Facebook က ကိုရိုနာဗိုင်းရက်စ်ကြောင့် Global Marketing Conference ကို ဖျက်သိမ်း
Facebook က ကိုရိုနာဗိုင်းရက်စ်ကြောင့် Global Marketing Conference ကို ဖျက်သိမ်းလိုက်တယ်လို့ Reuters က ပြောပါတယ်။ Conference ကို ဆန်ဖရန်စစ္စကိုက Moscone Center မှာ မတ်လတွင် ကျင်းပဖို့ စီစဉ်ထားပြီး လူပေါင်း ၄ ထောင် တက်ရောက်မှာပါ။
“ ကျွန်တော်တို့ အဖွဲ့ဝင်တွေ ဘေးကင်းဖို့နဲ့ ကျန်းမာရေး မထိခိုက်ဖို့ ဦးစားပေးလုပ်ဆောင်မှာပါ။ အဲဒီအတွက် ကိုရိုနာ ဗိုင်းရက်စ်ကြောင့် Global Marketing Summit ကို ဖျက်သိမ်းလိုက်ပါတယ်။ “ လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ဦးက The Verge ကို ပြောပါတယ်။ကိုရိုနာဗိုင်းရက်စ်ကြောင့် Mobile World Congress ကို ဖျက်သိမ်းလိုက်တယ်လို့ ကြေညာပြီးနောက်မှာ Facebook ရဲ့ ကြေညာချက် ထွက်လာတာပါ။ LG, Ericsson, Nvidia, Intel, Vivo, Sony, Amazon, NTT Docomo, Cisco, Nokia, BT နဲ့ HMD အပါအဝင် ကုမ္ပဏီများစွာကလည်း MWC မှာ မပါဝင်တော့ဘူးလို့ အရင်ကြေညာခဲ့တာပါ။
Ref : theverge
Source: Digital Times