Mask မျက်နှာဖုံးများ ရွှေဈေးနီးပါးထိုးတတ် အချို့နေရာများတွင် ပစ္စည်းများပြတ်လတ်

တန့်ယန်းမြို့မှာ ဆယ်ခုပါတဲ့ တစ်ခါသုံး Mask အထုပ်ငယ်တစ်ထုပ်ကို ပုံမှန် ကျပ်(၅၀၀)နဲ့ဝယ်ယူသုံးစွဲနိုင်ပေမယ့် ဇန်နဝါရီလ(၂၇)ရက်မှာ တစ်ထုပ် ၆၀၀၀/၈၀၀၀ စသဖြင့် အဆမတန်တဲ့စျေးနှုန်းတွေနဲ့ ပေးဝယ် နေကြရပြီလို့သိရပါတယ်။

ဒါတောင်တချို့ဆိုင်မှာ ပစ္စည်းပြတ်နေပြီတဲ့။
Maskတွေကို ဒေသတွင်းနေထိုင်သူတွေဝယ်ယူသုံးစွဲခြင်းထက် ပန်ဆန်း/မိုင်းလားသို့ အများဆုံးဝယ်ပို့နေကြတာ ဖြစ်တယ်လို့သိရတယ်။
ဝူဟန်(သို့မဟုတ်)ကိုရိုနာဗိုင်းရပ်စ် ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုက တရုတ်ပြည်နဲ့ နီးတဲ့တန့်ယန်းမြို့ကိုပါ ရိုက်ခတ်လာတော့မလား
တန့်ယန်းနယူး Credit Nan Kyar Yon

နာမည်ကျော် အမေရိကန် ဘတ်စကက်ဘောသမားနှင့် သမီး ရဟတ်ယာဉ်ပျက်ကျ၍ သေဆုံး

နာမည်ကျော် အမေရိကန် ဘတ်စကက်ဘောသမားနှင့် သမီး ရဟတ်ယာဉ်ပျက်ကျ၍ သေဆုံး

ကယ်လီဖိုးနီးယား၊ ဇန်နဝါရီ ၂၇

နာမည်ကျော် အမေရိကန် ဘတ်စက်ဘောသမား Kobe Bryant မိသားစု စီးနင်းလိုက်ပါလာကြသည့် ရဟတ်ယာဉ် ပျက်ကျသဖြင့် ယာဉ်ပေါ်လိုက်စီးနင်းလာသူ ၉ ဦးသေဆုံကြောင်း ကနဦးသိရသည်။

အဆိုပါ ရဟတ်ယာဉ်ပေါ်ဝယ် Kobe Bryant၊ အသက် ၁၃ နှစ်အရွယ် သူ၏သမီး ဂီယာနာ၊ ဘေ့စ်ဘောနည်းပြ ဂျွန် အယ်လ်တိုဘယ်လီနှင့် သူ၏ ဇနီး ကာရီ၊ သမီး အလက်ဆာ နှင့် ဘက်စက်ဘောနည်းပြ ခရစ္စတီနာမော်ဆာ တို့ပါဝင်ကြပြီး သူတို့အားလုံးသေဆုံးခဲ့ကြသည်။
ဆီကောစကီး S-76 အမျိုးအစား ကိုယ်ပိုင် ရဟတ်ယာဉ်သည် ဆီးနှင်းထူထပ်သော လေထုထဲတွင် ကာလာဘာဆာတောင်တန်းတစ်နေရာနှင့် တိုက်မိကာ မီးလောင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။
ကနဦးသတင်းများအရ ရဟတ်ယာဉ်မှူးအပါအဝင် ရဟတ်ယာဉ်ပေါ်ပါဝင်သူ ၅ ဦးသေဆုံးကြောင်းသိရရာမှ၊ နောက်တွင် ၉  ဦးသေဆုံးကြောင်း ထပ်မံသတင်းရရှိသည်။
Source: Daily Mail
Ref: Helicopter carrying Kobe Bryant, 41, and his daughter Gianna, 13, flew through fog despite cops GROUNDING their fleet over safety fears as more of the nine victims of the Calabasas crash are named
Photo: Daily Mail, Getty Images ပေါ်ပြူလာဂျာနယ်မှကူးယူဖေယ်ပြသည်။

မိမိရရှိထားသော ဖေ့ဘွတ်ခ်ဝင်ငွေများထဲမှ ၂၇၅ ဘီလီယံကျော်ကို ဝူဟန်ဗိုင်းရပ်စ်အတွက်တရုတ်သို့ကူညီမည်ဟု ဇူကာဘတ်ပြောကြား

ဝူဟန်ဗိုင်းရပ်စ်မြန်မာပြည်သတင်းဆိုက်မှ လတ်တစ်လောရရှိလိုက်သော ဖေ့ဘွတ်ခ်မှ ဝင်ငွေ ၂၇၅ ဗီလီယံလုံးကို တရုတ်အားကူညီမည်ဟု ဇူကာဘတ်က ပြောကြားလိုက်သည်။

လက်ရှိတရုတ်ပြည်မှာ အသေအပျောက်များပြီး ကပ်ရောဂါဆိုးကြီးအခြေအနေကို ကြားသိရသည်မှာ စိတ်မကောင်းပါကြောင်း ဇူကာဘတ်က တရုတ်သမ္မတ ရှီကျင့်ဖန်အား ဦးစွာ တယ်လီဖုန်းဆက်သွယ်ပြောကြားသည်။
ဒါအပြင် နောက်ထပ်ဖေ့ဘွတ်ခ်မှ ရသောဝန်ငွေများအား
ဝူဟန်ဗိုင်းရပ်စ်အတွက်အသုံးပြုသွားသဖွယ်ရှိသေးကြောင်းလည်း တရုတ်သမ္မတအား အားပေးစကားပြောဆိုသွားကြောင်း အမည်မဖော်လိုသော တရုတ်အာဏာပိုင် အဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူ တရုတ်တာဝန်ရှိတစ်ဦးက ပြောကြားသွားကြောင်း သတင်းရရှိသည်။
လိုအပ်ပါကမိမိဝန်ထမ်းများအားတရုတ်ပြည်တွင် အခြေစိုက်စခန်းအရေးပေါ်ဖွင့်လစ်ကာ အစွမ်းကုန်ကူညီသွားမည်ဟုလည်းတစ်ဆက်တည်းသိရသည်။

ဝူဟန်ဗိုင်းရပ်စ်ကြောင့်လူ၉ သောင်းကျော်သေတဲ့ သတင်းပေါက်ကြားပြီးနောက် တရုတ်အစိုးရကအာဏာပိုင်များကို သတိပေးချက်များ အရေးပေါ်ထုတ်ပြန်ပြီ

တရုတ်ပြည်သူ့သမ္မတ ရှီကျင့်ဖျင်မှ Coronavirus ပိုးပျံ့ပွားမှု ရပ်တန့်ကာကွယ်တားဆီးရေးဥပဒေတစ်ရပ်အရေးပေါ်ထုတ်ပြန်လိုက်သည်။( အမြင်မတော်သူများဖတ်လို့ရအောင်ကူညီပေးလိုက်ကြပါဗျာ )

တရုတ်ပြည်သူ့သမ္မတ Xi Jinping သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေနှင့်အညီ Coronavirus ဗိုင်းရပ်စ်ပိုး ရပ်တန့်ကာကွယ်တားဆီးနိုင်ရေးဆိုင်ရာစည်းမျဉ်းဥပဒေကိုအရေးပေါ်ထုတ်ပြန်လိုက်ပြီး ချိုးဖောက်သူများအားလုံးကို အထူးအမိန့်ဖြင့်အမြင့်ဆုံးပြစ်မှုပြဌာန်းရန်အတွက် စစ်တပ်မှအရာရှိများ ရဲတပ်ဖွဲ့များအားအရေးပေါ်အထူးအမိန့်အာဏာကိုထုတ်ပြန်လိုက်ပါတယ် ။ဝူဟန်မြို့ဆေးရုံတွင် ရောဂါပိုးကူးစက်ခံရသူ အမျိုးသမီးလူနာတစ်ဦးသည် မကြာခင်သူသေဆုံးရတော့မည်ဟုတွေးထင်ကာစိတ်ဖောက်ပြန်ပြီး သူခန္ဓာကိုယ်မှဆေးပိုက်များ ၊ အောက်စီဂျင်ပိုက်များဆွဲချွတ်ကာ သူ၏တံတွေးများဖြင့်နာစ်မများကိုလိုက်လံတို့ကာ ” မင်းတို့ငါ့ကို မသေအောင် ကုသပေးရမယ် ၊ ငါ့ကိုဂရုမစိုက်ဘဲ တစ်ယောက်ထဲပစ်ထားမယ်ဆိုရင် မင်းတို့အားလုံးငါနဲ့အတူတူ သေရမယ် ၊ ငါ့နားကနေဘယ်မှမသွားကြနဲ့ ” ဆိုပြီး ပြသနာရှာခဲ့တဲ့အတွက်……
ယခုလိုပြုမူနှောက်ယှက်ခဲ့ပါက အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ တရားရုံးသွားစရာမလိုဘဲ အစစ်အဆေးမရှိတစ်ခါတည်း ထောင်ထဲမှာသွားထည့်ပစ်ဘို့ မိန့်ခွန်းမှာပြောကြားခဲ့ပါတယ် ။တရုတ်နှစ်ကူးပွဲတော်အတွက် သမ္မတက ” ဒီအချိန်မှာ ငါတို့အတွက် ကျင်းပရမည့်အခီန်မဟုတ်ဘူး ၊ ဝူဟန်နဲ့အခြားနိုင်ငံသားများအပါအဝင် သက်ဆိုင်သူအားလုံးက ဒီဗိုင်းရပ်စ်ပိုးကို မည်သို့ကာကွယ်တာဆီးတိုက်ခိုက်ကြမလဲဆိုတာကို လေ့လာရမယ် …
ငါတို့အားလုံး တစ်စိတ်တည်း တစ်စည်းတည်း စည်းစည်းလုံးလုံးရှိနေကြဘို့လိုတယ် ၊ ဒါ့ကြောင့်ကျွန်ပ်တို့အားလုံး စည်းမိဉ်းဥပဒေများကို လေးစားလိုက်နာကြရန်တောင်းဆိုပါတယ် ” ဟုပြောကြားခဲ့သည် ။ထို့အပြင်သမ္မတရှီကျင့်ဖျင် သည် အထူးမိန့်ခွန်းတွင်တရုတ်လူမျိုးအားလုံး ကမ္ဘာအနှံခရီးသွားလာခြင်းလုပ်ငန်းများကို ခရီးသွားကုမ္ပဏီများအားတားမြစ်ခြင်း ၊ လေယာဉ်လက်မှတ်များရောင်ချခြင်း ၊ ဟိုတယ်များခေတ္တပိတ်ပင်ခြင်းများကိုလည်းတားမြစ်ထားပါတယ် ….လူတိုင်း ဗိုင်းရပ်စ်ပိုးရပ်တန့်ကာကွယ်မှုအတွက်အထူးဥပဒေများနှင့်စည်းမျဉ်းများကိုလေးစားလိုက်နာကြရန်နှင့် အကယ်၍ချိုးဖောက်ပါကဥပဒေအရအရေးယူခံရမညဖြစ်ပြီးခရီးသွားကုမ္ပဏီများအတွက်တရားဝင်လိုင်စင်ရုတ်သိမ်းသွားမှာဖြစ်တယ်လို့မနေ့က သတိပေးပြောကြားသွားပါတယ် ။ဇန်နဝါရီလ (၂၇) ရက်နေ့မှာတော့ အမေရိကန်မှ လေယာဉ်စီးလုံးဖြင့်တရုတ်ပြည် ဝူဟန်မြို့နယ်တွင်ရောက်ရှိနေသော အမေရိကန်သံအဖွဲ့များနှင့်အခြားပြည်သူများအားလုံးကိုသွားရောက်ခေါ်ဆောင်မည်ဖြစ်ပါသည် ။ကူးစက်မြန်ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဟာခန္ဓာအပူချိန်အဖျားငွေ့ငွေ့လေးရှိနေတဲ့အချိန် ဗိုင်းရပ်စ်ပိုးရှိနေကြောင်းမသိသာသလို ဗိုင်းရပ်စ်ပိုးမျိုးဥဟာ အကောင်ပေါက်ပြီးပြီဆိုရင်တော့ လူချင်းထိတွေ့ရင်လည်းကူးစက်နိုင်ပါတယ် …တံတွေးကနေတဆင့်အလေထဲကနေပျံ့နှံ့ကာလူတစ်ယောက်မှ ၁၄ ဦးအထိကိုပျံ့နှံ့ကူးစက်နိုင်ကြောင်း ဝူဟန်ဆေးရုံကနာစ်မကပြောထားပါတယ် ။ဒီဗိုင်းရပ်စ်ပိုးကို အမြစ်ပြတ်ကုသနိုင်မယ့်ဆေးဝါးနှင့်ကာကွယ်ဆေးကိုစမ်းသပ်ရှာဖွေနေဆဲဖြစ်ပါတယ်…အဆိုပါအဆုပ်ရောင်ကူးစက်ရောဂါသည် ကူးစက်နေရမှန်း မိမိကိုယ်မိမိမသိနိုင်သလို သာမာန်ဆေးစစ်ချက်နဲ့လည်း ပိုးရှိနေမှန်းမသိနိုင်ဘူးလို့ဆိုပါတယ်..တရုတ်ပြည်မှာတော့ကူးစက်ခံရသူတွေကိုအမှန်တကယ်သတင်းမှန်တွေကိုမထုတ်ပြန်ခြင်းကြောင်း သိန်းချီရှိနေကြောင်းသုံးသပ်ပြောဆိုနေတာတွေလည်းရှိနေကြပါတယ်..
ပင်လယ်အစားသောက်တွေ ၊ တောရိုင်းတိရိစ္ဆာန်အမျိုးပေါင်း ၁၂၀ ကျော်ကိုဝူဟန်စျေးမှာအရှင်ရော အသေရောရောနှောရောင်းချထားပြီး တရုတ်လူမျိုးများသည်အသားအစိမ်းများကိုမဆင်မခြင်ခုံမင်စားသောက်လေ့ရှိသည့်အတွက် ထိုမှတဆင့်ကူးစက်ပျံ့ပွားကြောင်းပညာရှင်များကဆိုပါတယ်..တရုတ်သမ္မတကတော့ တရုတ်ပြည်သူတွေကိုစည်းစည်းလုံးလုံးနဲ့ ကျမ္မာရေးဝန်ထမ်းတွေရဲ့ညွှန်ကြားကုသမှုတွေကိုစနစ်တကျခံယူဘို့နဲ့ မိမိအတ္တကိုရှေ့တန်းတင်ပြီး….ဇွတ်အတင်းအဓမ္မ နှောင့်ယှက်ကုသမှုတွေပြုလုပ်ခိုင်းပါက ဘာမှအစစ်အဆေးအမေးအမြန်းမရှိချက်ချင်းထောင်ထဲထည့်ပစ်ဘို့တစ်ချက်လွှတ်အမိန့်ကိုဇန်နဝါရီလ ၂၅ ရက်နေ့ကညွှန်ကြားထားကြောင်း အဆိုပါနာစ်မလေးက VDO ဖိုင်ကနေပြောကြားခဲ့ပါတယ်..ရောဂန္တရကပ်ဆိုးကြီးလို့ခေါ်တွင်တဲ့ ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၁၀၀၀၀၀ ကိုကုသပေးနေရပါကြောင်း …..လူနာအဆုတ်ထဲတွင် ခိုအောင်းနေသော ဗိုင်းရပ်စ်ကို CTscan ဖြင့်သာရှာတွေ့နိုင်ကြောင်း Thermal sensour က ယေဘုယျသာစစ်ဆေးနိုင်ပြီး မတိကျကြောင်း ၊ ဆေးရုံတွင်ကုတင်သည်လည်း လက်ခံနိုင်သည့် အင် အားထက် လူနာကပိုများနေပါကြောင်း ဝူဟန်ဆေးရုံတွင် ဆရာဝန် ၁၀ဦးသာရှိပြီး သူနာပြုအင်အားလည်းမလုံလောက်ပါကြောင်း နှင့် လူနာများသေဆုံးသည်ကို ဒီအတိုင်းကြည့်နေရပါကြောင်း ….မိမိတို့ဆေးဝန်ထမ်းများပါ အသက်အန္တရာယ် စိုးရိမ်နေရပါကြောင်း တရုတ်ဗဟို အစိုးရထံက လုံလောက်သော ဆေးဝါး အကူအညီများမရရှိပါကြောင်းအစိုးရ TV အစီအစဉ်တင်ပြသည်ထက် မြေပြင်တွင် အခြေအနေဆိုးဝါးပါကြောင်း ဒီရောဂါက ပြည်သူ ၆၅သန်းကို ၉လအတွင်း အသေသတ်နိုင်အောင် ပြင်းထန်ဆိုးဝါးပါကြောင်းငိုရှိုက် ပြောကြားနေသည့် ဝူဟန်ဆေးရုံကတာဝန်ကျ ဆရာဝန်မတဦး၏ Video clip ပေါ်ထွက်လာပါတယ်။uuuwhonch

Breaking News: တိဘက်မှလွဲ၍တရုတ်တစ်နိုင်ငံလုံးကူးစက်သွားပြီဖြစ်ပြီးရောဂါကူးစက်မှုဟာတရှိန်ထိုးဆိုးရွားစွာပြန့်နှံနေဟုရှီကျင်းဖိန်ကိုယ်တိုင်ထုတ်ပြော

စနေနေ့မှာ စတင်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို အရိပ်မည်း ဖုံးလွှမ်းစေတဲ့ ဝူဟန်ဗိုင်းရပ်စ်လို့လည်း ခေါ်ကြတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် သေဆုံးသူ ၅၆ ဦး ရှိလာတာကြောင့် သမ္မတရှီကျင့်ဖျင်အနေနဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေမျိုးကို ရင်ဆိုင်နေရပါတယ်။နိုင်ငံအနှံ့ ကူးစက်သူပေါင်း ၁၉၇၅ ဦး ရှိနေပြီဖြစ်တဲ့ ဒီ ကိုနာရိုနာဗိုင်းရပ်စ် မပြန့်ပွားအောင် ခရီးသွားလာရေး တင်းကြပ်မှုတွေ ထပ်မံချမှတ်မယ်လို့ တရုတ်အာဏာပိုင်တွေက ကြေညာထားပါတယ်။
ဟောင်ကောင်မှာဆိုရင် ဒီဗိုင်းရပ်စ်ပိုးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီဖြစ်ပြီး ပွဲလမ်းသဘင်တွေကိုလည်း လျှော့ချပစ်ကာ တရုတ်ပြည်မကြီးနဲ့ ဆက်သွယ်ရေးသွားလာမှုတွေကို ကန့်သတ်ထားပါတယ်။ဒီ ဗိုင်းရပ်စ်ကြောင့် အလန့်တကြား အထိတ်တလန့် ဖြစ်ရအောင် ကမ္ဘာအနှံ့က အာဏာပိုင်တွေက ကြိုးစားနေပေမယ့် စနေနေ့က ဩစတြေးလျမှာ ဒီ ဗိုင်းရပ်စ်ပိုး ပထမဆုံး ကူးစက်သူ တွေ့ရှိသလို မလေးရှားမှာလည်း လေးဦး ကူးစက်သူ ရှိကာ ဥရောပမှာဆိုရင် ပထမဆုံးအဖြစ် သောကြာနေ့က ပြင်သစ်မှာ တစ်ဦး တွေ့ရှိခဲ့ပါတယ်။ရောဂါစတင် ပေါ်ပေါက်တဲ့ တရုတ်၊ ဝူဟန်မြို့ကနေ နိုင်ငံသားတွေနဲ့ သံတမန်တွေကို လေယာဉ်စင်းလုံးလိုက်နဲ့ ပြန်လည်ခေါ်ယူဖို့ အမေရိကန်က စီစဉ်နေတယ်လို့ Wall Street Journal က ဖော်ပြပါတယ်။ဟောင်ကောင်မှာ ကူးစက်သူ ငါးဦး ရှိပြီး ခေါင်းဆောင် ကာရီလမ်းက မြို့နဲ့ ဝူဟန်ကြားက လေယာဉ်ပြေးဆွဲမှုတွေနဲ့ အမြန်ရထားတွေကို ရပ်နားထားမယ်လို့ ပြောပါတယ်။ ဟောင်ကောင်က စာသင်ကျောင်းတွေကတော့ လက်ရှိ တရုတ်နှစ်ကူး အားလပ်ရက်တွေကြောင့် ဖေဖော်ဝါရီ ၁၇ ရက်အထိ ပိတ်ထားမှ ဖြစ်ပါတယ်။
အရှိန်မြင့် ပြန့်ပွားနေတဲ့ ဒီ ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ဖို့ လုပ်ငန်းစဉ်တွေအရေး စနေနေ့မှာ သမ္မတ ရှီကျင့်ဖျင်ဟာ ပေါလစ်ဗျူရိုအစည်းအဝေး ခေါ်ယူခဲ့ပါတယ်။တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ရောင်းချတဲ့ ဝူဟန်က ပင်လယ်စာဈေးကနေ ပြန့်နှံ့ပုံရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ဟာ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ နီပေါနဲ့ အမေရိကန်တွေမှာလည်း ကူးစက်ပြန့်နှံ့နေပါတယ်။ယခုအခါတိဘက်မှလွဲ၍တရုတ်တစ်နိုင်ငံလုံးကူးစက်သွားပြီဖြစ်၊ရောဂါကူးစက်မှုဟာတရှိန်ထိုးဆိုးရွားစွာပြန့်နှံနေဟုရှီကျင်းဖိန်ကိုယ်တိုင်ထုတ်ပြောခဲ့တာပဲဖြစ်ပါတယ်။

မန်ချက်စတာ နှစ်သင်း ဂိုးပြတ် နိုင်ခဲ့တဲ့ အက်ဖ်အေကပ်

မန်စီးတီး ၄-၀ ဖူလ်ဟမ်
ထရန်မဲလ် ဝ-၆ မန်ချက်စတာယူနိုက်တက်

ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးကတော့ ချန်ပီယံရှစ်က ဖူလ်ဟမ်ကို ၄ဂိုးပြတ်နဲ့နိုင်ပါတယ်။ ပွဲအစပိုင်းမှာ ဖူလ်ဟမ်ဖက်က တစ်ယောက် အထုတ်ခံခဲ့ရပြီးနောက်ပိုင်း မန်စီးတီးက  လွယ်လွယ်ကူကူပဲကစားပြီး နိုင်ခဲ့တာပါ။ မန်စီးတီးအတွက် ဂွန်ဒွန်ဂန်၊ ဘင်နာဒိုဆေးလ်ဗား၊ ဂျေဆု ၂ဂိုးသွင်းပြီး ၄ဂိုးပြတ် နိုင်ခဲ့တာပါ။
ဖိအားတွေ များနေတဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ကတော့ အဝေးကွင်းမှာ ထရန်မဲလ်ကို ၆ဂ်ုးပြတ်နဲ့နိုင်ပါတယ်။ ခြေစွမ်းပိုင်း ကွာဟလွန်းတဲ့ နှစ်သင်းရဲ့ ပွဲဖြစ်နေလို့ ယူနိုက်တက်ကပဲ လွယ်လွယ်နဲ့နိုင်ခဲ့တာပါ။ ဒီပွဲမှာ ယူနိုက်တက်ဖက်မှာ ဂိုးလိုအပ်နေတဲ့ ကစားသမားတွေလည်း ဂိုပေါက် တွေ့ခဲ့ကြတာပါ။
ယူနိုက်တက်အတွက် အသင်းခေါင်းဆောင် မက်ဂွိုင်းယား၊ ဒလော့ဒ်၊ လင့်ဂတ်၊ ဖီးလ်ဂျုံးစ်၊ မာရှယ်လ်နဲ့ ဂရင်းဝုဒ်တို့က တစ်ဂိုးစီ သွင်းခဲ့ကြတာဖြစ်ပါတယ်။
မန်ချက်စတာ နှစ်သင်း ဂိုးပြတ် နိုင်ခဲ့တဲ့ အက်ဖ်အေကပ်
Source BBC Myanmar News

Introduce Yourself (Example Post)

This is an example post, originally published as part of Blogging University. Enroll in one of our ten programs, and start your blog right.

You’re going to publish a post today. Don’t worry about how your blog looks. Don’t worry if you haven’t given it a name yet, or you’re feeling overwhelmed. Just click the “New Post” button, and tell us why you’re here.

Why do this?

  • Because it gives new readers context. What are you about? Why should they read your blog?
  • Because it will help you focus you own ideas about your blog and what you’d like to do with it.

The post can be short or long, a personal intro to your life or a bloggy mission statement, a manifesto for the future or a simple outline of your the types of things you hope to publish.

To help you get started, here are a few questions:

  • Why are you blogging publicly, rather than keeping a personal journal?
  • What topics do you think you’ll write about?
  • Who would you love to connect with via your blog?
  • If you blog successfully throughout the next year, what would you hope to have accomplished?

You’re not locked into any of this; one of the wonderful things about blogs is how they constantly evolve as we learn, grow, and interact with one another — but it’s good to know where and why you started, and articulating your goals may just give you a few other post ideas.

Can’t think how to get started? Just write the first thing that pops into your head. Anne Lamott, author of a book on writing we love, says that you need to give yourself permission to write a “crappy first draft”. Anne makes a great point — just start writing, and worry about editing it later.

When you’re ready to publish, give your post three to five tags that describe your blog’s focus — writing, photography, fiction, parenting, food, cars, movies, sports, whatever. These tags will help others who care about your topics find you in the Reader. Make sure one of the tags is “zerotohero,” so other new bloggers can find you, too.

Design a site like this with WordPress.com
Get started