အမည်မသိအမျိုးသားလောင်းနှင့်အတူမသွားသင့်သောထိုနေရာ

အမည်မသိအမျိုးသားအလောင်းနှင့်
မသွားသင့်သောထိုနေရာ


ယနေ့ (၂၆.၂.၂၀၂၀) မွန်းလွဲပိုင်း ၂ နာရီခန့်က တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်းကျေးရွာတောင်ဘက်၊ စစ်တောင်းမြစ်၊
မြစ်ရေတင်စက်သို့ သွားရာ တာဘောင်လမ်း(ထန်းတပင်မြို့သို့
သွားရာလမ်းမှ အရှေ့ဘက်သို့ထွက်သောလမ်း)ပေါ်မှာ
ခန့်မှန်း အသက် ၄၀ ဝန်းကျင်ခန့်ရှိသည့် အမျိုးသားတစ်ဦး ဓါးဒဏ်ရာများနှင့်သေဆုံးနေခဲ့ပြီး
အဆိုပါ အမည်မသိအမျိုးသားသေဆုံးသည့် အနီးတွင် ဆိုင်ကယ်ဦးထုတ်
တစ်လုံးကိုတွေ့ရှိသော်လည်း ဆိုင်ကယ်ကိုတော့မတွေ့ရဘူးလို့သိရပါတယ်၊
ဒါ့အပြင် ဓါးဒဏ်ရာနဲ့သေဆုံးတဲ့ အမျိုးသားကိုလည်း ယနေ့ည ၇ နာရီခွဲခန့်အထိ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပဲ သူ့ရဲ့အမည်နေရပ်လိပ်စာကိုတော့ စုံစမ်းနေတုန်းပဲလို့ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ရှိသူထံကနေသိရပါတယ်၊ ဒါကြောင့်
သက်ဆိုင်သော မိသားစုဝင်များ အမြန်ဆုံးသိရှိနိုင်ရန်အတွက်
အသတ်ခံရတဲ့ အမည်မသိအမျိုးသားပုံကို ပြန်တင်ပေးလိုက်ပါတယ်
အောက်ပုံပါ အမျိုးသားရဲ့ ထူးခြားတဲ့အမှတ်အသားကတော့ ၎င်းရဲ့ ညာဘက်မျက်လုံးဘေးနားတွင် အသားပိုအမာရွတ်ပါရှိတယ်လို့လည်း
သိရပါတယ်။

အဆိုပါ အမျိုးသား သေဆုံးရတဲ့နေရာဟာ အတွဲများ၊ မူးရူးသောက်စားသူများ အသွားအလာများလေ့ရှိတဲ့နေရာဖြစ်ပြီး
အတွဲတွေရပ်ထားတဲ့ ဆိုင်ကယ်တွေကိုလည်း မောင်းယူခိုးပြေးလေ့
ရှိတဲ့နေရာဖြစ်တယ်လို့သိရပါတယ်၊ ပြီးခဲ့တဲ့အပတ်က မတ်ပဲသတင်း သွားယူရင်း တာဘောင်ပေါ်မှာ ကျနော့်ဆိုကယ်ရပ်ထားပြီး လယ်ထဲ
ဆင်းသွားတော့ တောင်သူတွေက ဆိုင်ကယ်သော့ခတ်ထားရဲ့လား ဘယ်နားမှာထားတာလည်း ပျောက်ဦးမယ်ဆိုပြီး သတိပေးကြပါတယ်၊
ပြီးတော့ အဲ့ဒီ တာဘောင်လမ်းပေါ်မှာ မကြာခဏဆိုသလို ဆိုင်ကယ်
ခိုးခံရတာတွေဖြစ်တယ်လို့ဆိုပါတယ်၊ အဲ့တော့ မှ ကျွန်တော်တို့ တောင်ငူမြို့ပေါ်မှာတင်မကပဲ ကျေးရွာတွေအထိပါ ဆိုင်ကယ်သူခိုးတွေ
ရန်ကို အရမ်းကြောက်နေကြရတယ်ဆိုတာ တအံ့တဩဖြစ်ခဲ့ရပါတယ်၊

အဲ့ဒီကနေသတင်းယူပြီး တာဘောင်အတိုင်း ကျွန်တော်ဆိုင်ကယ်စီးလာ
တော့လည်း တာဘောင်ဘေး သစ်ပင်အောက်မှာ လူငယ် ၅ ယောက်‌
လောက်ရှိတဲ့ အုပ်စုက လူငယ်တစ်ဦးကို ဓါးနဲ့ထောက်ပြီး ပြောဆိုနေကြ
တာတွေ့ရပါတယ်၊ တစ်ဦးတည်းသောလူငယ်ကလည်း မြေပြင်မှာထိုင်ပြီး
လက်အုပ်ချီတောင်းပန်နေတာကို မျက်စိနဲ့တပ်အပ်မြင်ခဲ့ရပါတယ်၊ သူတို့
က ဓါးပါတာရယ် လူအုပ်များတာရယ်ကြောင့် ကျွန်တော်ဝင်မစပ်စုရဲပေ
မယ့် အဝေးကနေတော့ ဆိုင်ကယ်ရပ်ပြီး ချောင်းကြည့်နေခဲ့ပါတယ်၊ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်လည်း တစ်ခုခုလုပ်နိုင်အောင်ဆိုပြီး စောင့်ကြည့်တာပါ၊ အချိန်အတော်ကြာ သူတို့တွေ ပြန်ထွက်လာပြီး ဘာမှမဖြစ်တာကိုတွေ့တော့မှ ကျွန်တော်
လည်း ပြန်လာခဲ့တာပါ…..

ကျွန်တော်အဓိက ပြောချင်တာက ယနေ့ လူသတ်ခံရသော ထိုနေရာ
ဝက်ဖြူကုန်းကျေးရွာ တောင်ဘက် တာဘောင်လမ်းဟာ လူမိုက်၊ သူခိုး၊
ဂျပိုးတွေ အလွယ်တကူလှုပ်ရှားနေသော နေရာဖြစ်တဲ့အတွက် အဲ့ဒီနေရာ
မှာ ချိန်းတွေ့လိုတဲ့အတွဲများ၊ ကိစ္စအထွေအထူးမရှိပဲ သွားနေကြသောသူ
များအနေဖြင့် ထိုနေရာဟာ မလိုအပ်ပဲမသွားသင့်မလာသင့်သော နေရာသာဖြစ်ပါကြောင်း ကျွန်တော်၏ ကိုယ်တွေ့ဖြင့် ရေးသားသတိပေးလိုက်ရခြင်းသာဖြစ်ပါတယ်ခင်ဗျာ…..

ဇော်ဝင်းချစ်(တောင်ငူ)
၂၆.၂.၂၀၂၀

ဓါတ်ပုံ။ အုတ်တွင်းမြို့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း
နာယကဆရာတော် ဦးတေဇသီရိ

Design a site like this with WordPress.com
Get started