မသန့်ရှင်းသောလေမှတဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးဆက်နိုင်

တရုတ်နိုင်ငံက စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလမ်းကြောင်းတွေထဲမှာ တိုက်ရိုက် ကူးစက်မှု၊ ထိတွေ့မှုကတဆင့် ကူးစက်မှုနဲ့ လေကတဆင့် ကူးစက်မှု ၃ မျိုးစလုံး ပါနေတယ်လို့ ရှန်ဟိုင်း အရပ်ဘက်ဗျူရို ဒုအကြီးအကဲ ဆန်းချွင်က ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။

လေကတဆင့် ကူးစက်မှု ဆိုတာဟာ လေထဲက အမှုန်အမွှားလေးတွေက ဗိုင်းရပ်စ်နဲ့ ရောပြီး အသက်ရှူသွင်းရာကတဆင့် ကူးစက်တာကို ဆိုလိုတယ်လို့ ဆေးဘက်ပညာရှင်တွေက ပြောတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် မိသားစုလိုက် အပြင်ထွက်တာမျိုးမှာ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ သတိထားမိမှုတွေ မြှင့်တင်ကြဖို့ ပြည်သူတွေကို ဆော်သြတယ်လို့ သူက နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ထပ်ပြောပါတယ်။

တိုက်ရိုက် ကူးစက်မှုဆိုတာ နှာချေ ချောင်းဆိုးနေတဲ့ လူနာနားမှာ နေပြီး လေကို ရှူသွင်းမိလို့ ကူးစက်တာကို ဆိုလိုတယ်။ ထိတွေ့မှုကြောင့် ကူးစက်တယ် ဆိုတာကတော့ လူတယောက်က ဗိုင်းရပ်စ်ပိုး ပါတဲ့ အမှုန်အမွှားတွေ စွန်းထင်းနေတဲ့ ပစ္စည်းတွေကို ထိတွေ့မိတာ ဒါမှမဟုတ် ပါးစပ်၊ နှာခေါင်းနဲ့ မျက်စိတို့က အမြှေးပါးတွေကို ကူးစက်ရောဂါ ဗိုင်းရပ်စ်က ထိတွေ့တာကနေတဆင့် ကူးစက်တာကို ပြောတာပါ။

အစိုးရကတော့ ဒေသခံတွေ လူစုလူဝေးကို ရှောင်တာ၊ လေဝင်လေထွက် ကောင်းအောင် ပြတင်းတွေ ဖွင့်ထားတာ၊ တကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တာနဲ့ အိမ်တွေ အထူးသဖြင့် တံခါးလက်ကိုင်၊ ထမင်းစားပွဲနဲ့ သန့်စင်ခန်း ထိုင်ခုံတွေကို သန့်ရှင်းရေး ပုံမှန်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

Source:DVB

မွတ်စလင်တွေရောင်းတဲ့ဝက်သားပါတဲ့ဟော့ပေါ့ဟင်းလျှာ

ရန်ကုန်မြို့တစ်နေရာမှာ အစ္စလာမ် ဘာသာသီးသန့် ဟော့ပေါ့ ရောင်းတဲ့ ဆိုင်မှာ ဝက်သားပါသော ဟင်းချက်မှုန့်ကို အသုံးပြုမိသည့်အတွက်
ယနေ့ လူမှုကွန်ယက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ဝန်ဖန်မှုတွေမြင့်တတ်နေခဲ့ကြပါတယ်။အစ္စလာမ့် အသံအမည်ရှိ ဖေ့ဘွတ်ခ်ပေ့ မှ အစ္စလာမ်များ သတိပြုရန် ခေါင်းစဉ်ဖြင့် ဒီသတင်းကို ရေးသားဖော်ပြခဲ့တာပါ။မကြာမှီမှာပဲ လူမှုကွန်ယက်မှာပျံ့နှံ့သွားခဲ့ပြီး ဆိုင်ပိုင်ရှင်မှာ မိမိ ပေါ့ဆမှုကြောင့်ဟု တောင်းပန်ပါသော်လည်း စာမျက်နှာမှ ယခုတိုင်ဖြုတ်ချခြင်းမပြုခဲ့သောကြောင့် အစ္စလာမ့် ဘာသာခြင်း မလုပ်သင့်ကြောင်း၊ဘာသာခြားများမြင်ပါက ဝေဖန်ခံရရင်မသင့်တောိကြောင်း စသည်ဖြင့် အမျိုးမျိုးဝေဖန်သုံးသပ်နေကြပါတယ်။
ဆိုင်လိပ်စာနှင့်တကွ ဆိုင်ရှင်၏ ကြီးလေးသောအမှားဟုမွတ်စလင် စာမျက်နှာတွင်းရေးသားဖော်ပြခဲ့တာပါ။
သတိမမူဂူမမြင် ဆိုသလို ရံဖန်ရံခါ ဖြစ်တတ်တဲ့ အမှားက အမှားကြီးမှားတတ်တယ် ဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
Source Facebook page

ရေဒီယို အကျယ်ကြီးဖွင့်လို့ အသက် ၈၂ နှစ်အရွယ် အဖိုးအို ထောင် ၆လကျ

ရေဒီယို အကျယ်ကြီးဖွင့်လို့ အသက် ၈၂ နှစ်အရွယ် အဖိုးအို ထောင် ၆လကျ

ရေဒီယို အကျယ်ကြီးဖွင့်လို့ အသက် ၈၂ နှစ်အရွယ် အဖိုးအို ထောင် ၆လကျ
လီဗာပူ၊ ဖေဖေါ်ဝါရီ ၈
ဗြိတိန်နိုင်ငံ လီဗာပူမြို့တော် အိန့်ထရီးအရပ်ရှိ အီယန် ဂျော့ ထရိန်နာ(Ian George Trainer)ဆိုသူ အသက် ၈၂ နှစ်အရွယ် ပင်စင်စား အဖိုးအိုတစ်ဦးသည် ညဖက်တွင်  သူ့အိမ်ရှိ FM ရေဒီယိုဖြင့် ဂန္ထဝင်သီချင်းများအား အသံကျယ်လောင်စွာဖွင့်မှုကြောင့် ထောင်ဒဏ် ရက်သတ္တ ၂၄ ပတ်(၆လ)အပြစ်ကျခံစေရန် Liverpool Magistrates တရားရုံးမှ ကြာသပတေးနေ့က အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။
အိမ်နီးချင်းဖြစ်သူက ပထမအကြိမ်တိုင်ကြားခဲ့ရာတွင် သူ့အား တရားရုံးမှ ဒီဇင်ဘာလက ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ည ၉  နာရီနှင့် ၁၀ နာရီကြားဝယ် ၆၅ ဒက်စီဘယ်(65 decible)ထက် ပိုမိုကျယ်လောင်စွာ ရေဒီယိုမဖွင့်ရန်  တားမြစ်ကာ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
သို့ရာတွင် ထရိန်နာသည် အမိန့်ကိုလိုက်နာခြင်းမရှိပဲ ရေဒီယိုကို အသံကျယ်လောင်စွာ ဖွင့်မြဲဖွင့်နေသဖြင့် အိမ်နီးချင်းဖြစ်သူ သောမတ်စ် မိုက်ကယ် သွမ်ဆင်က ထပ်မံတိုင်ကြားရာတွင် ယခုကဲ့သို့အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
မစ္စတာ ထရိန်နာ သည် နားတစ်ဖက်လေးနေသူဖြစ်ပြီး၊ ကျန်းမာရေးအခြေအနေအရ နားကြပ်ဖြင့် နားထောင်၍မရသော အခြေအနေတွင်ရှိသူတစ်ဦးဖြစ်နေသဖြင့် စစ်ဆေးမှုများကို ကြားစေရန် ထရိန်နာအား နားကြားကိရိယာတစ်ခု တရားရုံးက ပံ့ပိုုးပေးခဲ့သည်။
”ကျွန်တော့်အနေနဲ့ Level 1 အဆင့် လောက်ပဲ သီချင်းတွေကို ဖွင့်တာပါ”ဟုသာ ထွက်ဆိုခဲ့ပြီး၊ သူ၏ ကျန်းမာရေးအခြေအနေကြောင့် သီချင်းများကို ကျယ်လောင်စွာဖွင့်မိခြင်းဖြစ်သဖြင့် ခွင့်လွှတ်ပါရန်ကိုသာ အကြိမ်ကြိမ်ပြောဆိုခဲ့သည်။
သို့ရာတွင် သူ၏ အိမ်နီးချင်း မစ္စတာ သွမ်ဆန်ကမူ ”သူ့ဟာက တစ်ရက်လဲမဟုတ် တစ်ပတ်လဲမဟုုတ်၊ နေ့တိုင်း အပတ်တုိင်းဖွင့်နေတာပါ”ဟု ထွက်ဆိုခဲ့သည်။
”ကျွန်တော့်မှာ သူ့ဆီက အသံတွေကိုရှောင်ဖို့ မနက်စောစောအိမ်ကထွက်ပြီး ညနေလောက်မှ အိမ်ပြန်ရတယ်”ဟုလည်းပြောသည်။
ထို့အပြင် မစ္စတာသွမ်ဆင်က ဗီဒီယိုမှတ်တမ်းသက်သေများကိုလည်း တရားရုံးသို့တင်ပြခဲ့သေးရာ၊ ဗီဒီယိုတစ်ခုတွင် မစ္စတာသွမ်ဆင်သည် သူ့အိမ် ဧည့်ခန်းနံရံအနီးဝယ် လမ်းလျှောက်နေသော်လည်း အဖိုးအိုဖွင့်သော သီချင်းများက ကြားနေရသေးကြောင်း တွေ့ရသည်။
ထရိန်နာဖက်မှမူ မည်သည့် သက်သေအထောက်အထားမျှ မတင်ပြနိုင်ချေ။
ထရိန်နာသည် တရားနိုင်ဖြစ်သူ မစ္စတာ သွမ်ဆင်အားလည်း လျော်ကြေးအဖြစ် ၁၂၂ စတာလင်ပေါင် နှင့် တရားရုံးသို့လည်း ရုံးစရိတ် စတာလင်ပေါင် ၆၀၀ ပေးရဦးမည်ဖြစ်သည်။
Source: METRO News
Ref: Pensioner, 82, jailed for blaring Classic FM at an ‘unbelievable’ volume
Photo: Liverpool Echo
(Zawgyi)
ရေဒီယို အကျယ်ကြီးဖွင့်လို့ အသက် ၈၂ နှစ်အရွယ် အဖိုးအို ထောင် ၆လကျ
လီဗာပူ၊ ဖေဖေါ်ဝါရီ ၈
ဗြိတိန်နိုင်ငံ လီဗာပူမြို့တော် အိန့်ထရီးအရပ်ရှိ အီယန် ဂျော့ ထရိန်နာ(Ian George Trainer)ဆိုသူ အသက် ၈၂ နှစ်အရွယ် ပင်စင်စား အဖိုးအိုတစ်ဦးသည် ညဖက်တွင်  သူ့အိမ်ရှိ FM ရေဒီယိုဖြင့် ဂန္ထ၀င်သီချင်းများအား အသံကျယ်လောင်စွာဖွင့်မှုကြောင့် ထောင်ဒဏ် ရက်သတ္တ ၂၄ ပတ်(၆လ)အပြစ်ကျခံစေရန် Liverpool Magistrates တရားရုံးမှ ကြာသပတေးနေ့က အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။
အိမ်နီးချင်းဖြစ်သူက ပထမအကြိမ်တိုင်ကြားခဲ့ရာတွင် သူ့အား တရားရုံးမှ ဒီဇင်ဘာလက ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ည ၉  နာရီနှင့် ၁၀ နာရီကြား၀ယ် ၆၅ ဒက်စီဘယ်(65 decible)ထက် ပိုမိုကျယ်လောင်စွာ ရေဒီယိုမဖွင့်ရန်  တားမြစ်ကာ ခံ၀န်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
သို့ရာတွင် ထရိန်နာသည် အမိန့်ကိုလိုက်နာခြင်းမရှိပဲ ရေဒီိယိုကို အသံကျယ်လောင်စွာ ဖွင့်မြဲဖွင့်နေသဖြင့် အိမ်နီးချင်းဖြစ်သူ သောမတ်စ် မိုက်ကယ် သွမ်ဆင်က ထပ်မံတိုင်ကြားရာတွင် ယခုကဲ့သို့အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
မစ္စတာ ထရိန်နာ သည် နားတစ်ဖက်လေးနေသူဖြစ်ပြီး၊ ကျန်းမာရေးအခြေအနေအရ နားကြပ်ဖြင့် နားထောင်၍မရသော အခြေအနေတွင်ရှိသူတစ်ဦးဖြစ်နေသဖြင့် စစ်ဆေးမှုများကို ကြားစေရန် ထရိန်နာအား နားကြားကိရိယာတစ်ခု တရားရုံးက ပံ့ပိုးပေးခဲ့သည်။
”ကျွန်တော့်အနေနဲ့ Level 1 အဆင့် လောက်ပဲ သီချင်းတွေကို ဖွင့်တာပါ”ဟုသာ ထွက်ဆိုခဲ့ပြီး၊ သူ၏ ကျန်းမာရေးအခြေအနေကြောင့် သီချင်းများကို ကျယ်လောင်စွာဖွင့်မိခြင်းဖြစ်သဖြင့် ခွင့်လွှတ်ပါရန်ကိုသာ အကြိမ်ကြိမ်ပြောဆိုခဲ့သည်။
သို့ရာတွင် သူ၏ အိမ်နီးချင်း မစ္စတာ သွမ်ဆန်ကမူ ”သူ့ဟာက တစ်ရက်လဲမဟုတ် တစ်ပတ်လဲမဟုတ်၊ နေ့တိုင်း အပတ်တိုင်းဖွင့်နေတာပါ”ဟု ထွက်ဆိုခဲ့သည်။
”ကျွန်တော့်မှာ သူ့ဆီက အသံတွေကိုရှောင်ဖို့ မနက်စောစောအိမ်ကထွက်ပြီး ညနေလောက်မှ အိမ်ပြန်ရတယ်”ဟုလည်းပြောသည်။
ထို့အပြင် မစ္စတာသွမ်ဆင်က ဗီဒီယိုမှတ်တမ်းသက်သေများကိုလည်း တရားရုံးသို့တင်ပြခဲ့သေးရာ၊ ဗီဒီယိုတစ်ခုတွင် မစ္စတာသွမ်ဆင်သည် သူ့အိမ် ဧည့်ခန်းနံရံအနီး၀ယ် လမ်းလျှောက်နေသော်လည်း အဖိုးအိုဖွင့်သော သီချင်းများက ကြားနေရသေးကြောင်း တွေ့ရသည်။
ထရိန်နာဖက်မှမူ မည်သည့် သက်သေအထောက်အထားမျှ မတင်ပြနိုင်ချေ။
ထရိန်နာသည် တရားနိုင်ဖြစ်သူ မစ္စတာ သွမ်ဆင်အားလည်း လျော်ကြေးအဖြစ် ၁၂၂ စတာလင်ပေါင် နှင့် တရားရုံးသို့လည်း ရုံးစရိတ် စတာလင်ပေါင် ၆၀၀ ပေးရဦးမည်ဖြစ်သည်။
Source: METRO News
Ref: Pensioner, 82, jailed for blaring Classic FM at an ‘unbelievable’ volume
Photo: Liverpool EchoCredit: Popular Journal

ပြည်ထဲရေးဝန်ကြီးကျော်ဆွေကိုဘာလို့လျှင်လျှင်မြန်မြန်အနားပေးတာလည်း

ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကိုအနားပေးပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အားခန့်အပ်ဖို့ ဖေဖော်ဝါရီလ ၅ရက်နေ့က အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို အရပ်ဘက်မှာဝန်ထမ်းတွေ အနားယူရမဲ့ အသက် ၆၀ အရွယ်ရောက်လို့ အနားပေးလိုက်တယ်လို့ ယူဆကြပေမယ့် ယခု အမည်စာရင်းပေးသွင်းခံရသူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အသက်၆၀ ဆယ်ပြည့်ဖို့ တစ်လခန့်သာလိုတော့တာကြောင့် အသက်ကြောင့် အနားပေးလိုက်တာ ဖြစ်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
နေပြည်တော်နိုင်ငံရေးအသိုင်းအဝိုင်းမှာ ဝေဖန်နေကြတာကတော့ ပြည်ထဲရေးဝန်ကြီးဟောင်းဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာ ဒေါ်အောင်ဆန်းဆုကြည်နဲ့ အတော်လေးရင်းနှီးသူဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ဒေါ်အောင်ဆန်းဆုကြည်ရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ အမြဲတွေ့ရပြီး ခင်ခင်မင်မင်ဆက်ဆံနေတာလည်းတွေ့ရပါတယ်။
အမြဲလိုလို ဒေါ်အောင်ဆန်းစုကြည်နားမှာဖေးမကူညီမှုတွေရှိနေပါတယ်။
ထူးခြားချက်တစ်ခုကတော့ တရုတ်သမ္မတရှီကျင့်ဖင် ရောက်ရှိလာချိန်မှာ  ဇန်နဝါရီလ ၁၈ ရက်နေ့က MOU လက်မှတ်ထိုးပွဲအခမ်းအနားမှာ
အပြီးတရုတ်သမ္မတရှေ့မှောက်မှာပဲဒေါ်အောင်ဆန်းစုကြည်ကိုအလေးပြုခဲ့တဲ့ ဓါတ်ပုံ ထွက်ပေါ်လာပါတယ် ။
ဒီဓါတ်ပုံကြောင့် လူမှုကွန်ယက်မှာ ဝေဖန်တာတွေ မြင့်တတ်လာခဲ့ပါတယ်။နှစ်ပတ်အကြာမှာ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို အနားပေးလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်သိန်းက ခုလိုပြောပါတယ်။
“ဒေါ်အောင်ဆန်းဆုကြည်နဲ့ဗိုလ်ချုပ်ကျော်ဆွေက အရမ်းပဏာသင့်တယ်လို့ တပ်ဖက်ကမြင်တယ်လေ။အဆိုးဆုံးကတော့ဒေါ်အောင်ဆန်းဆုကြည်ကို အလေးပြုလိုက်တာပါပဲ။ပြည်သူရွေးချယ်တင်မြှောက်တဲ့အစိုးရနဲ့ အရမ်းပဏ္ဍာသင့်တဲ့သူတို့တပ်ဘက်အရာရှိကိုဖြုတ်ချလိုက်ပြီး
သူတို့အမိန့်နာခံမဲ့ သူတို့ကြိုးကိုင်လို့ရမယ့်လူကိုအစားထိုးခြင်းဖြင့်စစ်အာဏာရှင်တွေက ပြည်သူ့အစိုးရသွားတဲ့လမ်းကြောင်းနောက်ကို လိုက်ဦးမှာမဟုတ်ဘူး ယူဆလို့ရပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အစိုးရအဖွဲ့အတွက်တပ်မတော်က အမည်စာရင်းတင်သွင်းထားသူတွေက  ခင်မင်စရာကောင်းပါတယ်လို့ ၂၀၁၈ စင်္ကာပူခရီးစဉ်မေးမြန်းခန်းတစ်ခုမှာပြောခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးပြောပြတာကတော့
“ဒီလိုမျိုးရင်းနှီးမှုပုံစံရဖို့မလွယ်ဘူး ၊ပြန်လည်တည်ဆောက်ဖို့လည်းမလွယ်လောက်ဘူး၊မလွယ်တဲ့အတွက်ကြောင့်မို့လို့ အဲ့လောက်ရင်းနှီးတဲ့ပုံစံရနိုင်လိမ့်မယ်မဟုတ်ဘူးလို့ ကျွန်တော်ယူဆပါတယ်။
သုံးသပ်သူအများစုအမြင်ကတော့
ပြည်ထဲရေး ဝန်ကြီးအသစ် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နီးစပ်သူ ကာချုပ်ရဲ့နိုင်ငံခြားခရီးစဉ်တွေမှာ ပါဝင်သူဖြစ်တယ်လို့ထောက်ပြနေတာပါ။
စစ်အာဏာရှင်ဦးသန်းရွှေရဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေး၊ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတင်သွင်းရတာပါ။
အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနှီးသူကို ရွေးကောက်ပွဲနီးချိန်မှာ ဖယ်ရှားလိုက်တာဟာ NLD ပါတီနဲ့ တပ်မတော်ကြား
တင်းမာမှုတွေပိုပြီးဖြစ်လာစေမလားဆိုတာအများကပိုပြီးစိုးရိမ်နေတာဖြစ်ပါတယ်။Ref:RFA

ဆယ်နှစ်သမီး‌လေးအားမုဒိန်းကျင့်ပြီးဦးခေါင်းကိုကျောက်ခဲဖြင့်ထုရိုက်၍မြေကြီးထဲမြုပ်ခဲ့တဲ့‌လူမဆန်တဲ့ဖြစ်ရပ်

အသက်ဆယ်နှစ်အရွယ်မိန်းခလေးငယ်သည် မုဒိန်းပြုကျင့်ခံရပြီး ၊ကျောက်ခဲဖြင့်ထုနှက်ကာမြေကြီးထဲအရှင်လတ်လတ်အမြုပ်ခံရပြီးအသက်အန္တရယ် စိုးရိမ်ရသောအခြေအနေဖြင့်ဆေးရုံသို့ရောက်ရှိနေပါတယ်။

တနင်္လာနေ့ညကအိန္ဒိယမြောက်ပိုင်းရှိ Rajasthan ပြည်နယ်၊ Churu ခရိုင်အတွင်း ည ၉နာရီခွဲ အချိန်မှာ မိန်းကလေးငယ်ဟာ ချောကလက်ဝယ်ရန်ဟု နေအိမ်မှဈေးဆိုင်သို့သွားခဲ့ရာ အိမ်ပြန်ရောက်မလာ၍ အပူတပြင်းလိုက်လံရှာဖွေ မတွေ့၍ ရဲစခန်းသို့ အကြောင်းကြားခဲ့ကြသည်။
ရဲများကစုံစမ်းဖော်ထုတ်ခဲ့ရာ  အဆိုပါရပ်ကွပ်တွင်းရှိ အသက် ၂၁ နှစ်အရွယ် အလုပ်အကိုင်မဲ့လူတစ်ယောက်က သူ၏ တဲစုတ်ထဲ အဆိုပါမိန်းခလေးငယ်ကို ခေါ်ဆောင်သွားကြောင်းသိရသည်။
ထို့နောက် တဲစုတ်အတွင်း အကြိမ်ကြိမ်မုဒိန်းပြုကျင့် ခဲ့ရာ မှ ကြောက်ခဲဖြင့်ထပ်မံထုရိုက်ပြီး မြေကြီးထဲမြုပ်ခဲ့သည်။
သူမသည် Churu ခရိုင်ဆေးရုံတွင် အသက်အန္တရယ်စိုးရိမ်ရသောအခြေအနေဖြင့် တင်ထားရပြီး
အသက် ၂၁ နှစ်ရှိ အိမ်ယာမဲ့ လူအား ဖမ်းစီးအမှုဖွင့်အရေးယူထားကြောင်းသိရသည်။Source Daily Mail

သုံးစွဲသူတွေရဲ့ တစ်ကိုယ်ရေဗီဒီယိုကို သူစိမ်းတွေဆီ Google Photos မှားယွင်းပေးပို့

သုံးစွဲသူတွေရဲ့ ဗီဒီယိုတွေ သူစိမ်းတွေဆီ ရောက်ရှိသွားတာနဲ့ပတ်သက်ပြီး တောင်းပန်သွားခဲ့ပါတယ်။

၂၀၁၉ နိုဝင်ဘာ ၂၁ ရက်နဲ့ ၂၅ ရက်အကြား Google Photos မှာသိမ်းဆည်းထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လူတချို့ export ပြုလုပ်ခဲ့ရာမှာ သူစိမ်းတွေဆီ မတော်တဆရောက်ရှိသွားပါတယ်။ အချက်အလက်တွေကို download ပြုလုပ်ခွင့်ပေးထားတဲ့ Google Takeout အမည်ရ ဝန်ဆောင်မှုအပေါ် ထိခိုက်ခဲ့ပါတယ်။“ကျွန်တော်တို့အနေနဲ့ ဖြစ်ပေါ်သွားတဲ့ ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။ နောက်ထပ် မဖြစ်ပေါ်အောင် တားဆီးဖို့ လေ့လာဆန်းစစ်မှု သေချာပြုလုပ်ခဲ့ပါတယ်။ အခု အဖြစ်အပျက်အတွက် စိတ်မကောင်းပါဘူး” လို့ Google က ပြောခဲ့ပါတယ်။ အခု ပေါက်ကြားမှုမှာ ဓာတ်ပုံတွေ မပါဝင်ပါဘူး။ အချက်အလက်ကို export လုပ်ဖို့ကြိုးစားတဲ့ သုံးစွဲသူ ၀.၀၁ ရာခိုင်နှုန်းနီးပါးပဲ သက်ရောက်ခဲ့ပါတယ်။Google အနေနဲ့ အချက်အလက် ပေါက်ကြားမှုမှာ ပါဝင်တဲ့ သုံးစွဲသူတွေဆီ အီးမေးလ်ပေးပို့ထားပါတယ်။-စိုးထက်
Ref: MITTechnologyReviewCredit Internet Journal

တူရကီမှာ ပြင်းထန်တဲ့ ငလျင်လှုပ်အပြီး မြေထဲကနေ သွေးချောင်းရေစီးဆင်းလာ

ဒီဖြစ်ရပ်ကို လူတော်တော်များများကထိတ်လန့်နေကြပြီး ဒါဟာ တစ်ခုခုကိုအတိတ်နမိတ်ပေးနေတာလားလို့ စိုးထိတ်နေသူများရှိသူများရှိသလို မကောင်းတဲ့အရာတွေကို တားမြစ်နေခြင်းဖြစ်တယ်လို့ သတ်မှတ်ကြသူများလည်းရှိပါတယ်။

ဇန်နဝါရီလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တူရကီငလျင်ကြောင့် သေဆုံးသူ၄၀နီးပါးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၆၀၀ကျော်ရှိတယ်လို့ သိရပါတယ်

အစိုးရတာဝန်ရှိသူတွေအဆိုအရ ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ်ကုသပေးလျက်ရှိပြီး ငလျင်ကြောင့် နေအိမ်ပျက်ဆီးဆုံးရှုံးခဲ့ရသူတွေကိုလည်း ပြန်လည်တည်ဆောက်ပေးမယ်လို့ သိရပါတယ်။

Writer -LLA ( Shwe Yaung Lan )
Source-Setiwan

FacebookTwitterEmailCopy LinkShare

ပြည်ထဲရေးဝန်ကြီးအသစ်မှာရဲမဟုတ်ပဲစစ်သားကြီးသာဖြစ်နေ၍တပ်ဖွဲ့ဝင်များမကျေနပ်ကြ

အသစ်ပြောင်းလည်းလိုက်သောပြည်ထဲရေးဝန်ကြီးမှာစစ်သားကြီးဖြစ်နေပြန်သဖြင့် လူမှုကွန်ယက်တွင် ရဲတပ်ဖွဲ့ဝင်များက ဝေဖန်မှုများမြင့်တတ်နေခဲ့သည်။

ခြေဥပြင်မှကိုဖြစ်မှာပါ။ရဲတွေလည်းပြည်သူနဲ့အတူဝိုင်းပြီးခြေဥပြင်ဖို့တိုက်တွန်းကြပါ။ဟုရဲတပ်ဖွဲ့အချင်းချင်းနှိုးဆော်လျှက်ရှိကြသည်။
ထို့ပြင်ဂဋန်ဦးစောနဲ့မျက်နှာပေါက်ခြင်းဆင်နေကြောင်း၊စားဖားရုပ်လည်းပေါက်နေကြောင်းရဲတပ်ဖွဲ့အခြင်းခြင်းဝေဖန်မှုမြင့်တတ်နေကြသည်။
ရဲတပ်ဖွဲ့ဝင်‌တွေမကြာခဏအဆဲခံရတာလည်းရဲကျင့်ဝတ်နားမလည်ပဲ၊စစ်သား‌ကနေရာကောင်းဝင်ယူပြီး၊ရသမျှအကုန်အိပ်ထဲထည့်ပြီးရဲတွေကိုအာဏာပြနေတာလည်းအဓိကအကြောင်းပါဟု”ရဲတပ်ကြပ်ကြီးတစ်ဦးကလည်းဆိုပါတယ်။Source Facebook

အရာရာအားလုံးမင်းလက်ထဲမှာငါ့ဘဝကျရှုံးပြီဆိုတဲ့ အိချောပို

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးအိချောပို စူစူ ရဲ့ ပုံရိပ်လေးတွေ အရမ်းချစ်ဖို့ကောင်းနေပါပြီနော်။

မျှော်လင့်သမျှအကုန်
စိတ်ကူးသမျှအကုန်
အရာရာအားလုံးမင်းလက်ထဲမှာ
ငါဘဝကျရှုံးပြီ…..🎶🎵😍😘
မျှော်လင့်သမျှအကုန်
စိတ်ကူးသမျှအကုန်
အရာရာအားလုံးမင်းလက်ထဲမှာ
ငါဘဝကျရှုံးပြီ…..🎶🎵😍😘
ဆိုတဲ့Caption လေးနဲ့ ချစ်စဖွယ်စူစူရဲ့
အလှအပလေးတွေကို အိချောပိုရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှ
စူစူကိုချစ်တဲ့ပရိတ်သတ်ဆီ ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။
👗 Su Nandar Hlaing
📸 Kaung Si Thu
💄 Winelay
စူစူ

“သမီးတို့ဒီကျောင်းကိုသိမ်းပိုက်လိုက်မယ်”ဟုဗကသဆန္နပြကျောင်းသူဆို

မန္တလေးချမ်းအေးသာစံမြို့နယ်က မန္တလေးပညာရေးကောလိပ်ကျောင်းမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ပြီး မတ်လကုန်အထိ စာမေးပွဲ စစ်ဆေးခြင်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“တီချယ်တို့အနေနဲ့ ဒါကိုမကြိုက်ဘူးဆိုရင် ဒီထဲမှာမနေချင်ဘူးဆိုရင် ကျောင်းပြင်ထွက်နေ၊ သမီးတို့ ဒီကျောင်းကို သိမ်းပိုက်လိုက်မယ်”

မတ်လကုန်အထိ စာမေးပွဲစစ်ဆေးခြင်းကိစ္စကို ပညာရေးဝန်ကြီးဌာနအနေနဲ့ ရပ်ဆိုင်းမှာဖြစ်တယ်လို့ လွှတ်တော်မှာ ပြောကြားခဲ့ပေမယ့် တရားဝင် စာထွက်လာတာမဟုတ်တာကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ် ကျွန်တော်တို့သားထုအနေနဲ့ တစ်ဆင့်ခြင်း တစ်ဆင့်ခြင်း အမြင့်ဆုံးအထိ ဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌကိုသက်မောင်မောင်ကပြောပါတယ်။
Design a site like this with WordPress.com
Get started