တက္ကသိုလ် သင်္ကြန်ပွဲတွေ မလုပ်ဖို့ ပညာရေးဝန်ကြီးဌာနက အမိန့်ထုတ်လိုက်ပြီ

COVID – 19 ကြောင့်တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းများတွင် ကျင်းပမည့် ပွဲများကို စိစစ်ပြီး ရက်ရွှေ့ဆိုင်းရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားသည်။

နိုင်ငံတော် သမ္မတရုံးက COVID-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရန် ညွှန်ကြားသဖြင့် ရုံးဌာန၊ တက္ကသိုလ်၊ ကောလိပ်၊သိပ္ပံ၊ ကျောင်းများတွင် အထိမ်းအမှတ်ပွဲများ၊ ဟောပြောပွဲများ၊ စာတမ်းဖတ်ပွဲ အခမ်းအနားများနှင့် ပွဲလမ်းသဘင်များကို စိစစ်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြားစာ၌ ပါရှိသည်။

‘‘၀န်ကြီးရုံးကနေ ထုတ်ပြန်တာ မနေ့က(မတ် ၃ ရက်) မှ။ ကျွန်တော်တို့က အခုအောက်ခြေဌာနအသီးသီးကို ထပ်ဆင့်ညွှန်ကြားနေပါပြီ’’ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပြောသည်။

Source:7Day

အခမ်းအနားနှင့် ပွဲလမ်းသဘင်များ ကျင်းပလျှင် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်ကိုသာ ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်သည့်အင်အားကိုသာ စိစစ်ခွင့်ပြု ရန် ညွှန်ကြားစာတွင် ပါရှိသည်။

ယင်းအပြင် ကျင်းပသည့် အခမ်းအနား (သို့မဟုတ်) ပွဲလမ်းသဘင်များ ကျင်းပချိန် လျှော့ချ ခြင်းနှင့် ရက်ရွှေ့ဆိုင်း ဆောင်ရွက် နိုင်ပါက ဆောင်ရွက်ရန် ပညာ ရေးဝန်ကြီးဌာနက ဆိုသည်။

မတ်လ ၂၇ ရက်တွင် ပြုလုပ်မည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ခေတ္တဆိုင်းငံ့ ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထား သည်။ အလားတူ နှစ်စဉ်စည်ကား စွာ ကျင်းပသော မုံရွာမြို့ ချင်းတွင်းသင်္ကြန်ပွဲတော်ကို မကျင်းပကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မတ်လ ၂ ရက်တွင် ပြောသည်။

ယခုကာလအတွင်း လူစုလူဝေးများပြားသည့် နေရာနှင့် ပွဲလမ်းသဘင် ရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ

Source:7Day Daily

မြန်မာ မိန်းကလေးအများစု ဘာကြောင့် ဘ၀ပျက်သွားရသလဲ

ခုခေတ် မြန်မာ မိန်းကလေးအများစု ဘာကြောင့် ဘ၀ပျက်သွားရသလဲ ဆိုတာ သိစေချင်လို့ ဒီ post လေးကို တင်ရတာပါ…

အစဆုံးဖတ်ပြီး နှမချင်း ကိုယ်ချင်းစာတယ်ဆိုရင် share လုပ်ပေးပါ

“အရမ်းချစ်တယ် အချစ်ရယ်” မောင့်ကို တကယ်ချစ်တယ် ဆိုရင် “မောင့် ဆန္ဒ လိုက်လျော ပေးပါနော် “
“ဟင့်အင်း မောင်”
မလိုက်လျော ပါရစေနဲ့ “မောင်” ချစ်ကလည်းကွာ….”မောင်က ချစ်ကို တကယ်ချစ်တာပါ ကွာ..”

“ဟင့်အင်း မောင်” ကျမတို့ မိန်းမသား ဘ၀မှာ အရေးကြီးဆုံးဖြစ်တဲ့ အပျိုစင် ဘဝလေးကိုတော့ လက်မထပ်ရသေးပဲ မပေးဆပ်ပရစေနဲ့လား “မောင်”..
တသက်လုံး တန်ဖိုးထားတဲ့ အပျိုစင် ဘဝလေးကိုတော့ မလိုချင်ပါနဲ့အုံး နော်..”မောင်”

“တောက်စ်..” မင်း ငါ့ကို ချစ်တယ်ဆိုတာ ဒါလားကွာ ချစ်သူတွေ ဖြစ်ပြီး မင်း ငါ့ အပေါ် ဒီလောက်တောင် မလိုက်လျော ပေးနိုင်ဘူးလား
မင်း ငါ့ အပေါ် တကယ်ချစ်တာရော ဟုတ်ရဲ့လား
Talky တွေကို ကြည့်ထားနော် ရှုပ်နေတယ်

“မောင် ရယ်” ဘယ်လိုပြောလိုက်တာလည်း မောင့်ကို မချစ်ပဲ နေပါ့မလား မောင့်ကို အရမ်းချစ်တာပေါ့
စိတ်မဆိုးပါနဲ့ မောင်ရယ် မောင်စိတ်ဆိုးရင် ကျမ မနေတတ်လို့ပါ….

ကျမ “မောင့်” ကို တကယ်ချစ်တယ် ဆိုတာကို မောင် ယုံကြည်အောင် ဘယ်လို သက်သေ ပြရမှလည်း ပြော
” ငါ စိတ်ဆိုးတာ မမြင်စေချင်ရင်”

ငါတောင်းဆိုတာ လေးကို လိုက်လျောပေးလေ အများကြီး တောင်းဆိုနေတာလည်း မဟုတ်ဘူး
“ဒီတစ်ခါ ထဲ့ပါပဲကွာ”

“ချစ်” မောင့်အပေါ် ဘယ်လောက်တိ ချစ်လဲ ဆိုတာကို “ချစ်” အပျိုစင် ဘ၀နဲ့ မောင့်အပေါ် သက်သေ ပြလေ

“ဟူး………..မောင်ရယ်”
ချစ်ကလည်းကွာ သက်ပြင်းတွေ ချမနေပါနဲ့
“ဘာဖြစ်ဖြစ် မောင်တာ၀န် ယူတယ်ကွာ နော်”…
မောင့် ဆန္ဒ ကို လိုက်လျော ပေးလိုက်လို့ မောင့်အလိုကို လိုက်ပေးလိုက်ရလို့
“ချစ် ဘယ်တော့မှ နောင်တ မရစေရဘူး နော်”
“ကတိကွာ…ကတိ ” အင်းပါ မောင်ရယ်….

ချစ် တစ်ခုခု ဖြစ်ရင် မောင်တာ၀န် ယူရမယ်နော်
ချစ်ကို ပစ်မသွားရဘူး နော်
မယူရသေးခင်မှာ အခု လို လိုက်လျောပြီး ချစ်ရဲ့ အပျိုစင် ဘ၀ကို မောင့်လက်ထဲ ထိုးအပ်လိုက်တယ် ဆိုတာ ကလည်း
“မောင့်ကို ချစ်လွန်းလို့ မောင့်ကို ယုံကြည်လွန်းလို့ပါ”

“စိတ်ချပါကွာ..” လုပ်ပြီးရင် တာ၀န်ယူရဲတဲ့ စိတ် မောင့်ဆီမှာ အပြည့်ရှိပါတယ်
[အဲ့ဒီ အချိန်မှာ ယောကျာ်း ပီသချက်ကတော့]
ဗန္ဓုလ နဲ့ အလောင်းဘုရားတောင် လက်မိုက် ချသွားနိုင်တယ်
လိုချင်တာ ရသွားတာကို….။

“……… လ အနည်းငယ် ခန့်ကြာသော်”

မောင် ဘာလို့ ချစ်ဆီကို အရင်လို ဖုန်းမဆက်တော့ တာလည်း
“မအားလို့ပါကွာ….”
မောင် ဘာလို့ ချစ်က တွေရအောင်ပြောရင် ရှောင်ဖယ်နေရတာလည်း
“အလုပ်တွေ များနေလို့ပါကွာ….”
ဒါဆို ဘာလို့ အရင်ကနဲ့ မတူတော့ပဲ မောင် အေးတီ အေးစပ် ပုံစံနဲ့ ကျမကို ဆက်ဆံနေတာလည်း
“ဘာမှ မဖြစ်ပါဘူးကွာ….”
မောင်ပြောတော့ ကျမကို လပ်ထပ်မယ်ဆို
အခု လက်ထပ်မယ်ဆိုတဲ့ စကားကို ယောင်ပြီးတော့တောင် မောင့်ပါးစပ်က မထွက်တော့ပါလား

ဒီလို အခြေနေမှာ ဘယ်လိုလုပ်ပြီး လက်ထပ်ကြမှာလည်း
“မင်းတို့ မိန်းမတွေက အတူတူ နေရဖို့လောက်ပဲ သိတာ”
ယူပြီးရင် နွားလို ရှာကျွေးရမှာက ငါတို့ ယောကျာ်းတွေ ကွ….

[လိုချင်တာကို တောင်းနေတုန်းက ဒီလေသံ ဒီအခွက် မဟုတ်ပါဘူး]

“တောက်စ်”…မင်း အခု ဘာဖြစ်ချင်နေတာလည်း ….
“လမ်းခွဲ ချင်နေတာလား ပြတ်ချင်နေတာလား..”
” အော်…မောင်ရယ် ခုကျတော့ ဒီစကားမျိုး ပြောထွက်ပြီပေါ့..”
“အင်းပါ”…မောင်အဆင်ပြေချိန် လက်ထပ်ပါ

[စိတ်ထဲ့ကနေ ဒီမသာ ငါကို လက်ထပ်ပါစေ လို့ပဲ ဆုတောင်းနေယုံကလွဲပြီး ကျန်တာဘာမှ မတတ်နိုင်ပါဘူး]

ကိုယ့် ခန္ဓာ ကို ပေးမှ ကိုယ့်ကို ချစ်မယ် ဆိုတဲ့ ယောကျာ်း မျိုးနဲ့ ဝေးဝေးရှောင်ပါ…
ဆစ်တို့ရော့ Sex ရော့ Love ဆိုပြီးတော့လည်း ကိုယ့်အပျိုစင်ဘ၀ကို ကိုယ်ကိုတိုင်လည်း ဘယ်သောခါမှ ပြန်မသတ် မိပါစေနဲ့ ကိုယ်ဟာ မိန်းမသား ဖြစ်တဲ့အတွက်
ကိုယ့်ရဲ့အပျိုစင်ဘ၀ကို လက်မထပ်ရသေးပဲ့ ကိုယ့်ရှေ့မှာ ဒူးထောက်ပြီး ခစားတဲ့ ယောကျာ်းဖြစ်နေရင်တောင်မှ မထိုးကျွေးမိပါစေနဲ့

ခန္ဓာ ကိုယ်ရမှ ချစ်မယ်ဆိုတဲ့ ယောကျာ်းမျိုးနဲ့ တွေ့တဲ့အခါ
ချစ်သူဘ၀ မရောက်ခင် ရည်းစား ဘ၀မှာတင် လှည့်ပြန်ခဲ့ကြပါ
လိုချင်တာ မရလို့ တကယ်မချစ်လို့လား…?
မင်းက ငါ့ကို မယုံကြည်လို့လား….?
ဆိုတဲ့ Talky တွေနဲ့ ချုပ်တာကို ခံရတဲ့ အခါ စီးထားတဲ့ ဖိနပ်နဲ့ မျက်ခွက် ကို ဆယ်ချက်လောက် ရဲရဲကြီး ရိုက်ပြပြီး နောက်ဆန်မတင်ပဲ့ လှည့်ပြန်လာခဲ့ လိုက်စမ်းပါ…။

အဲ့လိုကောင်းမျိုးတွေက ဘယ်တော့မှ အတည် မယူဘူး
အေပျာ်ပဲ ထားတတ်တာ

မြဲမြဲမှတ်ထား မသေ မချင်း မှတ်ထား
ကိုယ့်ကို တကယ်ချစ်တဲ့ ယောကျာ်းက သူ့ကြောင့် ဘယ်သောခါမှ ကိုယ့်တန်ဖိုးကို လျော့ကျအောင် မလုပ်ဘူး

ကိုယ့်ကို တကယ်ချစ်တဲ့ ယောကျာ်းက သူ့လက်ထဲ့မှာ ရှိတဲ့ မိန်းကလေး တစ်ယောက် တန်ဖိုးကို အမြဲ မြင့်တင်ပေးတယ်

ဒီစာဟာ မိန်းမဖက်က လိုက်ရေးခြင်း မဟုတ်ပါ
ယာကျာ်း အားလုံးကို စော်ကားရခြင်းလည်း မဟုတ်ပါဘူး
လက်ရှိ ဖြစ်ပျက်နေသော့ ခေတ်ကို ထင်ဟတ်စေရန် အတွက်သာ ရေးသားထားပါသည်…။

အားလုံးကို ကျေးဇူးတင်ပါသည်။
Source Facebook

မိုးမောက်မြို့နယ်တွင်ဝက်အကောင်၁၈၀ကျော်ရုတ်တရက်သေဆုံး

သတင်းဝင်းနိုင်-ကချင်မြေ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နဲ့  အနီးတဝိုက်က ကျေးရွာတွေက ဝက်တွေ ဖေဖော်ဝါရီ ၂၉ ရက် နေ့လယ်ပိုင်းက ပါးစပ်ကနေ အမြှုပ်တွေထွက်ကာ နှာခေါင်းတွေကလည်း သွေးထွက်ပြီး ရုတ်တရက် သေဆုံးမှု တယ်လို့ သိရပါတယ်။

သတင်းဝင်းနိုင်-ကချင်မြေ

အဲလို သေဆုံးတာတွေကို ဒေါ့ဖုန်းယန်မြို့၊ ရပ်ကွက်(၁)မှာ အကောင်(၅၀)၊ ရပ်ကွက်(၂)မှာ(၇)ကောင်၊ နားလုံကျေးရွာမှာ (၁၀၂)ကောင်၊ တာဆိုင်ကျေးရွာမှာ(၁၇)ကောင်၊ မံမော်ကျေးရွာမှာ (၆)ကောင် စုစုပေါင်း ဝက်(၁၈၂)ကောင် ရုတ်တရက် သေဆုံးခဲ့ပါတယ်။ အဲဒီလိုဝက်တွေ ရုတ်တရက် သေဆုံးတာကြောင့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို၊ မိုးမောက်မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးမြင့်ဦး၊ ဒေါ့ဖုန်းယန်မြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာဇင်ကိုလတ်နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး သေဆုံးသွားတဲ့ ဝက်တွေရဲ့ သွေးနမူနာတွေကို ရယူပြီး ဝက်အသေကောင်တွေကိုတော့ ကျင်းတူးပြီး မြေမြှုပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ဝက်တွေထပ်မံသေဆုံးမှုရှိမရှိ စောင့်ကြည့်နေပြီး စုံစမ်းမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

သတင်း- ဝင်းနိုင်(ကချင်မြေ)

The mosquito-borne virus kills the coronavirus.

So Dail News

အညစ်အကြေးမြောင်းပုတ်ရေဆိုးများကြောင့် ဖြစ်ပေါ်လာတဲ့ ခြင်ပုန်းတွေ က တကယ့်ကျေးဇူးတင်စရာဖြစ်နေပါပြီ။
The mosquito-borne virus kills the coronavirus.

သူတို့ဟာ လူကိုကိုက်လိုက်ရင် လူရဲ့ ကိုယ်ခံအားစနစ်က Anti-Body ကို အားကောင်းလာစေပြီး Other Virusတွေကို တိုက်ခိုက်လိုက်တာပါ။
ဒါဟာ Human Antibodiesကို ဖြစ်ပေါ်လာစေပြီး ဓါတ်ခွဲစစ်ဆေးချက်အရ (Ede1-C10, Ede2-A11, Ede2-B7) လို့ အမျိုးအစားသုံးမျိုး ဖြစ်ပေါ်လာပါတော့တယ်။

လုပ်ဆောင်ချက်။   ။
ဒီခြင်ပုန်းတွေကြောင့်ဖြစ်ရတဲ့(Dengue)သွေးလွန်တုတ်ကွေးရောဂါမျိုးတွေဟာ၊တခြားတိုးတက်တဲ့နိုင်ငံတွေနဲ့ရာသီဥတုအေးချမ်းတဲ့နိုင်ငံတွေမှာအဖြစ်နည်းသွားပြီဖြစ်သော်လဲ၊ပူပြင်းပြီးမြောင်းပုတ်တွေသိပ်များတဲ့မြန်မာပြည်မှာကတော့အမြဲတန်းကူးစက်ဖြစ်ပွားနေတဲ့ထူးခြားတဲ့အိမ်ရှင်ရောဂါတစ်မျိုးပါပဲ။(Dengue)ရောဂါကိုဖြစ်ပွားစေတဲ့ဗိုင်းရပ်စ်(၄)မျိုးဟာခြင်ပုန်းကိုက်ခံတဲ့မြန်မာနိုင်ငံသားတွေအားလုံးနီးပါးကိုအမြဲကူးစက်ခံနေရပါတယ်။

အဲဒီဗိုင်းရပ်စ်(၄)မျိုးကတော့(DENV1, DENV2, DENV3, DENV4)တွေပါပဲ။ခြင်ပုန်းအကိုက်ခံရတဲ့လူတိုင်းရဲ့ခန္ဓာကိုယ်မှာဖျားနာသည်ဖြစ်စေ၊မဖျားနာသည်ဖြစ်စေ၊အဲဒီဗိုင်းရပ်စ်လေးမျိုးကတစ်မျိုးမျိုးဖြစ်စေ၊လေးမျိုးလုံးဖြစ်စေ၊သွေးထဲကိုကူးစက်ခြင်းခံရပါတယ်။ဒါကြောင့်မြန်မာနိုင်ငံသားတိုင်းမှာလိုလိုအဲဒီဗိုင်းရပ်စ်လေးမျိုးကိုကာကွယ်ပေးနိုင်တဲ့(Antibody)သုံးမျိုးဖြစ်တဲ့(Ede1-C10, Ede2-A11, Ede2-B7)တွေအမြဲရှိနေတတ်ပါတယ်။ခြင်ပုန်းအကိုက်မခံရတဲ့မြန်မာနိုင်ငံသားတွေဆိုတာအလွန်နည်းလို့လူတိုင်းနှီးပါးမှာဒီ(Antibodies)တွေရှိနေတာဟာမထူးဆန်းပါဘူး။
သူတို့ ဟာ ဆန်းကြယ်စွာပဲ မြန်မာလူမျိုးရဲ့ သွေးနဲ့ ထပ်မံဓါတ်ပြုပြီး ရေမြေသဘာဝအနေအထားနှင့်ရောစပ်ကာ
ကမ္ဘာ့ ကပ်ရောဂါ ဖြစ်လာသော
Coronavirus ဟာ တာရှည်သွေးထဲမှာ ရှင်သန်ခွင့်မရပဲ စက္ကန့်ဝက်ပင်မကြာ Virus များကို လျှင်လျှင်မြန်မြန်ဝါးမြိုပစ်သော ဓါတ်ပေါင်းတစ်မျိုး ဖြစ်လာတော့ပါတယ်။
The reaction kills the coronavirus ဖြစ်စဉ်မြင့်တတ်သွားတာပါ။
ဆက်လက်စမ်းသပ်ပြီး The mosquito-borne virus kills the coronavirus.ဖြစ်စဉ်ကို WHO ကသိအောင် Sharingလုပ်ပေးကြပါဦးခင်‌ဗျ။ မူရင်းတွေ့ရှိဆရာနှင့် WHO ပူးပေါင်းပြီး ကမ္ဘာ့ကပ်ရောဂါ မြန်မာက ကယ်တင်ကြရအောင်လားခင်ဗျာ။

ပုသိမ်မြို့ ဥမ္မာဒန္တီတန်ဖိုးနည်းအိမ်ယာများအရောင်းအဝယ်နည်းပါးသည့်အကြောင်းအရင်း

ပုသိမ်မြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဥမ္မာဒန္တီ တန်ဖိုးနည်း အိမ်ရာနှင့် တန်ဖိုးသင့်အိမ်ရာ စီမံကိန်းမှာ ပြည်သူများအား ရောင်းချနိုင်ရေးအတွက် တိုက်ခန်းပေါင်း ၆၀၀ ကျော်ထိ ထည့်သွင်းတည်ဆောက် ခဲ့သော်လည်း တိုက်ခန်းပေါင်း ၅၀ ခန့်သာ ဝယ်ယူမည့်သူရှိခဲ့ပြီး အခန်းပေါင်း ၅၅၀ ခန့်မှာ ဝယ်ယူမည့်သူ မရှိကြောင်း သိရသည်။
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဥမ္မာဒန္တီ တန်ဖိုးနည်း အိမ်ရာနှင့် တန်ဖိုးသင့်အိမ်ရာ စီမံကိန်းတွင် အငှားစနစ်၊ လက်ငင်းစနစ်၊ အရစ်ကျငွေပေးသွင်းသည့် စနစ်များဖြင့် ဆောက်လုပ်ရေးနှင့် အခြေခံအအောက် အအုံဖွံ့ဖြိုးရေးဘဏ်တွင် ၁၅ နှစ်အထိ အရစ်ကျစနစ်ဖြင့် ချေးငွေများရယူကာ ဝယ်ယူနိုင်သော်လည်း အငှားတိုက်ခန်းများသာ ငှားရမ်းရရှိခဲ့ပြီး အရောင်းတိုက်ခန်းများမှာ ဝယ်ယူမည့်သူများ မရှိသည့်အဖြစ်ကို ကြုံတွေ့နေရကြောင်း၊ တိုက်ခန်းများတန်ဖိုးမှာ ၈၂ သိန်း ကျပ်မှ စတင်ကာ ၃၄၀ သိန်းကျပ်ထိရှိပြီး တိုက်ခန်းများ၏ တည်ရာနေရာနှင့် တည်ဆောက်ထားသည့်ပုံစံများ ရေပေးဝေရေးစနစ် စသည့်အခက်အခဲများကြောင့် တည်ဆောက်ဖွင့်လှစ်ပြီးနောက် တစ်နှစ်ခန့်ကြာသည်အထိ ဝယ်ယူမည့်သူ နည်းပါးနေလျက်ရှိကြောင်း သိရသည်။

“အိုးအိမ်ဦးစီးဌာနက လုပ်တာ၊ ကျွန်တော်တို့ အရောင်းဆိုရင်တော့ အခန်းပေါင်း ၆၀၀ ကျော်လောက်ရှိတာပေါ့၊ လေးငါးဆယ် လောက်ပဲ ရောင်းရသေးတယ်။ စျေးနှုန်းတွေ ကလည်း ၈၂ သိန်းကနေ စတာပေါ့နော်။ အကျယ်အဝန်းပေါ် မူတည်ပြီးတော့ သိန်း ၄၀၀ လောက်ထိရှိပါတယ်။ စျေးကွက်ကျတော့ ရန်ကုန်လောက် သိပ်ပြီးတော့ အဝယ်မလိုက် တဲ့အနေအထားရှိပါတယ်။ အငှားကတော့ တစ်ရာကျော်လောက်ရှိတယ်။ အခန်းပေါင်း အဲဒါကတော့ ကျွန်တော်တို့ ငှားတာ ကုန်သ လောက်ရှိနေပါပြီ။ သူက သူ့စည်းမျဉ်းစည်းကမ်း တွေနဲ့ပေါ့နော်။ အငှားကိုလည်းလျှောက် လွှာတင်ပြီးတော့ မဲစနစ်တွေ ဘာတွေနဲ့ ရောင်းချပေးတာ ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများ ရောင်းချရာတွင် မအောင်မြင်ရသည့် အကြောင်းနှင့် ပတ်သက်၍ ပုသိမ်မြို့မှ အိမ်ခြံမြေ အကျိုးတော်ဆောင် တစ်ဦးဖြစ်သူ ဒေါ်မေသဥ္ဇာအောင်က “အဓိကကတော့ ဆိုရှယ်ပိုင်းကလည်း အရမ်းအားနည်းတယ်။ ပြီးတော့ ဘဏ်နဲ့ချိတ်ဆက်တဲ့ အခါမှာလည်း အချက်အလက်တွေက အရမ်းများတော့လေ။ အဲဒါကြောင့်မို့ အဆင်မပြေဘူးလို့ ထင်တယ်။ နောက်မြို့နဲ့ နည်းနည်း အလှမ်းဝေးတယ်။ မြို့ထဲပိုင်းနဲ့ နည်းနည်းလေး ဝေးနေတာကြောင့်လည်းပါမယ်။ အဓိကကတော့ ကြော်ငြာအားနည်းနေတာပေါ့။ လူတွေသိပ်မသိကြသေးဘူး။ ညီမတို့ အကျိုးဆောင်တောင်မှ သိတာမကြာသေးဘူး။ အဲဒီလိုဖြစ်နေတယ်။ တန်ဖိုးနည်းအိမ်ရာဆိုတော့ သူကအခု တစ်ရာကျော်ကျော် လောက်ပဲရှိတော့ သက်သာတယ်လို့တော့မြင်တယ်။ တခြားနေရာတွေ ထက်ပြီးတော့ အရစ်ကျနှုန်းကလည်း သက်သာတယ်လို့ မြင်တယ်။ ရှစ်သောင်း၊ ကိုးသောင်း၊ တစ်သိန်း အဲဒီလောက်ကနေစပြီး ပေးလို့ရတယ်ဆိုတော့ သက်သာတယ်လို့တော့ မြင်ပါတယ်။ အခန်းဖွဲ့စည်းပုံတွေကတော့ မိသားစုနဲ့ဆိုရင် နည်းနည်းကျဉ်းတယ်လို့ ခံစားရတယ်။ အရမ်းတော့မကျယ်ဘူး” ဟု ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့ကြီးအချို့တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဆက်လက် ဆောင်ရွက်နေသော်လည်း တည်ဆောက်ပြီးစီးခဲ့သည့် ဥမ္မာဒန္တီတန်ဖိုးနည်း အိမ်ရာမှာ လက်ရှိအချိန်ထိ လူနေထိုင်မှု နည်းပါးနေပြီး စည်ကားမှုမရှိသည့် အိမ်ရာဝန်းတစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။

Source: Eleven Media

Mask များအား မရောင်းချဘဲ သိုလှောင်ထားသည့် ကုန်သည်များကို ထောင်ချအရေးယူမည်ဟုဆို

mask တွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တွန်းလှန်ရာမှာ အသုံးပြုနေရတဲ့ အခြား ထုတ်ကုန် ပစ္စည်းတွေကို ထုတ်မရောင်းဘဲ သိုလှောင်ထားတဲ့ ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ထောင် ၂ နှစ်ကျ ခံရနိုင်ကြောင်း တောင်ကိုရီးယား အစိုးရက သတိပေးခဲ့ပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့က စတင်ကူးစက်ဖြစ်ပွားခဲ့တဲ့ လူသတ်ဗိုင်းရပ်စ် ရောဂါကြောင့် အခုအခါ သေဆုံးသူ ၆၅၀ ကျော်နဲ့ ပိုးတွေ့လူနာ ၂၈၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ပိုးတွေရှိသူ ၂၀ နီးပါးရှိလာချိန်မှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ကြီးထွားလာခဲ့ပါတယ်။ mask တွေ လက်သန့်ဆေးတွေ ဝယ်လိုအားမြင့်တက်နေပြီး ယင်း ပစ္စည်း တွေကို ထုတ်မရောင်းဘဲ လှောင်ထားကြတာကြောင့် စျေးနှုန်းတွေ အလွန်အမင်းခုန်တက်သွားကြောင်း စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ ယင်း ပစ္စည်းအမျိုးအစားနှစ်ခုကို သီးခြားသတ်မှတ် ကုန်ပစ္စည်းစာရင်းသို့ ထည့်သွင်းခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ပြောဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှစလို့ လစဉ် ပျှမ်းမျှ ရောင်းချပေးနိုင်မှုပမာဏထက် တစ်ဆခွဲကျော် ချန်လှပ် သိုလှောင်ထားတဲ့ ရောင်းချသူတွေအနေနဲ့ ထောင်ဒဏ်အများဆုံး ၂ နှစ်နဲ့ ငွေဒဏ် ဝမ်သန်း ၅၀ (ကန်ဒေါ်လာ ၄၂၀၀၀) တပ်ရိုက်ခံရမှာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လူအချင်းချင်း ပိုးကူးစက်မှုဖြစ်စဉ် တွေ့ရှိထားပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ကနေ ပြန်လာတဲ့ ကိုရီးယား အမျိုးသမီး ပိုးကူးစက်ခံခဲ့ရတာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် သူမဟာ နိုင်ငံမှာ ၁၆ ဦးမြောက် ပိုးတွေ့လူနာဖြစ်လာခဲ့ပါတယ်။

Ref : ABS-CBN NEWS #Myanmar_Online_News
>>Zawgyi<<
Mask များအား မရောင်းချဘဲ သိုလှောင်ထားသည့် ကုန်သည်များကို ထောင်ချအရေးယူမည်ဟုဆို
Thursday , February 6 , 2020
mask တွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တွန်းလှန်ရာမှာ အသုံးပြုနေရတဲ့ အခြား ထုတ်ကုန် ပစ္စည်းတွေကို ထုတ်မရောင်းဘဲ သိုလှောင်ထားတဲ့ ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ထောင် ၂ နှစ်ကျ ခံရနိုင်ကြောင်း တောင်ကိုရီးယား အစိုးရက သတိပေးခဲ့ပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့က စတင်ကူးစက်ဖြစ်ပွားခဲ့တဲ့ လူသတ်ဗိုင်းရပ်စ် ရောဂါကြောင့် အခုအခါ သေဆုံးသူ ၆၅၀ ကျော်နဲ့ ပိုးတွေ့လူနာ ၂၈၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ပိုးတွေရှိသူ ၂၀ နီးပါးရှိလာချိန်မှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ကြီးထွားလာခဲ့ပါတယ်။ mask တွေ လက်သန့်ဆေးတွေ ဝယ်လိုအားမြင့်တက်နေပြီး ယင်း ပစ္စည်း တွေကို ထုတ်မရောင်းဘဲ လှောင်ထားကြတာကြောင့် စျေးနှုန်းတွေ အလွန်အမင်းခုန်တက်သွားကြောင်း စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ ယင်း ပစ္စည်းအမျိုးအစားနှစ်ခုကို သီးခြားသတ်မှတ် ကုန်ပစ္စည်းစာရင်းသို့ ထည့်သွင်းခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ပြောဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှစလို့ လစဉ် ပျှမ်းမျှ ရောင်းချပေးနိုင်မှုပမာဏထက် တစ်ဆခွဲကျော် ချန်လှပ် သိုလှောင်ထားတဲ့ ရောင်းချသူတွေအနေနဲ့ ထောင်ဒဏ်အများဆုံး ၂ နှစ်နဲ့ ငွေဒဏ် ဝမ်သန်း ၅၀ (ကန်ဒေါ်လာ ၄၂၀၀၀) တပ်ရိုက်ခံရမှာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လူအချင်းချင်း ပိုးကူးစက်မှုဖြစ်စဉ် တွေ့ရှိထားပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ကနေ ပြန်လာတဲ့ ကိုရီးယား အမျိုးသမီး ပိုးကူးစက်ခံခဲ့ရတာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် သူမဟာ နိုင်ငံမှာ ၁၆ ဦးမြောက် ပိုးတွေ့လူနာဖြစ်လာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အကြောင်း ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ် ပြည်သူတွေကိုအသိပေးပြီ။

မိသားစု တစ်စု။
ရွှေသောင်ယံ ကမ်းခြေအတွင်းက ရွာတစ်ရွာမှာ နေပါသည်။
တောကောင်လေးများ ဖမ်း၊ တောထဲ တောင်ထဲက သစ်လေး ဝါးလေး ယူ၊ မီးသွေးဖုတ် ရောင်းပါသည်။
မီးသွေးဖုတ်တာဆိုတော့ လေထုကလည်း မသန့်ရှင်းပါ။
အမေဖြစ်သူ ဖျားတာ တစ်လကျော် ကြာပါသည်။
အဖေ ဖြစ်သူကလည်း ချောင်းဆိုးပြီး ဖျားပါသည်။ ၁၅ ရက် ကျော် ကြာနေပါပြီ။
သူတို့ခမျာ နိုင်ငံခြားသွားဖူးဖို့ နေနေသာသာ၊ တောထဲမှာ နေသူဖြစ်လို့ မြန်မာစကားပင် မပြောတတ်ရှာပါ။ ကရင် တိုင်းရင်းသားတွေကိုး။
သူတို့ရွာကိုလည်း နိုင်ငံခြားသားများ လာလေ့မရှိပါ။ လာရောက်ဖူးခြင်းလည်း မရှိပါ။
တစ်လကျော်ကြာ တစ်ရှောင်ရှောင် ဖျားသော အမေသည် ရွှေသောင်ယံ ဆေးရုံမှာ ဆေးကုရင်း ကွယ်လွန်ပါသည်။

pneumonia အဆုပ်ရောင် ရောဂါ ဟု သိရပါသည်။
အမေ ဆုံးတော့ တိုက်နယ်ဆရာ၀န်လေးက ဖျားနေသော အဖေနှင့် သားအကြီးကို ပုသိမ်ဆေးရုံသို့ လွှဲပါသည်။
ပုသိမ်ဆေးရုံမှာ သူတို့ကို စစ်ဆေးကြည့်တော့ Broncho Pneumonia ဟု အဖြေ ထွက်ပါသည်။
သွေးစစ်တော့ Widal Test (+) ထွက်ပါသည်။ အူရောင်ငန်းဖျား စစ်ခြင်း ဖြစ်ပါသည်။
ချောင်းဆိုး လူနာဆိုတော့ ဘေးလူနာတွေကို ကူးမှာစိုး၍ သီးသန့်ထားပေးပါသည်။

ဒါကို fb မှာ ပုသိမ်ဆေးရုံတွင် ဝူဟန်လူနာ ရောက်ပြီဟု တင်ပါသည်။
ပြည်သူတွေ စိုးရိမ်ကြ၊ သတင်းထောက်တွေ လာမေးကြ။
ပြည်သူများ သိသင့်သော သတင်းကို ကျွန်တော် ဘယ်သောအခါမှ ထိမ်ချန်ထားလိမ့်မည် မဟုတ်ပါ။
ပြည်သူတို့ အသက်အန္တရာယ်ကို ကာကွယ်ရန် ဝူဟန် လူနာ ရှိပါက ကျွန်တော် သတင်းပေးပါမည်။
ပြည်သူတွေ ဝူဟန်ကို စိတ်ပူနေကြသည်ကို နားလည်ပါသည်။
သတင်းမှားများ၊ ကောလဟလများကို မယုံကြည်ကြစေလိုပါ။
ပြည်သူတို့နှင့်အတူ ပြည်သူ့အကျိုးကို ကာကွယ်ရန် ပုသိမ်ဆေးရုံ၀န်ထမ်းများ တာ၀န်ထမ်းဆောင်လျက် ရှိပါသည်။
အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ။

ပုသိမ်သို့ ပြောင်းရွေ့လာသော ပင်းတယရဲ့ မီးအိမ်ရှင်ဟုနာမည်ကြီးသည့် ဒေါက်တာသန်းမင်းထွဋ်သည် လတ်တလော ပုသိမ်မြို့တွင် ဝူဟန်ဗိုင်းရပ်စ် ရောဂါ သတင်းနှင့်ပတ်သတ်၍သတင်းအမှားများကိုမယုံကြဖို့သူ၏ဖေ့ဘွတ်ခ်စာမျက်နှာမှဝေမျှခဲ့တာပါ။

ကဲ ဒါဆိုရင် ဝူဟန်ဗိုင်းရပ်စ်အကြောင်း တွေးမကြောက်တွေးမပူကြဖို့နဲ့ ဝူဟန်ဗိုင်းရပ်စ် သတင်းမှန်ကိုသိဖို့ ဆရာ့ရဲ့ အ‌သိပေးမှုလေးတွေ တစ်ဆင့်မျှဝေပေးကြရအောင်နော်။

ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်စေသောဆိုးကျိုးများ၊ရှဲပြီးမျှဝေကြပါ။

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေး ဆိုးကျိုးများစွာ ရှိပါတယ်။ ယောက်ျားလေးတွေရဲ့ ၈၈% က ဆေးလိပ်ကို သောက်သုံးလေ့ ရှိပါတယ်။ အများစုက ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေက မသိသလိုလို၊ လျစ်လျူရှုသလိုလို၊ မေ့ချင်သလိုလိုနဲ့ နည်းမျိုးစုံ အကြောင်းပြပြီး ဆေးလိပ်သောက်လေ့ရှိပါတယ် ။ ဆေးလိပ်သောက်ခြင်းက ဘာကောင်းကျိုး မရနိုင်ရုံသာမက ငွေကြေးကုန်ကျပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများကို ဗဟုသုတ ရစေရန်နှင့် ဆေးလိပ်ဖြတ်ကြဖို့ရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

ဆေးလိပ်သောက်ခြင်းဖြင့် ရရှိစေသော ဆိုးကျိုးများမှာ

မျက်စိအောက် မျက်ပျဉ်းဖြစ်ပေါ်ခြင်း

၂။ ကြမ်းထော်တဲ့ အနီ ဖုများထသော အရေပြားရာဂါ

၃။ သွားတွေပျက်စီးခြင်း

၄။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့ အသားအရေ တွန့်ရှုံ့ခြင်း

၅။ လက်ချောင်းများ ဝါကြန့်ကြန့်ဖြစ်ခြင်း

၆။ ဆံသား ပျက်စီးစေခြင်း

၇။ အမာရွတ်များ ဖြစ်ခြင်း

၈။ နုပျိုမှုတွေ ပျောက်ဆုံးသွားခြင်း

၉။ အရေးအကြာင်းများထင်ခြင်း

၁၀။ မျက်စိအတွင်းတိမ်ခြင်း

၁၁။ ပါးစောင် နှင့် သွားဖုံးကင်ဆာ များဖြစ်ခြင်း

၁၂။ အဆုပ်ကင်ဆာ ဖြစ်ခြင်း

အထက်ဖော်ပြပါ အကြောင်းအရာများထဲမှ တစ်ချို့သော အကြောင်းအရာများသည် ဆေးလိပ်မသောက်ဘူး ဆိုရင်တောင် ဖြစ်နိုင်ပေမဲ့ ဆေးလိပ်သောက်ရင် အန္တရာယ်က ပိုများပါတယ်။ ရောဂါဖြစ်စေဖို့လည်း ဖိအားပေးရာ၊ တွန်းအားပေးရာ ရောက်ပါတယ်။

ဆေးလိပ်သောက်သုံးခြင်းက ကျန်းမာရေး၊ ဦးနှောက်မှတ်ဉာဏ်နဲ့ အမြင်အာရုံတွေအတွက်လည်း အကျိုးမရှိပါဘူး။ ဆေးလိပ်ဖြတ်ခြင်းဖြင့် မိမိခန္ဓာကိုယ် ကြည့်ကောင်းအောင် ရေရှည်ထိန်းသိမ်းနိုင်သော နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။ လူမှုရေး၊ ကျန်းမာရေးအပြင် အချစ်ရေးလည်း ပိုပြီး အဆင်ပြေလာပါလိမ့်မယ်။

အားလုံးပဲ လှပ ကျန်းမာပြီး သာယာသော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ။

့Source : Google
Ref: Amazing Love

ဗြိတိလျှတွေဂျင်းထည့်ခံရပြီလား?ဖတ်ခဲ့ဘူးတဲ့သမိုင်းတွေမှားနေပြီလား?

ပါတော်မူတာ သီပေါမင်းအစစ် မဟုတ်ဘဲ. .စုဖုရားလတ်၏ လင်ငယ် ကြာကူလီကောင်သာ ဖြစ်တယ်”လို့ ဆိုလာတဲ့ အနွယ်တော်တစ်ဦး

သီပေါမင်း ပါတော်မူခြင်းဟာ အားလုံးသိထားကြတဲ့အတိုင်း မဟုတ်ဘဲ. .သီပေါမင်း အစစ်ဟာ တိုင်းတပါးသို့ လုံးဝ ပါတော်မမူခဲ့ဘူးလို့ မင်းမျိုးမင်းနွယ် အနွယ်တော်တစ်ဦးဆိုသူက ပြောလာခဲ့ပါတယ်။
ဤအကြောင်းကို အနွယ်တော်တစ်ဦး ဆိုသော နေမျိုးဦး (Nay Myo Oo )လူမှုကွန်ယက် ဖေ့ဘုတ်စ် အကောင့်ကနေ ဖေဖော်ဝါရီ ၁၇ရက်နေ့က ယခုလို ရေးသားဖော်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ယနေ့ ဥပုတ်တော်ဆောင် ပြန်လည်ပြုပြင်ရေစက်ချပွဲအလှူနှင့် ဘေးတော်သုံးဆယ်မင်းသားကြီးနှင့် ဘိုးလောင်းတော် ဘေးလောင်းတော် ဆွေတော်မျိုးတော်လေးဆယ်အားရက်စက်စွာ ဆင်ဖြုမရှင်နှင့် စုဘုရားလတ်တို့၏ ယုတ်မာစွာ သတ်ဖြတ်ခဲ့သည့်အတွက် ကုသိုလ်အဖို့တွေကို အမျှတော်ဆက်ပွဲလည်းဖြစ်ပေတယ်။
မင်းသားလေးဆယ် မသတ်ခင် ဆင်ဖြူမရှင်သည် ဘုန်းတော်ကြီးဘုရားမင်းတုန်းမင်းကြီးအား ဂေါင်းအုံးတော်ဖြင့် ဖိသတ်သည်ကို
ကျောက်ရစ်မိဘုရားကြီးနှင့် လဲခြားမိဖုရားကြီးတို့ ကိုယ်တိုင်တွေ့ရှိခဲ့ပေတယ်။

မိဖုရားကြီးနှစ်ပါး၏ မျိုးဆက်များမှ သက်သေပင် *အစဉ်အဆက်မှာခဲ့ပေသည် သီပေါမင်း အစစ်သည် ပါတော်မမူကြောင်း. .တိုင်းတာမင်းကြီးသားတော် “ငချို”သာပါတော်မူကြောင်း သက်သေအထောက်အထားများဖြင့်ချပြပါမည်။ “သီပေါလို ငချိုပေး” ဆိုသော လူတွေပါးစပ်ဖျား ပြောကြသောစကားတွေအား သက်သေများဖြင့် အတိအကျရှင်းပြပါမည်။
သီပေါမင်းအစစ်အား စုဖုရားလတ် အဆိပ်ခပ်လုပ်ကြံခြင်း. .သီပေါမင်းအစစ်သည် နန်းတွင်း၌ တစ်နှစ်ခန့်သာနေခဲ့ကြောင်း “ငချို”သာအတု စုဖရားလတ်လင်ငယ် ငယ်ရီးစား ကြာကူလီကောင်သာကျန်ပြီး. .မင်းတုလုပ်ခဲ့ကြောင်းများဟ. .

သီပေါမင်းသည် ရသေ့ကြီးဦးခန္တီဖြစ်ကြောင်းသက်သေများဖြင့် နန်းတွင်းမှထွက်ခြင်းအကြောင်းများ အသေးစိတ်တင်သွားပါမည်။” ဟူ၍ ဖော်ပြရေးသားလာတာပဲ ဖြစ်ပါတယ်။
၄င်း၏ ပို့စ်အောက်မှာလည်း ရှေးစကားများအရ သီပေါမင်း ပါတော်မူခဲ့ခြင်း မရှိကြောင်းများ ကြားဖူးခဲ့ကြောင်း၊ ငယ်ငယ်တုန်းက လူကြီးမိဘများ ပြောစကားများမှာလည်း သီပေါမင်း ပါတော်မူတာ မဟုတ်ကြောင်းများ မှတ်သားခဲ့ဖူးတယ်ဆိုပြီး ထောက်ခံသူများလည်း ရှိနေတာကို တွေ့မြင်ရပါတယ်။
ဒါ့ကြောင့် အမှန်တကယ်ပဲ သီပေါမင်း တိုင်းတပါးသို့ ပါတော်မူခဲ့သလား? သီပေါမင်းအတု
သာ ပါတော်မူခဲ့သလား?ဆိုတာဟာ စိတ်ဝင်စားဖို့ကောင်းသော အကြောင်းအရာတစ်ခု ဖြစ်လာနေပါတယ်။
သင်ခဲ့ရတဲ့သမိုင်းဟာအမှန် ဟုတ်ပါတော့မလား? သီပေါမင်း ပါတော်မူခြင်းကိစ္စ အတု/အစစ် ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း ဗဟုသုတပွားများနိုင်စေဖို့ ပြောပြဝေဖန်ပေးခဲ့ကြပါအုံးနော်။
Source: Unknown Website

Facebook က ကိုရိုနာဗိုင်းရက်စ်ကြောင့် Global Marketing Conference ကို ဖျက်သိမ်း

Facebook က ကိုရိုနာဗိုင်းရက်စ်ကြောင့် Global Marketing Conference ကို ဖျက်သိမ်း
Facebook က ကိုရိုနာဗိုင်းရက်စ်ကြောင့် Global Marketing Conference ကို ဖျက်သိမ်းလိုက်တယ်လို့ Reuters က ပြောပါတယ်။ Conference ကို ဆန်ဖရန်စစ္စကိုက Moscone Center မှာ မတ်လတွင် ကျင်းပဖို့ စီစဉ်ထားပြီး လူပေါင်း ၄ ထောင် တက်ရောက်မှာပါ။
“ ကျွန်တော်တို့ အဖွဲ့ဝင်တွေ ဘေးကင်းဖို့နဲ့ ကျန်းမာရေး မထိခိုက်ဖို့ ဦးစားပေးလုပ်ဆောင်မှာပါ။ အဲဒီအတွက် ကိုရိုနာ ဗိုင်းရက်စ်ကြောင့် Global Marketing Summit ကို ဖျက်သိမ်းလိုက်ပါတယ်။ “ လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ဦးက The Verge ကို ပြောပါတယ်။ကိုရိုနာဗိုင်းရက်စ်ကြောင့် Mobile World Congress ကို ဖျက်သိမ်းလိုက်တယ်လို့ ကြေညာပြီးနောက်မှာ Facebook ရဲ့ ကြေညာချက် ထွက်လာတာပါ။ LG, Ericsson, Nvidia, Intel, Vivo, Sony, Amazon, NTT Docomo, Cisco, Nokia, BT နဲ့ HMD အပါအဝင် ကုမ္ပဏီများစွာကလည်း MWC မှာ မပါဝင်တော့ဘူးလို့ အရင်ကြေညာခဲ့တာပါ။
Ref : theverge

Source: Digital Times

Design a site like this with WordPress.com
Get started