Breaking News:Taxi မောင်းသူတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်

ထိုင်းတွင် တက္ကစီယာဉ်မောင်းတစ်ဦး Coronavirus ကူးစက်

ဘန်ကောက်၊ ဇန်နဝါရီ ၃၁


ထိုင်းနိုင်ငံတွင် တက္ကစီယာဉ်မောင်းတစ်ဦး Coronavirus ကူးစက်ကြောင်းနှင့် ထိုသူသည် ထိုင်းနိုင်ငံတွင် ပထမဆုံးသော လူ-လူချင်း ဗိုင်းရပ်ကူးစက်ခံရသူဖြစ်ကြောင်း ထိုင်းနိုင်ငံ ရောဂါဘယထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် တာနာရက်ပိပက်က ယနေ့ပြောကြားသည်။
”ဒီလူဟာ တရုတ်နိုင်ငံကို ခရီးသွားခဲ့ဖူးတဲ့ မှတ်တမ်းမှတ်ရာ လုံး၀မရှိပါဘူး။ သူဟာ တရုတ်နိုင်ငံကလာတဲ့ ဗိုင်းရပ်စ်သင့်နေသူ ခရီးသွားတစ်ယောက်ဆီကနေ လူ-လူချင်း ကူးစက်ခံရတာပဲဖြစ်ပါလိမ့်မယ်”
ထိုင်းနိုင်ငံမှ တာ၀န်ရှိသူတို့သည် အဆိုပါ ယာဉ်မောင်းနှင့် ထိတွေ့ဖူးသူ ၁၃ ဦးကို ဗိုင်းရပ်စ်ကူးစက်မှုရှိ/မရှိ စစ်ဆေးခဲ့သည်။ ယင်းတို့အနက် မိသားစု ၃ုခု၏ မိသားစု၀င်များလည်းပါ၀င်သည်။ သို့သော် ထိုသူတို့တွင် ဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာ မတွေ့ရချေ။
ထိုင်းနိုင်ငံမှာ ယေဘုယျ ကူးစက်မှုအခြေအနေဟာ နည်းပါးပါတယ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို လုံခြုံစိတ်ချရရေးအတွက် သတိပြုကြရမှာဖြစ်ပါတယ်”ဟုလည်း မစ္စတာ ပိပက်ကပြောပါသည်။
Source: Agencies/aj
Ref: Thailand confirms first human-to-human coronavirus transmission, total cases rise to 19
Design a site like this with WordPress.com
Get started