ရှစ်လေးလုံး ကျောက်တိုင်နှင့် ရင်ပြင်တည်ဆောက်ရေး ပန္နက်ရိုက် အခမ်းအနား ပုသိမ်မြို့တွင်ကျင်းပ ရှစ်လေးလုံး ကျောက်တိုင်နှင့် ရင်ပြင်တည်ဆောက်ရေး ပန္နက်ရိုက် အခမ်းအနား ပုသိမ်မြို့တွင်ကျင်းပ ယနေ့မနက် ရှစ်နာရီရှစ်မိနစ်ရှစ်စက္ကန့် အချိန်တွင် ကျောက်တိုင်နှင့်ရင်ပြင် ပန္နက်ရိုက်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။ ပုသိမ်မြို့ရဲ့ ဒီမိုကရေစီ ကို စတင်ဖော်ဆောင်ခဲ့ကြသည့် သမိုင်းအတွက် ကျောက်တိုင်နှင့်ရင်ပြင် တည်ဆောက်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ပင်နီအင်္ကျီ များကိုယ်စီဝတ်လျှက် အခမ်းအနားတတ်ရောက်ကြသည်ကို စည်ကားသိုက်မြိုက်စွာတွေ့ရပါသည်။ ပုသိမ်မြို့ ရေစီအရေးတော်ပုံအထိမ်းအမှတ်ကျောက်တိုင်နှင့်ရင်ပြင်(ဧရာဝတီ)တည်ဆောက်ရေးအဖွဲ့ က အမှုဆောင်ပြီး ကျင်းပခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကျောက်တိုင်နှင့်ရင်ပြင်(ဧရာဝတီ) ရှစ်လေးလုံးအရေးတော်ပုံအတွက် ပေးဆပ်ခဲ့သည့် ရဟန်းရှင်လူကျောင်းသားများအတွက် သော်လည်းကောင်း၊ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် မမေ့နိုင်စရာ သမိုင်းကြောင်းအတွက် အရေးပါသောအခမ်းအနားတစ်ခုဖြစ်သည်ဟု သိရပါသည်။ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ်Sorce: Facebook Share on WhatsApp (Opens in new window) WhatsApp TweetLike Loading...