြို့တောင်ပိုင်းမှာ လူတွေကို ဓားနဲ့ လိုက်ထိုးခဲ့သူဟာ အကြမ်းဖက်မှုနဲ့ မကြာသေးခင်က ထောင်ကပြန်လွတ်လာသူဖြစ်

လန်ဒန်မြို့ တောင်ပိုင်းမှာ တနင်္ဂနွေနေ့ နေ့လယ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကို တိုက်ခိုက်ခဲ့သူဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက အကျဉ်းထောင်ကနေ ပြန်လွတ်လာသူ ဖြစ်တယ်လို့ ဒီအမှုကို စုံစမ်းစစ်ဆေးနေတဲ့ ရဲတွေက အတည်ပြု ပြောကြားလိုက်ပါတယ်။

အသက် ၂၀ အရွယ် ဆူဒက်ရှ် အမ်မဲန် ဆိုသူ အဲဒီလူဟာ တနင်္ဂနွေနေ့ နေ့လယ်က စထရက်သမ် ရပ်ကွက်မှာ လူနှစ်ဦးကို ဓားနဲ့ လိုက်ထိုးခဲ့အပြီး သူ့ကို ရဲတွေက ပစ်သတ် ဖမ်းဆီးခဲ့ပါတယ်။

သူဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ စွဲချက်တွေနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းက ထောင်ဒဏ် ချမှတ် ခံခဲ့ရသူ ဖြစ်ပါတယ်။

ထောင်ဒဏ် ၃ နှစ် ၄ လရဲ့ ထောင်ရက် တစ်ဝက်ကို ကျခံခဲ့အပြီး ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ ထောင်ကနေ လွတ်လာတာပါ။

အခင်းဖြစ်ချိန်မှာ သူ့ကို ရဲက စောင့်ကြည့်နေတာ ဖြစ်ပြီး ဒီဖြစ်ရပ်ဟာ အစ္စလာမစ်ဝါဒနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်မှု ဖြစ်တယ်လို့ ရဲက ယူဆနေပါတယ်။

အဲဒီလူဟာ ဖောက်ခွဲပစ္စည်း ဝတ်စုံအတုကို ဝတ်ထားတယ်လို့ ရဲက ပြောပါတယ်။

ဓားထိုးတိုက်ခိုက်မှုအတွင်း လူ ၃ ဦး ဒဏ်ရာ ရခဲ့ပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဆူဒက်ရှ် အမ်မန်ဟာ စထရက်သမ် ရပ်ကွက် စျေးလမ်းမကြီးက ဆိုင်တစ်ဆိုင်ထဲ ဝင်လာပြီး လူတွေကို ဓားနဲ့ လိုက်ထိုးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲဒီနောက် ဆိုင်ကနေ ထွက်သွားပြီး နောက်ထပ် အမျိုးသမီးတဦးကို ဓားနဲ့ ထိုးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အဲဒီနောက် သေနတ်သံ ၃ ချက် ကြားခဲ့ရပြီး ဆေးဆိုင်တစ်ဆိုင်ရဲ့ အပြင်ဘက်မှာ လူတစ်ဦး မြေကြီးမှာ လဲနေတာကို တွေ့ရကြောင်းနဲ့ လက်နက်ကိုင် ရဲတွေ ချဉ်းကပ်လာပြီး အနီးမှာ ရှိတဲ့ သူတွေကို နောက်ဆုတ်ကြဖို့ အော်ပြောခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။
အခင်းဖြစ်ရာ နေရာကို ချက်ချင်းရောက်လာခဲ့ကြတဲ့ ရဲတွေနဲ့ အရေးပေါ် ဆေးဝန်ထမ်း အဖွဲ့တွေရဲ့ အလျင်အမြန် ရဲရဲဝံ့ဝံ့ တုံ့ပြန် ဆောင်ရွက်ခဲ့ကြမှုကို ဝန်ကြီးချုပ် ဘောရစ်စ် ဂျွန်ဆင်က ချီးကျူးစကား ပြောကြားလိုက်ပါတယ်။
ပြစ်မှုထင်ရှားထားတဲ့ အကြမ်းဖက်သမားတွေကို ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ အခြေခံကျတဲ့ ပြင်ဆင်မှုတွေ လုပ်ရေး နောက်ထပ် အစီအစဉ်တွေကို အစိုးရက ဒီကနေ့ တနင်္လာနေ့မှာ ထုတ်ဖော် ကြေညာဖို့ ရှိတယ်လို့လည်း သူက ဖြည့်စွက်ပြောသွားခဲ့ပါတယ်။
နိုဝင်ဘာလတုန်းက လန်ဒန် တံတားပေါ်မှာ လူနှစ်ဦးကို ဓားနဲ့ အသေ ထိုးသတ်ခဲ့တဲ့ သူဟာလည်း အကြမ်းဖက်မှုနဲ့ ပြစ်မှုထင်ရှားခဲ့သူ ဖြစ်ပြီး ရဲတွေက ပစ်သတ် ဖမ်းဆီးခဲ့ပါတယ်။Source BBC

မြဝတီတွင်ဗုံးနှစ်လုံးပေါက်ကွဲ

မြဝတီမှာဗုံး၂လုံးကွဲ

ဖေဖော်ဝါရီ ၃ရက် နံနက် ၇း၃၀ နာရီခန့်က မြဝတီမြို့
အမှတ်(၄)ရပ်ကွက် မင်းပဒုမ္မာဝင်း အာရှလမ်းနံဘေး နေအိမ်ရှေ့ခန်းမှာ မိုင်းနှစ်လုံးပေါက်ကွဲ
အမျိုးသား၂ ဦးဒဏ်ရာရခဲ့သည်ဟုသိရသည်။Source နေနော်(မြဝတီ)

ဘန်လေ ဝ-၀ အာဆင်နယ်

ဘန်လေ ဝ-၀ အာဆင်နယ်

အာဆင်နယ်အတွက် နောက်ထပ် သရေပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဘန်လေကို သရေကျခဲ့တာပါ။ အထူးသဖြင့် ဘန်လေရဲ့ ကစားပုံနဲ့ ခပ်မာမာ ကစားတတ်တဲ့ အနေအထားကြောင့် အာဆင်နယ် ရုန်းကန်ခဲ့ရတာပါ။ နှစ်သင်းစလုံး အခွင့်အရေး သိပ်မရခဲ့ပေမယ့် ဘန်လေဖက်က ဂိုးသွင်းခွင့် တိုင်ထိထွက်ခဲ့လို့ အာဆင်နယ် ကံကောင်းခဲ့တာပါ။ အာဆင်နယ်ဖက်က တိုက်စစ်မှူးတွေ ရတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘဲ ဘန်လေနဲ့ ပထမဆုံးအကြိမ် သရေဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘန်လေအတွက်တော့ နောက်ဆုံး ပရီးမီးယားလိဂ် ၃ပွဲမှာ လက်စတာ၊ မန်ချက်စတာယူနိုက်တက်တို့ကို နိုင်ပြီး အာဆင်နယ်ကို သရေကျခဲ့လို့ ၇မှတ်အထိ ရခဲ့ပေမယ့် အာဆင်နယ်ကတော့ ဒီနှစ်ရာသီ ၁၃ပွဲမြောက် သရေ ထပ်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။
Source BBC

မူးယစ်ဆေးတစ်မျိုးသုံးစွဲခြင်းဖြင့်ကိုရိုနာဗိုင်းရပ်စ်ပျောက်ဟု အမေရိကန်ပြော

ကိုရိုနာဗိုင်းရပ်စ် ကုသမှုအတွက်အမေရိကန်မှ ဆေးဝါးစတင်remdesivir မူးယစ်ဆေးဝါးမျိုးဖြင့်ကုသရန်သဘောတူ

သောကြာနေ့က Gilead Sciences Inc. မှပြောကြားသည်မှာ coronavirus ဗိုင်းရပ်စ်ကူးစက်ခံထားရသောလူအများစု၏အရေးပေါ်ကုသမှုအတွက်ဆရာဝန်များအားစမ်းသပ်ရန်ဗိုင်းရပ်စ်နှိမ်နင်းဆေးကိုဆေးပေးပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။ 
ကာလီဖိုးနီးယားပြည်နယ်၊ ဖော့စတာစီးတီးတွင်အခြေစိုက်သည့်ဂိလဒ်က၎င်းသည် coronavirus ကူးစက်ခံထားရသောလူများအားမူးယစ်ဆေး remdesivir ကိုလက်တွေ့စမ်းသပ်မှုပြုလုပ်ရန်တရုတ်အာဏာပိုင်များနှင့်သဘောတူညီမှုတစ်ခုပြုလုပ်ခဲ့သည်ဟုပြောကြားခဲ့သည်။
By Joseph Walker

Face Recognition အလွဲသုံးစားလုပ်မှုကြောင့် ဒေါ်လာ သန်း ၅၅၀ ပေးရတော့မယ့် Facebook

Face Recognition အလွဲသုံးစားလုပ်မှုကြောင့် ဒေါ်လာ သန်း ၅၅၀ ပေးရတော့မယ့် Facebook

Facebook ဟာ သုံးစွဲသူတွေရဲ့ Facial Recognition Data ကို အသုံးပြုမှုနဲ့ ပတ်သက်ပြီး အမှုရှုံးသွားခဲ့ပါတယ်။ အဲဒီအတွက် တရားရုံးက Facebook ကို ဒေါ်လာ သန်း ၅၅၀ ပေးဖို့ အမိန့်ချလိုက်ပါတယ်။ Illinois Biometric Information Privacy Act ကို ချိုးဖောက်တဲ့အတွက် Facebook ကို ၂၀၁၅ ခုနှစ်ကတည်းက တရားစွဲထားတာ ဖြစ်ပါတယ်။
အီလီနွိုက်ရဲ့ ဥပဒေမှာ ကုမ္ပဏီတွေဟာ သုံးစွဲသူတွေရဲ့ မျက်နှာဒေတာတွေကို ရယူမယ်ဆိုရင် ပွင့်လင်းမြင်သာစွာ အသိပေးရမယ်လို့ ပြဌာန်းထားပါတယ်။ Facebook ဟာ Tag Suggestions Feature မှာ မျက်နှာ အာရုံခံ နည်းပညာကို အသုံးပြုနေပါတယ်။ အဲဒီ နည်းပညာက ဓါတ်ပုံတွေက လူတွေရဲ့ မျက်နှာတွေကို မှတ်မိပြီး Tag လုပ်ဖို့ အကြံပေးပါတယ်။ အဲဒီလို မျက်နှာ ဒေတာတွေ ရယူနေတာကို ကုမ္ပဏီက သုံးစွဲသူတွေကို အသိပေးထားတာ မရှိခဲ့ပါဘူး။
Facebook ဟာ သုံးစွဲသူ ဒေတာတွေ ပေါက်ကြားမှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ Federal Trade Commission (FTC) ဟာ Facebook ကို ဒေါ်လာ ၅ ဘီလီယမ် ဒဏ်ရိုက်ခဲ့ပါတယ်။ FTC ရဲ့ သမိုင်းမှာ ဒေါ်လာ ၅ ဘီလီယမ်ဟာ အမြင့်မားဆုံး ဒဏ်ငွေ ဖြစ်ပါတယ်။ ဒါပေမယ့် Facebook အတွက်တော့ မပြောပလောက်တဲ့ ပမာဏပါ။
Ref : gsmarenaSource Digital Times
Design a site like this with WordPress.com
Get started