Face Recognition အလွဲသုံးစားလုပ်မှုကြောင့် ဒေါ်လာ သန်း ၅၅၀ ပေးရတော့မယ့် Facebook

Face Recognition အလွဲသုံးစားလုပ်မှုကြောင့် ဒေါ်လာ သန်း ၅၅၀ ပေးရတော့မယ့် Facebook

Facebook ဟာ သုံးစွဲသူတွေရဲ့ Facial Recognition Data ကို အသုံးပြုမှုနဲ့ ပတ်သက်ပြီး အမှုရှုံးသွားခဲ့ပါတယ်။ အဲဒီအတွက် တရားရုံးက Facebook ကို ဒေါ်လာ သန်း ၅၅၀ ပေးဖို့ အမိန့်ချလိုက်ပါတယ်။ Illinois Biometric Information Privacy Act ကို ချိုးဖောက်တဲ့အတွက် Facebook ကို ၂၀၁၅ ခုနှစ်ကတည်းက တရားစွဲထားတာ ဖြစ်ပါတယ်။
အီလီနွိုက်ရဲ့ ဥပဒေမှာ ကုမ္ပဏီတွေဟာ သုံးစွဲသူတွေရဲ့ မျက်နှာဒေတာတွေကို ရယူမယ်ဆိုရင် ပွင့်လင်းမြင်သာစွာ အသိပေးရမယ်လို့ ပြဌာန်းထားပါတယ်။ Facebook ဟာ Tag Suggestions Feature မှာ မျက်နှာ အာရုံခံ နည်းပညာကို အသုံးပြုနေပါတယ်။ အဲဒီ နည်းပညာက ဓါတ်ပုံတွေက လူတွေရဲ့ မျက်နှာတွေကို မှတ်မိပြီး Tag လုပ်ဖို့ အကြံပေးပါတယ်။ အဲဒီလို မျက်နှာ ဒေတာတွေ ရယူနေတာကို ကုမ္ပဏီက သုံးစွဲသူတွေကို အသိပေးထားတာ မရှိခဲ့ပါဘူး။
Facebook ဟာ သုံးစွဲသူ ဒေတာတွေ ပေါက်ကြားမှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ Federal Trade Commission (FTC) ဟာ Facebook ကို ဒေါ်လာ ၅ ဘီလီယမ် ဒဏ်ရိုက်ခဲ့ပါတယ်။ FTC ရဲ့ သမိုင်းမှာ ဒေါ်လာ ၅ ဘီလီယမ်ဟာ အမြင့်မားဆုံး ဒဏ်ငွေ ဖြစ်ပါတယ်။ ဒါပေမယ့် Facebook အတွက်တော့ မပြောပလောက်တဲ့ ပမာဏပါ။
Ref : gsmarenaSource Digital Times

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started