သမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့သလားဆိုတာ မသိရှိဘူးလို့ ဒုသမ္မတ မိုက်ပန့်စ် ပြောသမ္မတဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့သလားဆိုတာ မသိရှိဘူးလို့ ဒုသမ္မတ မိုက်ပန့်စ် ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ဆေးစစ်မှု ခံယူခဲ့သလား၊ မခံယူခဲ့ဘူးလားဆိုတာကို သူ့အနေနဲ့ မသိရှိပါဘူးဆိုပြီး ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားလိုက်ပါတယ်။

သမ္မတ ထရမ့် ဒီဗိုင်းရပ်စ် စစ်ဆေးမှုလုပ်ခဲ့သလားဆိုပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေဆိုစဉ်မှာ ဒုသမ္မတ မိုက်ပန့်စ်က ဒီကိစ္စ သူမသိဘူးလို့ ပြောသွားခဲ့တာဖြစ်ပါတယ်။
ဒါဟာ အမေရိကန် လွှတ်တော်အမတ်တစ်ချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတစ်ဦးနဲ့ ထိတွေ့မိခဲ့ကြတယ်လို့ သိရပြီး အဆိုပါ အမတ်တွေဟာ နောက်ပိုင်းမှာ သမ္မတ ထရမ့်နဲ့လည်း တွေ့ဆုံခဲ့ကြတဲ့အတွက် သမ္မတထရမ့်ရဲ့ ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေ အလားအလာနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
Source-Mizzima