Facebook ရဲ့ Clear History tool ကိုအသုံးပြုနိုင်ပြီ

Facebook ရဲ့ Clear History tool ကို နိုင်ငံအားလုံးမှာ အသုံးပြုနိုင်ပြီလို့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က blog post မှာရေးသားခဲ့ပါတယ်။ အဲဒီ tool ကို “Off-Facebook activity” လို့အမည်ရတဲ့ settings ထဲမှာ တွေ့နိုင်ပါတယ်။ သုံးစွဲသူက လူမှုကွန်ရက်နဲ့အတူ ဝေမျှထားတဲ့ third-party တွေကို မြင်ရပါမယ်။

Off-Facebook Activity ကတော့ သုံးစွဲသူ ဆက်သွယ်တဲ့ဝက်ဘ်ဆိုက် ဒါမှမဟုတ် app အခြေခံ ဝက်ဘ်ဆိုက်နဲ့ လုပ်ငန်းတွေက Facebook နဲ့ဝေမျှထားတဲ့ အချက်အလက်ဖြစ်ပါတယ်။ တကယ်လို့ Facebook ကသုံးစွဲသူ စိတ်ဝင်စားစေမယ့် အရာတွေအတွက် အကြံပေးမှု ဒါမှမဟုတ် အွန်လိုင်းမှာ ကြည့်ရှုတဲ့အရာအတွက် ကြော်ငြာတွေ ရရှိနေတယ်ဆိုရင် Clear History tool ကအသုံးဝင်ပါတယ်။ ဒါ့အပြင် history ကိုဖျက်တာအပြင် ကဏ္ဍအလိုက် သတင်းအချက်အလက်ကို ကြည့်နိုင်ဖို့ option တွေပါဝင်လာပြီး အချက်အလက်ကို download ပြုလုပ်တာ၊ အနာဂတ်အတွင်း off-Facebook လုပ်ဆောင်ချက်ကို ဘယ်လိုရွေးချယ်မလဲဆိုတာ စီမံနိုင်ပါတယ်။


Facebook ရဲ့နှစ်စဉ်ပြုလုပ်နေကျ F8 developer ကွန်ဖရင့်ရဲ့ ၂၀၁၈ ခုနှစ်မှ အခု tool ကို ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအချိန်က Cambridge Analytica အရှုပ်တော်ပုံ ဖြစ်ပေါ်ခါစအချိန် ဖြစ်ပါတယ်။ Off-Facebook Activity ဟာ လအနည်းငယ် နှောင့်နှေးအပြီး ၃ နိုင်ငံအတွက် ဖြန့်ချိခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဆာဗာတွေပေါ်မှာ အချက်အလက်ကို သိမ်းဆည်းမှုနဲ့ဆက်စပ်တဲ့ နည်းပညာစိန်ခေါ်မှုတွေကြောင့် tool ထွက်ရှိဖို့ နှောင့်နှေးခဲ့တယ်လို့ Facebook ကပြောခဲ့ပါတယ်။

စိုးထက် Ref : ThevergeSource Internet Journal

Design a site like this with WordPress.com
Get started