ဗိုလ်ချုပ်ပိုက်ဆံ တစ်ထောင်တန်နဲ့ ဈေးဝယ်လို့မရတဲ့အကြောင်း ပြောပြလာတဲ့ လူတစ်ဦး

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ မြန်မာငွေကျပ် ၁၀၀၀ တန်တွေကို ပြည်သူတွေလက်ထဲ ဖြန့်ချိခဲ့ပါတယ်…..နိုင်ငံတော်ဗဟိုဘဏ်ကနေ တရားဝင်ဖြန့်ချိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာလည်း ပြည်သူတွေလက်ထဲ သုံးစွဲနေကြတာပါ…ဒါပေမယ့် လတ်တလောမှာတော့ ဗိုလ်ချုပ်ပိုက်ဆံနဲ့ ဈေးဝယ်ရာမှာ ဝယ်လို့မရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တရားဝင်သုံးခွင့်ရှိမရှိ မေးခွန်းထုတ်ထားတဲ့ Post တစ်ခု လူမှုကွန်ရက်မှာ လူပြောများနေတာပါ…..
ကိုလှိုင်ဝင်းထွန်းဆိုသူက အဲဒီအကြောင်းကို ခုလို လူမှုကွန်ရက်စာမျက်နှာမှာ ပြောပြထားတာပါ….
“ကျွန်တော့်နာမည် လှိုင်ဝင်းထွန်းပါ …မော်လမြိုင်ကျွန်းမြို့နယ် မြင်းကကုန်းကျေးရွာမှာနေပါတယ်…ယနေ့ညနေ ၅နာရီခန့်အချိန်တွင် ကျွန်တော်မိသားစုနှင့်အတူ အိမ်အတွက်လိုအပ်သောဆန်ဝယ်ရန် ငွေစံပါယ် ဆန်စက်သို့ ဆန်သွားဝယ်ခဲ့သည်…
ဆန်အိတ်တန်ဖိုးမှာ ၃၂၀၀၀ ကျ၍ မိမိမှာပါလာသော ၅ထောင်တန် ၆ရွက် ၁၀၀၀ တန် ၁ရွက် မိမိအင်မတန်မြတ်နိုးသော ဗိုလ်ချုပ်ပုံပါ ၁၀၀၀တန် တစ်ရွက် စုစုပေါင်း ၃၂၀၀၀ ကျပ် ပေးခဲ့ရာ အရောင်းဝန်ထမ်း စာရေးမမှ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအား သုံးစွဲမရဟုဆို၍ပြန်ပေးခဲ့ပါသည်…သို့ဖြစ်ပါ၍ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေနှင့်အညီထုတ်လုပ်ထားသောငွေစက္ကူသည် တန်ဖိုးအာမခံမရှိဖြစ်နေပါသည်…
ထို့အတွက် ဗိုလ်ချုပ်ပုံပါငွေစက္ကူသည် တရားဝင်သုံးစွဲခွင့်တန်ဖိုးရှိမရှိသိချင်ပါသည်… စက္ကူသက်သက်ထုတ်ထားခြင်းဖြစ်လျှင်လည်းသိမ်းထားပါတော့မည်…သို့မဟုတ် သုံးစွဲခွင့်ရှိလျှင်လည်းသုံးမရပြောသူအား မည်သို့အရေးယူမည်ကိုသိချင်ပါသည်…
ကိုလှိုင်ဝင်းထွန်း..၁၄/မမက နိုင် ၁၅၄၇၆၇..” ငွေရှင်းရာမှာ လက်မခံတဲ့ အခြေအနေကို ပြောပြထားတာပါ….
ဒါကြောင့် လူမှုကွန်ရက်စာမျက်နှာမှာ ငွေချေတာလက်မခံတဲ့ ဗိုလ်ချုပ်ပိုက်ဆံအကြောင်းလူပြောများနေတာဖြစ်ပါတယ်… ဒီလိုကြီးတော့ မဖြစ်သင့်ပါဘူးနော်…ဗိုလ်ချုပ်ကို ချစ်တဲ့ ပရိသတ်ကြီးရော ဘယ်လိုမြင်လဲ ပြောပြခဲ့နော်..
Design a site like this with WordPress.com
Get started