
[Unicode]
အပူများရင် ကိုရိုနာဗိုင်းရပ်စ်မဖြစ်ဘူးဆိုပြီး ရပ်ကွက်ကိုမီးရှို့တာတဲ့

[Zawgyi]

[Unicode]
ဖြစ်စဉ်မှာ ပုသိမ်မြို့ ရှမ်းကျောင်း မှ ည ၁၁ နာရီခန့်က အကြီးအကျယ် မီးလောင်ခဲ့ပါတယ်။

[Zawgyi]

[Unicode]
မီးရှို့သူများကို ဘုန်းကြီးကိုယ်တိုင်ဖမ်းစီးခဲ့ပါတယ်။ရပ်ကွက်နဲ့ ဘုန်းကြီးဝိုင်းဖမ်းရမှ မိခဲ့ပါတယ်။

[Zawgyi]

[Unicode]
အပူချိန်များရင် ကိုရိုနာဗိုင်းရပ်စ်မဖြစ်ဘူးဆိုပြီး ရပ်ကွက်ကို မီးရှို့မယ် ဆိုကာအဆိုပါ သုံးဦး အရက်သောက်ရင်း တိုင်ပင်သည်ကို သဲ့သဲ့ကြားရတယ်ဟူ၍
မီးလောင်ရာကို လာကြည့်သော အရက်သမားတစ်ဦးက ဆိုသည်ဟု ဗိုက်ကြီးသည်တစ်ဦးက ပြောဆိုသွားသည်ဟုလည်း သိရပါတယ်။
[Zawgyi]







Unicoad]

ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ဒဂုံတက္ကသိုလ်က သင်္ကြန် ရေကစားပွဲ

ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ဟာ ကပ်ရောဂါအသွင် ဖြစ်ပွားနေတာကြောင့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်တွေ မကျင်းပဖို့ ထုတ်ပြန်ထားပေမယ့် ဒဂုံတက္ကသိုလ်တွင် ကျောင်းသင်္ကြန်ပွဲတော်ကို မတ်လ ၁၂ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လာမည့် မတ်လ ၁၈ ရက်တွင်စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရပါတယ်။
Source:BBC
Photo – Ye Myo Khant / MPA

အရှေ့တိုင်းလက်အုပ်ချီနှုတ်ဆက်သည့်ယဉ်ကျေးမှု ကိုရိုနာဗိုင်းရပ်စ်ကြောင့်အနောက်တိုင်းသို့ပျံ့နံ့လာ



Unicoad

ကမ္ဘာတစ်ဝန်းလုံးတွင်ယဉ်ကျေးမှု့အရ လူတစ်ဦးနှင့်တစ်ဦးတွေ့ဆုံနုပ်ဆက်ကြသည့်အခါ လက်ဆွဲနုပ်ဆက်ကြခြင်းပွေ့ဖက်နုပ်ဆက်ကြခြင်းများပြုကြလေ့ရှိပါသည် ။
ယခုအခါ Covit -19 ရောဂါကူးစက်မှု့ကြောင့် လူတစ်ဦးနှင့်တစ်ဦး ထိတွေ့လက်ဆွဲနုပ်ဆက်ခြင်းမပြုကြတော့ဘဲ အရှေ့တိုင်းယဉ်ကျေးမှု့ပုံစံ လက်အုပ်ချီ၍ နုပ်ဆက်နေကြသည်ကိုတွေ့မြင်ကြရလေသည် ။

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအား ဖုံးကွယ်ထားပါက ထောင်ဒဏ် ၆ လ ဒဏ်ငွေ ၅၀၀၀၀ ချမှတ်မည်။

ကိုရိုနာဗိုင်းရပ်စ် (COVID -19) သံသယလူနာတွေ့လျှင် ချက်ချင်းအကြောင်းမကြားဘဲ ဖုံးကွယ်ထားပါက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနှင့် ၂၀၁၁ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ ဒဏ်ငွေ ၅၀၀၀၀ (သို့မဟုတ်) ထောင်ဒဏ် (၆) လ ဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ်လုံးဖြစ်စေ အရေးယူနိုင်ကြောင်းသိရသည်။

ယနေ့ (မတ်လ ၁၃ ရက်) က ကျင်းပသည့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲ၌ ဗဟိုကူးစက်​ရောဂါတိုက်ဖျက်​ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ​ဒေါက်တာဒေါ်ခင်ခင်ကြီးက အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

“ဒီရောဂါက ကိုယ့်ဘာသာကိုယ်စစ်ပြီး ကိုယ့်ဘာသာ ကိုယ်ကုလို့ရတဲ့ရောဂါမဟုတ်ဘူး။ ဒီရောဂါကိုတိုင်ကြားရမယ့် ရောဂါအဖြစ် အမိန့်စာလည်းထုတ်ထားပြီးပြီ။ ဒါကိုဖုံးကွယ်ထားလို့မရဘူး။ဖုံးကွယ်ထားတယ်လို့သိရှိလာရင်တော့ ကူးစက်ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူရပါမယ်။ အခုလက်ရှိကျင့်သုံးနေတာက ၁၉၉၅ ခုနှစ် ကူးစက်ကာကွယ်နှိမ်နင်း​​ရေးဥပဒေ ပြီးတော့ အဲဒီ ၁၉၉၅ ခုနှစ် ဥပဒေကိုပြင်ဆင်ထားတဲ့ ၂၀၁၁ ခုနှစ် ကူးစက်ကာကွယ်နှိမ်နင်းရေးဥပဒေကိုသုံးနေတယ်။ ဒီဥပဒေအရ ဖုံးကွယ်ထားတာကို သိရှိရင်တော့ ဒဏ်ငွေ ၅၀၀၀၀ (သို့မဟုတ်) ထောင်ဒဏ်ခြောက်လဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူရမယ်ဆိုပြီး ပါရှိပါတယ်” ဟု ဒေါက်တာ ဒေါ်ခင်ခင်ကြီးက ပြောသည်။

ထို့အ​ပြင် ၎င်းက လွှတ်တော်ကိုတင်သွင်းမည့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအ​ကြောင်းကို ဆက်လက်ဆွေးနွေးရာမှာ –
“၂၀၀၆ ခုနှစ်ကုန်ထဲကရေးဆွဲထားပြီးတော့ မကြာခင်မှာ လွှတ်တော်ကိုတင်မယ့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေဆိုပြီး အသစ်ရှိပါတယ်။ အဲဒီဥပဒေမှာ စာမျက်နှာ ၂၅ မျက်နှာနဲ့ အခန်း ၁၁ ခန်းပါပါတယ်။ဒီဥပဒေကိုသာအတည်ပြုလိုက်ရင်တော့ ဒီလိုကူးစက်ရောဂါတွေကို နိုင်နိုင်နင်းနင်း နှိမ်နင်းနိုင်မှာပဲဖြစ်ပါတယ်” ဟု ၎င်းကဆွေးနွေးခဲ့သည်။

အဆိုပါ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေနှင့်ပတ်သက်ပြီး  တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက –
“ ဒီဥပဒေကတော့ လူတွေနဲ့နည်းနည်းစိမ်းနေတယ်။ ဒါပေမဲ့  ကူးစက်ရောဂါအဖြစ်သတ်မှတ်ပြီးရင်တော့ ဥပဒေအရ အကြုံးဝင်ပါတယ်။ နောက်ပြီး သတင်းပေးတိုင်ကြားနိုင်တဲ့ ဥပဒေလည်း ဖြစ်ပါတယ်။ ရှေ့မှာတုန်းက ပလိပ်ရောဂါလိုမျိုး ကူးစက်တတ်တဲ့ ရောဂါတွေအတွက် ပြဌာန်းထားတာပါ။ တစ်ချို့တွေကျတော့ ကူးစက်ရောဂါရှိရင် ရှက်တယ်။ မိသားစု ၊ ပတ်ဝန်းကျင်ကို ပြောပြတာမျိုးမရှိဘူး။ အဲဒီအကျိုးဆက်က ကူးစက်ရောဂါတွေကို ပိုပြီုးဖြစ်လာစေတယ်” ဟု ၎င်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် စံတော်ချိန်သတင်းဌာန၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ဖူးသည်။

ကူးစက်ရောဂါဖြစ်ပွားမှုရှိလျှင် အိမ်ထောင်ဦးစီးသို့မဟုတ် အိမ်ထောင်စုဝင်တစ်ဦးဦးသည် သက်ဆိုင်ရာ ကျန်းမာရေးဌာန (သို့မဟုတ်) ဆေးရုံသို့ ချက်ခြင်းတိုင်ကြားရမည်ဖြစ်ကြောင်း ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေတွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ် (COVID – 19) ကို ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေအရ ကူးစက်မြန်သည့်ရောဂါ၊ တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတ်မှတ်လိုက်ကြောင်း ဖေဖော်ဝါရီလက သတင်းထုတ်ပြန်ထားသည်။

Source: Facebook

ယနေ့ (မတ်လ ၁၃ ရက်) တွင် နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် မိမိပတ်ဝန်းကျင်တွင် သံသယလူနာတွေ့ရှိပါက မြို့နယ်၊ ရပ်ကွက်/​​ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့ အသိပေးဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ-မြန်မာနိုင်ငံဆရာဝန်များအသင်း

ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေဖို့ ဖုန်းကိုဘယ်လို သန့်ရှင်းအောင်ထားမလဲ

စစ်တမ်းတွေအရ COVID-19 လို့ လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျက်နှာပြင်တွေပေါ်မှာ ကိုးရက်ကြာ ရှင်သန်နိုင်ကြပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်တွေ ရှိနေနိုင်ပါတယ်။ စမတ်ဖုန်းတွေဟာ သင့်ရဲ့လက်နဲ့ မျက်နှာနဲ့ အစဉ်အမြဲ ထိတွေ့နေရပါတယ်။ ဒါကြောင့် ဖုန်းပေါ်က ဗိုင်းရပ်စ်နဲ့ ရောဂါပိုးမွှားတွေကလည်း သင့်မျက်နှာပေါ် အလွယ်တကူ ရောက်လာမှာပါ။

ဖုန်းတွေကို ကိုင်တွယ်ပြီးတာနဲ့ လက်ဆေးတာက သင်နဲ့သင်ချစ်တဲ့သူတွေဆီ ဗိုင်းရပ်စ်ရောက်ရှိပြန့်ပွားမှုကို တားဆီးနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်နိုင်တဲ့ အီလက်ထရောနစ်ထုတ်ကုန်နဲ့ စမတ်ဖုန်းကို ပိုးသတ်ထားသင့်ပါတယ်။ သုံးစွဲသူက iPhone ကို Clorox လိုမျိုး ပိုးသတ်ဆေးနဲ့ သန့်ရှင်းနိုင်တယ်လို့ Apple က ထုတ်ပြန်ထားပါတယ်။ Samsung ကတော့ ဖုန်းသန့်ရှင်းရေးနဲ့ ပတ်သက်ပြီး ဘာမှမပြောပါဘူး။

ဖုန်းကို ဘယ်လိုသန့်ရှင်းအောင်လုပ်မလဲအပြင် ဖုန်းမျက်နှာပြင်ပေါ်က လက်ဗွေရာတွေ၊ port တွေက သဲနဲ့ချည်စတွေ သန့်ရှင်းတာ၊ မျက်နှာပြင်ကို ဘယ်လိုသန့်ရှင်းအောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရေစိုခံတဲ့ ဖုန်းတွေကိုလည်း ဘယ်လိုထိန်းသိမ်းမလဲဆိုတာ ပြောပြပေးမှာပါ။

ဖုန်းကိုသန့်ရှင်းရေးလုပ်ပါ

အပြင်မှာ တံခါးလက်ကိုင် ဒါမှမဟုတ် ဈေးဝယ်တွန်းလှည်းကို ထိတွေ့ပြီးနောက် ဖုန်းကို အသုံးပြုပြီးနောက် အယ်လ်ကိုဟောပါဝင်တဲ့အရည်နဲ့ သန့်ရှင်းရေးမလုပ်ပါနဲ့။ စမတ်ဖုန်းရဲ့ display နဲ့ အခြား port တွေကို ထိခိုက်နိုင်ပါတယ်။ တချို့ဝက်ဘ်ဆိုက်တွေကတော့ အယ်လ်ကိုဟောနဲ့ ရေရောစပ်ပြီး ဖုန်းကို သန့်ရှင်းဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ ထုတ်ကုန်မထိခိုက်စေဖို့ အဲဒီလမ်းညွှန်ချက်အတိုင်း ပြုလုပ်ဖို့ အားမပေးလိုပါဘူး။ Apple ကတော့ iPhone ကို ၇၀ ရာခိုင်နှုန်း isopropyl alcohol ပါတဲ့ ဆေးရည်ဒါမှမဟုတ် Clorox နဲ့ သန့်ရှင်းနိုင်တယ်လို့ ပြောထားပါတယ်။ ဒါမှမဟုတ်လည်း PhoneSoap ထုတ်ကုန်လိုမျိုး UV light နဲ့ သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ UV light ကုမ္ပဏီရဲ့ ထုတ်ကုန်က ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှား ၉၉.၉ ရာခိုင်နှုန်း ကို သတ်နိုင်တယ်လို့ ပြောထားပါတယ်။

ဖုန်းပေါ်ကလက်ဗွေယာကိုသန့်ရှင်းရေးလုပ်ပါ

သင့်အရေပြားပေါ်မှာ အဆီတွေ အဆက်မပြတ်ထွက်နေတာကြောင့် ဖုန်းပေါ်က လက်ဗွေရာတွေကို တားဆီးဖို့ ခက်ခဲပါတယ်။ ဖုန်းကို ကိုင်တွယ်အသုံးပြုလိုက်တဲ့ အချိန်တိုင်း လက်ဗွေတွေက ထင်ကျန်နေမှာပါ။ ဖုန်းမျက်နှာပြင်ပေါ်က လက်ဗွေရာတွေ သန့်ရှင်းအလုံခြုံဆုံးနဲ့ ထိရောက်စွာ အသုံးပြုမယ်ဆို microfiber အဝတ်စကို သုံးစွဲသင့်ပါတယ်။ တကယ်လို့ မျက်နှာပြင်ကို အလွန်အမြန် သန့်စင်မယ်ဆိုရင်တော့ microfiber အဝတ်စကို ရေမွှေးလိုမျိုး ပေါင်းခံထားတဲ့ အယ်လ်ကိုဟောစွတ်ပြီး မျက်နှာပြင်ကို သုတ်ပေးရပါမယ်။ ဖုန်းကျောဘက်နဲ့ ဘေးဘက်ကိုလည်း အလားတူ နည်းလမ်းအတိုင်း သန့်ရှင်းရေးလုပ်နိုင်ပါတယ်။

သဲနဲ့အစအနတွေဖယ်ရှားပါ

ဖုန်းက port တွေမှာ သဲနဲ့ ဖုန်အစအနတွေ ကပ်ငြိလေ့ရှိပါတယ်။ Port ထဲက သဲနဲ့ ဖုန်အစအနတွေကို Scotch တံဆိပ်တိပ်ကပ်ပြီး ဖယ်ရှားနိုင်ပါတယ်။ ဖုန်းရဲ့ စပီကာနဲ့ ခေါက်ရာတွေကတစ်ဆင့် port အတွင်းထဲ တိပ်ကပ်ပြီး ဆွဲခွာလိုက်တာနဲ့ သဲနဲ့ ဖုန်အစအနကို ဆွဲထုတ်ပေးနိုင်ပါတယ်။ စပီကာမှာ ကပ်ငြိနေတဲ့ ဖုန်တွေကတော့ သွားကြားထိုးတံ ဒါမှမဟုတ် tool ‌တွေနဲ့ သန့်ရှင်းနိုင်ပါတယ်။

ဖုန်းပေါ်ကမိတ်ကပ်အရာကိုဘယ်လိုဖယ်ရှားမလည်း

မိတ်ကပ်အပြည့် လိမ်းကျံထားတဲ့ အမျိုးသမီးတွေ ဖုန်းပြောတဲ့အခါ ဖုန်းမျက်နှာပြင်မှာ မိတ်ကပ်တွေ စွန်းထင်းသွားမှာပါ။ ဖုန်းပေါ်က မိတ်ကပ်တွေကို ဖယ်ရှားဖို့ အမျိုးသမီးတွေ သုံးလေ့ရှိတဲ့ မိတ်ကပ်ဖျက်ဆေးကို အသုံးမပြုသင့်ပါဘူး။ ဖုန်းမှာလည်း ကိုယ်ပိုင် မိတ်ကပ်ဖျက်ဆေးရှိပါတယ်။ Whoosh လိုမျိုး ထုတ်ကုန်က ဖုန်းမျက်နှာပြင်ပေါ်က မိတ်ကပ်တွေကို ဖျက်ပေးနိုင်ပါတယ်။ Whoosh မှာ အယ်လ်ကိုဟော၊ ကလိုရင်း၊ အမိုးနီးယား ဒါမှမဟုတ် ဖော့စ်ဖရိတ်မပါဝင်တဲ့အတွက် စမတ်ဖုန်း မျက်နှာပြင် coating ကိုမထိခိုက်စေပါဘူး။

ရေစိုခံဖုန်းတွေကိုသန့်ရှင်းနိုင်သလား

IP67 နဲ့အထက် အသိအမှတ်ပြုခံထားရတဲ့ ဖုန်းတွေဟာ ရေစိုခံနိုင်ပါတယ်။ iPhone 7 နဲ့ Galaxy S ဖုန်းသစ်တွေကလည်း ရေအောက် ၃ ပေမှာ မိနစ် ၃၀ အထိ ရေဖိအားကို ခံနိုင်ရည်ရှိပါတယ်။ အဲဒီဖုန်းတွေကို အဝတ်စိုတွေနဲ့ သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ အဝတ်စိုနဲ့ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ခြောက်သွေ့တဲ့ အဝတ်နဲ့ သုတ်ပေးရပါမယ်။ စပီကာနဲ့ port တွေကိုလည်း ခြောက်သွေ့အောင် လုပ်ပေးဖို့ လိုပါတယ်။
ဖုန်းကို ပြတင်းပေါက်သန့်ရှင်းရေး ဆေးရည်၊ မီးဖိုချောင်သုံး သန့်ရှင်းရေးပစ္စည်း၊ တာဝါစက္ကူ၊ ရှာလကာရည်၊ မိတ်ကပ်ဖျက်ဆေး၊ လက်ဆေးဆပ်ပြာတို့နဲ့ မဆေးကြောဖို့ အကြံပြုလိုပါတယ်။

Soe Htet

Ref:CNET

Source: Internet Journal

အခွင့်အရေးများရရင်ရသလို ယူတတ်တဲ့ အသက်ကြီးကြီးလူကြီး ကားပေါ်မှာ

လူတွေများ အခွင့်ရေးရရသလို တစ်ဆုံးယူတတ်ကြတာများတယ်။


ခုကားပေါ်မှာ အသက်ကြီးလူကြီးတစ်ယောက် ဘယ်လောက်တောင်စိုးလဲလို့။


ခုံကိုနောက်လှန်ထားတာများ ကိုယ်လဲတစ်ခါတစ်လေနောက်နဲနဲလှန်တတ်ပါတယ်။


ခုဟာက အိမ်က ဒရင်းဘတ်များမှတ်နေလားမသိ။ခြေထောက်ဆန့်မရ၊သူ့လက်တင်ရင်ကိုယ့် မျက်နှာနဲ့ထိတော့မယ်။ပစ္စည်းကျလို့တောင်ကောက်မရ။
အသက်အပိုင်းခြားက အလကား စွလိုက်ကန်းဆိုးသိဖို့ပဲ။ဒီလိုအဖြစ်အပျက်တွေ မဖြစ်အောင် လူလိုမသိတဲ့လူတွေ လူလိုသိလာအောင် ရှဲပေးကြပါဦးနော်။

Source: Facebook

ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရန် ဖွဲ့စည်းပုံပြင်ဆင်ချက်ရှုံးနိမ့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ဖို့ တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆(က)မှာ အကျုံးဝင်တဲ့ ပုဒ်မ ၁၄ ခုကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲတာမှာ တပ်မတော်နဲ့ ပတ်သက်တဲ့ ပုဒ်မတွေ အားလုံးနီးပါး ပြင်ဆင်ခွင့်မရဘဲ ရှုံးနိမ့်သွားပါတယ်။ 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေကို မတ်လ ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့မနက် ကိုယ်စားလှယ်တွေ လျှို့ဝက် မဲပေးစနစ်နဲ့ စတင်မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ 

အဲဒီမှာ  ပုဒ်မ ၄၃၆(က)နဲ့အကျုံးဝင်တဲ့ အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများအခန်းက ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ကို မဲခွဲဆုံးဖြတ်တာမှာ  တပ်မတော်နဲ့အဓိက သက်ဆိုင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲတွေ၊ နိုင်ငံတော်ကို ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်ချက်တွေဟာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်တဲ့အတွက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၄၃၆(က)မှာ အကျုံးဝင်ပြီး တပ်မတော်နဲ့သက်ဆိုင်တဲ့ ပုဒ်မ ၃၂(က)နဲ့ (ခ)မူလပြဋ္ဌာန်းချက်ပါ မသန်မစွမ်းဆိုတဲ့ စကားရပ်တွေအစား မသန်စွမ်းလို့ ပြင်ဆင်ထားတဲ့ အချက်နှစ်ချက်ပဲ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။

 အခုလို ပြင်ဆင်နိုင်တဲ့ နှစ်ချက်ကလည်း ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရဦးမှာဖြစ်တဲ့အတွက် ပြင်ဆင်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင် ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောပါတယ်။ 

ဒီနေ့လွှတ်တော်ကို လေ့လာရေးလာရောက်တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေရဲ့ ကြိုးစားအားထုတ်မှုဟာ အားရစရာ ကောင်းပေမယ့် ရလဒ်အရ ပြင်ဆင်ရေးလုပ်ငန်းတွေကတော့ ဆက်လက်ဆောင်ရွက်သွား ရဦးမယ်လို့ ပြောပါတယ်။

အခုလို ဖွဲ့စည်းပုံရဲ့ အခြေခံမူအခန်းတောင် ပြင်ဆင်ဖို့ ခက်ခဲနေရင် နောက်ပိုင်းပုဒ်မတွေ ပြင်ဆင်တာမှာလည်း ၇၅ ရာခိုင်နှုန်းကျော်ရဖို့ခက်ခဲဦးမှာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ဒီပုဒ်မတွေ ပြင်နိုင်ဖို့ ပြည်ထောင်စုလွှတ်ကိုယ်စားလှယ်အားလုံးရဲ့  ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ အနည်းဆုံး ၄၉၁ မဲရဖို့ လိုအပ်ပါတယ်။ 

မတ်လ ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်စုစုပေါင်းကတော့ ၆၅၄ ဦးရှိပြီး အစည်းအဝေးမတက်ဘဲ ပျက်ကွက်သူ ရွေးကောက်ခံအမတ် ၂၁ဦး ထိရှိခဲ့ပါတယ်။ 

မတ်လ ၁၁ ရက်နေ့မှာတော့ ဖွဲ့စည်းပုံ  ပုဒ်မ ၄၃၆ (က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မနဲ့ ပုဒ်မခွဲ ၁၅ ခုကို စုစည်းထားတဲ့ ဆန္ဒမဲလက်မှတ် ၂  ကို ဆက်လက်မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

Source:DVD

လန်ဒန်အခြေဆိုက် ဖေ့ဘွတ်ခ်ရုံးခန်းသို့ ကိုရိုနာဗိုင်းရပ်စ်ဝင်သဖြင့် ဖေ့ဘွတ်ခ်ရုံးများပိတ်လိုက်ရ

စင်ကာပူက ဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတာကြောင့် သန့်စင်ရှင်းလင်းရေးအတွက် လန်ဒန်ကရုံးနဲ့ စင်ကာပူက ရုံးတစ်စိတ်တစ်ပိုင်းကို ပိတ်ထားပြီဖြစ်ကြောင်း ဖေ့ဘုတ်ကုမ္ပဏီက သောကြာနေ့က ပြောပါတယ်။

အမေရိကန်နည်းပညာကုမ္ပဏီကြီး ဖေ့ဘုတ်ရဲ့ စင်ကာပူ Marina One ရုံးမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ဦး COVID-19 ခေါ် ကိုရိုနာဖြစ်ပွားတာဖြစ်တယ်လို့ ပြောခွင့်ရသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

Photo-FPA

“သန့်စင်ရှင်းလင်းရေးအတွက် ကူးစက်ဖြစ်ပွားသူ ရောက်ရှိခဲ့ရာ ဧရိယာတွေကို ကျွန်တော်တို့ ချက်ချင်းပိတ်လိုက်တာဖြစ်တယ်။ ဝန်ထမ်းတွေကိုလည်း မတ် ၁၃ ရက်အထိ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အကြံပေးထားတယ်။”လို့ ၎င်းက အီးမေးလ်ကတစ်ဆင့် ဆိုပါတယ်။
ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၆ ရက်အတွင်းက လန်ဒန်က ရုံးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

“ဒါကြောင့် လန်ဒန်ကရုံးကို တနင်္လာနေ့အထိ ပိတ်ထားမှာ ဖြစ်ပြီး ဝန်ထမ်းတွေအနေနဲ့ အိမ်ကနေပဲ အလုပ်လုပ်ရမှာ ဖြစ်တယ်။”လို့ ၎င်းပြောခွင့်ရသူက ဆိုပါတယ်။

ကိုရိုနာ ကူးစက်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံခဲ့သူတွေကို တစ်သီးတစ်ခြားနေကြပြီး ရောဂါလက္ခဏာ ပြသလာမလာကို စောင့်ကြည့်ဖို့လည်း ပြောဆိုတိုက်တွန်းထားတယ်လို့ ဖေ့ဘုတ်ကုမ္ပဏီက ပြောပါတယ်။

ဖေ့ဘုတ်ကုမ္ပဏီဟာ ရှန်ဟိုင်းက ရုံးကိုလည်း နောက်ထပ် အကြောင်းမကြားမချင်း ပိတ်ထားတာဖြစ်ပြီး အီတလီနဲ့ တောင်ကိုရီးယားရုံးတွေက ဝန်ထမ်းတွေကိုလည်း အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

Source:FPA

အမေရိကန်သမ္မတ ကိုရိုနာရောဂါ ကူးစက်ခံနေရတာနှင့် ပတ်သတ်သည့်အကြောင်း ဒုသမ္မတ မိုက်ပန့်စ်‌ဆို

သမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့သလားဆိုတာ မသိရှိဘူးလို့ ဒုသမ္မတ မိုက်ပန့်စ် ပြောသမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့သလားဆိုတာ မသိရှိဘူးလို့ ဒုသမ္မတ မိုက်ပန့်စ် ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ဆေးစစ်မှု ခံယူခဲ့သလား၊ မခံယူခဲ့ဘူးလားဆိုတာကို သူ့အနေနဲ့ မသိရှိပါဘူးဆိုပြီး ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားလိုက်ပါတယ်။

Photo-Mizimma

သမ္မတ ထရမ့် ဒီဗိုင်းရပ်စ် စစ်ဆေးမှုလုပ်ခဲ့သလားဆိုပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေဆိုစဉ်မှာ ဒုသမ္မတ မိုက်ပန့်စ်က ဒီကိစ္စ သူမသိဘူးလို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဒါဟာ အမေရိကန် လွှတ်တော်အမတ်တစ်ချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတစ်ဦးနဲ့ ထိတွေ့မိခဲ့ကြတယ်လို့ သိရပြီး အဆိုပါ အမတ်တွေဟာ နောက်ပိုင်းမှာ သမ္မတ ထရမ့်နဲ့လည်း တွေ့ဆုံခဲ့ကြတဲ့အတွက် သမ္မတထရမ့်ရဲ့ ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ အလားအလာနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Source-Mizzima

ဧရာဝတီတိုင်းတွင်း ပိုင်ရှင်မဲ့သစ်၂၄တန်ကျော်တစ်ရက်တည်းဖမ်းမိ







Source: Ayeyawaddy Times

Design a site like this with WordPress.com
Get started