မင်္ဂလာဆောင်နေရင်း လက်ဖွဲ့ငွေတွေနဲ့ ထွက်ပြေးသွားတဲ့သတို့သားလောင်း

မင်္ဂလာဆောင်ရင်းလက်ဖွဲ့ငွေတွေယူပြီးထွက်ပြေးသွားတဲ့သတို့သား

လူတွေက အိမ်ထောင်ဖက်ကို ရွေးချယ်တဲ့အခါ ကိုယ့်ကို တကယ်ချစ်တဲ့သူ၊ တကယ်သစ္စာရှိတဲ့ သူကိုပဲ ရွေးချယ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ မင်းသားလေးလို့ ထင်မှတ်ထားတဲ့သူတွေက ဘီလူးကြီးတွေ ဖြစ်နေတတ်ပါတယ်။ အသက် 30 အရွယ်အမျိုးသမီး Da ဟာ သူမရဲ့ အိပ်မက်ထဲက အမျိုးသားကို တွေ့ခဲ့တယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူမရည်မှန်းထားသူဟာ သူမကို အကြွေးတစ်သီတစ်တန်းကြီးနဲ့ ထားခဲ့ပါတယ်။ Da က ကုန်ပစ္စည်းကိုယ်စားလှယ်တစ်ယောက်အဖြစ် အလုပ်လုပ်နေသူဖြစ်ပြီး ရုပ်ရည်ကလည်း လှပါတယ်။ Da က Nat ဆိုတဲ့ အသက်50အရွယ်အမျိုသားတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်

Nat က သူ့ကိုယ်သူ ဘီလျံနာသူဌေးတစ်ယောက်လို့ ပြောပါတယ်။ Da က Nat ကို ဆွေမျိုးတစ်ယောက်ရဲ့ ဈာပလုပ်တုန်းကတစ်ခါပဲ တွေ့ဖူးတယ်လို့ Da ရဲ့အမေက ပြောပါတယ်။ သူတို့နှစ်ယောက် March လတုန်းက တွေ့ခဲ့ကြတယ်လို့ Da က ဆိုပါတယ်။ နောက်တစ်ရက်မှာ Nat က Da ကို လက်ထပ်ခွင့်တောင်းပြီး Da ကလည်း လက်ခံခဲ့ပါတယ်။   Nat က သူ့ကို အထင်ကြီးလာအောင် အလွန်ချမ်းသာကြောင်း၊ ဟောင်ကောင်က စီးပွားရေးလုပ်ငန်းတွေရဲ့ CEO တစ်ယောက်ဖြစ်ကြောင်း ပြောထားခဲ့ပါတယ်။ နောက်လမှာတော့ သူတို့နှစ်ယောက်က တရားဝင် လက်မှတ်ထိုးခဲ့ပြီး မိတ်ဆွေတွေ၊ မိသားစုတွေ၊ ချမ်းသာတဲ့ အသိုင်းအဝိုင်းက လူတွေကို ဖိတ်ခဲ့ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို ဘန်ကောက်မှာပဲ ကျင်းပခဲ့ပါတယ်။
မင်္ဂလာပွဲဝန်ဆောင်မှုကို စီစဉ်ခိုင်းခဲ့ပြီး အကျယ်ချဲ့ခဲ့တာကြောင့် ဘတ် 3.5 သန်းလောက် ကုန်သွားပါတယ်။ ပါတီပွဲကို Maung ခရိုင်က ဟိုတယ်တစ်ခုမှာ ကျင်းပခဲ့ပါတယ်။ မင်္ဂလာဆောင်နေရင်းတန်းလန်းမှာပဲ သတို့သားက ဟောင်ကောင်ကို သွားစရာရှိတယ် ဆိုပြီး သတို့သမီးကို ပွဲမှာ ထားသွားပါတယ်။ Nat ရဲ့သူငယ်ချင်း 10 ယောက်ကပဲ သူတို့ပွဲကို တက်တာပါ။  သတို့သမီးဘက်က သတို့သားဘက်ကို ပေးရတဲ့ ငွေဘတ် 1.6 သန်းကိုလည်း Nat က ယူသွားခဲ့ပါတယ်။ သတိုးသမီးရဲ့မိဘတွေက Nat ကို အနှေးနဲ့အမြန်ရှာခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ သစ်စိမ်းချိုး ချိုးခံလိုက်ရတဲ့ သတို့သမီးဟာ မင်္ဂလာပွဲကျင်းပတဲ့ ကုန်ကျငွေတွေနဲ့ အကြွေးတင်ခဲ့ပါတယ်။ Nat က မင်္ဂလာပွဲနဲ့ ပတ်သက်လို့ ဘာမှ အကုန်အကျ မခံသွားခဲ့ပါဘူး
Da က ပြည့်စုံတဲ့ မိသားစုက လာတဲ့သူ မဟုတ်တာကြောင့် အကြွေးတွေကို ဘယ်လိုဆပ်ရမှန်းမသိဘူး ဖြစ်နေပါတယ်။ ဟိုတယ်ကတော့ အရစ်ကျသွင်းလို့ ရတယ်လို့ ခွင့်ပြုပေးခဲ့ပါတယ်။ Nat က သူဟာဘီလျံနာတစ်ယောက်ဖြစ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ်Thaksin Shinawatra ရဲ့အကြံပေးဖြစ်ကြောင်း အယုံသွင်းခဲ့ပါတယ်အဲဒါအပြင် ပါတီပွဲကျင်းပတဲ့ ဟိုတယ်ကိုလည်း သူပိုင်ကြောင်း၊ ဘန်ကောက်နဲ့ ဟောင်ကောင်ကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း တစ်ခုကိုလည်း သူပိုင်ကြောင်း လိမ်ညာခဲ့ပါသေးတယ်။
Nat ရဲ့ Instagram account ကလည်း ပျက်သွားပြီး အရင်ကဆိုရင် ဈေးကြီးတဲ့ကားတွေ၊ လေယာဉ်တွေ၊ ကိုယ်ပိုင်ဂျင်လေယာဉ်တွေပေါ်မှာ ထိုင်နေတဲ့ ဓါတ်ပုံတွေကို Instagram မှာ တင်လေ့ရှိပါတယ်။အဲဒါကြောင်း ကိုယ်လက်ထပ်မယ့်သူ အကြောင်းကို သေသေချာချာ စုံစမ်းပြီးမှ ယူသင့်ကြောင်း လူအများက ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။        CREDIR

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started