mask တွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တွန်းလှန်ရာမှာ အသုံးပြုနေရတဲ့ အခြား ထုတ်ကုန် ပစ္စည်းတွေကို ထုတ်မရောင်းဘဲ သိုလှောင်ထားတဲ့ ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ထောင် ၂ နှစ်ကျ ခံရနိုင်ကြောင်း တောင်ကိုရီးယား အစိုးရက သတိပေးခဲ့ပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့က စတင်ကူးစက်ဖြစ်ပွားခဲ့တဲ့ လူသတ်ဗိုင်းရပ်စ် ရောဂါကြောင့် အခုအခါ သေဆုံးသူ ၆၅၀ ကျော်နဲ့ ပိုးတွေ့လူနာ ၂၈၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ပိုးတွေရှိသူ ၂၀ နီးပါးရှိလာချိန်မှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ကြီးထွားလာခဲ့ပါတယ်။ mask တွေ လက်သန့်ဆေးတွေ ဝယ်လိုအားမြင့်တက်နေပြီး ယင်း ပစ္စည်း တွေကို ထုတ်မရောင်းဘဲ လှောင်ထားကြတာကြောင့် စျေးနှုန်းတွေ အလွန်အမင်းခုန်တက်သွားကြောင်း စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ ယင်း ပစ္စည်းအမျိုးအစားနှစ်ခုကို သီးခြားသတ်မှတ် ကုန်ပစ္စည်းစာရင်းသို့ ထည့်သွင်းခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ပြောဆိုပါတယ်။
ဗုဒ္ဓဟူးနေ့မှစလို့ လစဉ် ပျှမ်းမျှ ရောင်းချပေးနိုင်မှုပမာဏထက် တစ်ဆခွဲကျော် ချန်လှပ် သိုလှောင်ထားတဲ့ ရောင်းချသူတွေအနေနဲ့ ထောင်ဒဏ်အများဆုံး ၂ နှစ်နဲ့ ငွေဒဏ် ဝမ်သန်း ၅၀ (ကန်ဒေါ်လာ ၄၂၀၀၀) တပ်ရိုက်ခံရမှာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လူအချင်းချင်း ပိုးကူးစက်မှုဖြစ်စဉ် တွေ့ရှိထားပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ကနေ ပြန်လာတဲ့ ကိုရီးယား အမျိုးသမီး ပိုးကူးစက်ခံခဲ့ရတာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် သူမဟာ နိုင်ငံမှာ ၁၆ ဦးမြောက် ပိုးတွေ့လူနာဖြစ်လာခဲ့ပါတယ်။
Ref : ABS-CBN NEWS #Myanmar_Online_News
>>Zawgyi<<
Mask များအား မရောင်းချဘဲ သိုလှောင်ထားသည့် ကုန်သည်များကို ထောင်ချအရေးယူမည်ဟုဆို
Thursday , February 6 , 2020