လအနည်းငယ်အတွင်း မလုံခြုံတဲ့ download တွေကို Chrome ပိတ်ပင်မည်

Chrome ဟာ လုံခြုံတဲ့ (HTTPS) စာမျက်နှာက လုံခြုံစိတ်ချရတဲ့ ဖိုင်တွေကိုပဲ download ပြုလုပ်ခွင့်ပေးသွားမယ့် အကြောင်း ကျွန်တော်တို့ ကြေညာပါတယ်” လို့ Chrome လုံခြုံရေးအဖွဲ့က ဂျိုးဒီဘလာစီယိုက blog post မှာရေးသားခဲ့ပါတယ်။Chrome သုံးစွဲသူတွေအတွက် မလုံခြုံတဲ့ download တွေကို ပိတ်ပင်သွားမယ်အစီအစဉ်ကို Google က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။“မလုံခြုံတဲ့ download ဖိုင်တွေက သုံးစွဲသူ လုံခြုံရေးနဲ့ တစ်ကိုယ်ရေအချက်အလက်ကို အန္တရာယ်ဖြစ်စေပါတယ်။ မလုံခြုံတဲ့ download ပရိုဂရမ်တွေကလည်း တိုက်ခိုက်သူတွေအတွက် malware ကိုလဲလှယ်ထည့်သွင်းနိုင်ပြီး အချက်အလက်ခိုးယူသူတွေကလည်း သုံးစွဲသူရဲ့ ဘဏ်အကောင့်ကို ကြည့်ရှုနိုင်ပါတယ်”

ဧပြီလအတွင်း ထွက်ရှိမယ့် Chrome 82 ကစတင်ပြီး သုံးစွဲသူတွေ လုံခြုံတဲ့ဝက်ဘ်ဆိုက်ကနေ content အမျိုးမျိုးကို download ပြုလုပ်ကြဖို့ Chrome ကသတိပေးပါမယ်။Chrome 83 ကိုဖြန့်ချိတဲ့အချိန်မှာ မကိုက်ညီတဲ့ download တွေကို ပိတ်ပင်ပြီး ဖိုင်တွေကို archive လုပ်ဖို့ သတိပေးချက်ကို ကျင့်သုံးပါမယ်။ Chrome 84 မှာတော့ PDF နဲ့ doc ဖိုင်တွေကို သတိပေးကာ Chrome 85 မှာအသံဖိုင်၊ ရုပ်ပုံ၊ စာသားနဲ့ ဗီဒီယိုဖိုင်တွေကို သတိပေးသွားပါမယ်။ နောက်ဆုံး Chrome 86 မှာလုံခြုံတဲ့ဝက်ဘ်ဆိုက်က မလုံခြုံတဲ့ ဖိုင်တွေအားလုံးကို ပိတ်ပင်သွားပါမယ်။ အခုအချိန်မှာတော့ Chrome 86 ကိုအောက်တိုဘာလအတွင်း ထွက်ရှိနိုင်မယ်လို့ Google ကခန့်မှန်းထားပါတယ်။ အောက်ကပုံကတော့ Chrome အဖွဲ့ရဲ့ လက်ရှိအစီအစဉ်ဖြစ်ပါတယ်။

စိုးထက်-Ref: TheVerge-Credit: Internet Journal

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started