ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားနေစဥ် ဆန္ဒဖော်ထုတ်မှုပြုလုပ်တဲ့အတွက် အခမ်အနားမှာရုတ်ရုတ်သဲသဲဖြစ်ခဲ့

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားနေစဥ် ဆန္ဒဖော်ထုတ်မှုပြုလုပ်တဲ့အတွက် အခမ်အနားမှာရုတ်ရုတ်သဲသဲဖြစ်ခဲ့

နေပြည်တော်၊ဇန်နဝါရီလ-၂၈ ရက်။သည်ကနေ့  နေပြည်တော်မှာ ကျင်းပတဲ့  ” ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ” ပွဲမှာ ကျောင်းသားသမဂ္ဂကိုယ်စားပြု ၁၁ ဦးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဥ်မှာ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး မတ်တပ်ရပ်ကာ ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ပါတယ်။
အခုလိုပြုလုပ်တဲ့အတွက် အခမ်းအနားမှာ ရုတ်ရုတ်သဲသဲ အနည်းငယ်ဖြစ်ပေါ်ခဲ့တာကြောင့် လုံခြုံရေးပိုင်းနဲ့ အကြီးအကဲတွေက ထိန်းသိမ်းခဲ့ကြရပါတယ်။အခမ်းအနားအတွင်း ၁၅ မိနစ်ခန့် အထိ မတ်တပ်ရပ်ကာ ဆန္ဒဖော်ထုတ်မှု ပြုခဲ့ကြတာပါ။
သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားနေစဥ်မှာပဲ”ဒါတွေကို နောက်မှာ အချေအတင်ပြောနေလို့ အလကားပဲ။ထောင်ပြတဲ့ဟာတွေကို ဒီကလည်း မြင်ကိုမမြင်ရဘူး။အဲတော့ ဒါက ဘာမှထိရောက်မှုရှိတာမဟုတ်ဘူး။နောက်ပြီး အခမ်းအနားတွေကို ကိုယ့်အတွက် ကိုယ့်အဖွဲ့အတွက် ကိုယ့်တစ်ယောက်တည်းရဲ့အမြင်အတွက် အသုံးမချပါနဲ့။ဒါဟာ လုံးဝဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။လူတိုင်း လူတိုင်းမှာ အခွင့်အရေးရှိသလို တာဝန်ရှိတယ်ဆိုတာလည်း သိရပါလိမ့်မယ်။စည်းကမ်းဆိုတာလည်း ကိုယ့်စည်းကို ထိန်းရပါလိမ့်မယ်”လို့ ပြောပါတယ်။
အခမ်းအနား ခေတ္တနားနေချိန်မှာတော့ ဝန်ကြီးဌာနဘက်မှ အကြီးအကဲတွေအချို့နဲ့ ဆန္ဒဖော်ထုတ်သူတွေ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့် ဆန္ဒဖော်ထုတ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ အချိန်အနည်းငယ် တွေ့ဆုံဖို့ တောင်းဆိုခဲ့ကြပါတယ်။ဒါပေမယ့် ဝန်ကြီးဌာနဘက်က တွေ့ခွင့်မပေးခဲ့ပါဘူး။
ဆန္ဒဖော်ထုတ်သူတွေက ရန်ကုန်ပညာရေးတက္ကသိုလ်၊စစ်ကိုင်းပညာရေး တက္ကသိုလ် နဲ့ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများကိုယ်စားပြု တို့ ပါဝင်တယ်လို့ သိရပါတယ်။
Author /Photo  မာရီခိုင် Source Kumudar
Design a site like this with WordPress.com
Get started