ဝေဘာဂီဆေးရုံရှေ့တွင် တာဝန်ရှိသူများလုံခြုံရေးများချမှတ်

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသည့် သံသယလူနာများအား ထားရှိမည့် ဝေဘာဂီ ဆေးရုံရှေ့
=============================
ရန်ကုန်လေဆိပ်တွင် ယနေ့ (ဇန်နဝါရီ ၃၁ ရက်) နံနက်ပိုင်းက China Southern လေကြောင်းလိုင်းဖြင့် လိုက်ပါလာသော ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် သတ်မှတ်ခံရသော တရုတ်နိုင်ငံသား တစ်ဦး အား ဆေးရုံသို့ တင်ဆောင်သွားသည့် လူနာတင်ကားအား ဝေဘာဂီ ဆေးရုံတွင် ပြန်လည်ဆေးကြောနေသည်ကို တွေ့ရသည်။
ဝေဘာဂီ ဆေးရုံရှိ ဝူဟန် ဗိုင်းရပ်စ် သံသယလူနာ ထားရှိသည့်အဆောင်တွင် လုံခြုံရေးများကိုလည်း တွေ့ရှိရပြီး  ညနေ ၃ နာရီခွဲခန့်တွင် လူနာအားတင်ဆောင်လာသည့် မော်တော်ယာဉ်မှာ ပြန်လည်ထွက်ခွာသွားသည်ကို တွေ့ရကြောင်း ဆေးရုံရှေ့တွင် ရောက်ရှိနေသည့် The Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။
■ သတင်းဓာတ်ပုံ – အောင်မျိုးသန့်၊ စုစုတေဇ Source Eleven Day
Design a site like this with WordPress.com
Get started