ဘာကြောင့်တရုတ်လေကြောင်းလိုင်းတွေမပိတ်သေးတာလည်း

တရုတ်လေကြောင်းလိုင်းတွေ မပိတ်ရသည့်အကြောင်း

“ဘာကြောင့် တရုတ်လေကြောင်းလိုင်းတွေ
မပိတ်နိုင်သေးတာလဲ “
အခုညနေ သမ္မတရုံးရဲ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောဆိုရှင်းလင်းသွားပါတယ်။
ဒီလိုပါ။
နိုင်ငံတစ်နိုင်ငံမှာ လေကြောင်းလိုင်းတွေကို
ပိတ်ချင်တိုင်း ပိတ်လို့မရပါဘူး။
အဓိက ကျတာကတော့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ပါ။ WHO က အခု ရောဂါပိုး ပျံ့နှံ့မှုကို ကမ္ဘာလုံးဆိုင်ရာ
အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
ဒီထက်ပိုပြီး ကြပ်မတ်ရမယ့် အဆင့်ဆိုရင်
WHO ရဲ့ recommendation ကို ICAOက လိုက်နာ
ရပါတယ်။
ICAO ဆိုတာ International Civil Aviation Organization ကိုပြောတာပါ။ နိုင်ငံတကာက လေကြောင်းလိုင်းတွေကို ကြီးကြပ်ရတဲ့ အဖွဲ့အစည်းပါ။ICAO ရဲ့ ကြီးကြပ်မှုကို နိုင်ငံတကာ လေကြောင်းလိုင်းတွေက လိုက်နာရပါတယ်။အစိုးရက လေကြောင်းလိုင်းတွေကို ဖျက်ချင်တိုင်း ဖျက်လို့ မရဘူးဆိုတာ ဒါကြောင့်ပါပဲ။
လေကြောင်းလိုင်းတွေ ပိတ်ဖို့ WHO ရဲ့ recommendation ကို စောင့်နေတာပါ။
အစိုးရမှာ နိုင်ငံတာနဲ့ ချိတ်ဆက်ပြီး လုပ်ရတဲ့ လိုက်နာရတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ရှိနေတယ်ဆိုတာလေး
ရေးပြတာပါ။
@မင်းရသSource Facebook
Design a site like this with WordPress.com
Get started