ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ Myanmar Knitting အထည်ချုပ်စက်ရုံ၌ လာရောက်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၈ ဦးမှာ နှစ်သစ်ကူး၌တရုတ်ပြည်ပြန်သွားပြီးပြန်လာချိန်၌ ၎င်းတို့အနက်မှ ၂ဦးမှာကျန်းမာရေးဆိုးရွားနေသည့်အတွက် အထည်ချုပ်လုပ်သားများက ကျန်းမာရေးစစ်ဆေးပေးရန် အစိုးရနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကို ဖေဖော်ဝါရီလ ၄ ရက်နေ့က တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်းဆိုမှုအပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ကျန်းမာရေးဌာနအပါဝင် ဒေသခံဌာနဆိုင်ရာများက လာရောက်စစ်ဆေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်နေ့၌ အထည်ချုပ်လုပ်သားများအနေဖြင့် မဟုတ်မမှန် လုပ်ကြံတိုင်ကြားမှုများ ထပ်မံပြုလုပ်ပါက ထိရောက်စွာအရေးယူမည်ဟု စက်ရုံပိုင်ရှင်ကသတိပေးခဲ့ကြောင်း Myanmar Knitting အထည်လုပ်သားများထံမှ သိရသည်။
“အလုပ်သမားတွေကို မိုက်စ့်နဲ့ကြေငြာတာပါ၊ စက်ရုံကို မနာလိုလို့ ဂုဏ်သိက္ခာကျဆင်းစေချင်လို့ တရုတ်တွေပြန်၀င်လာတာကို မဟုတ်တဲ့သတင်းကို ဌာနဆိုင်ရာလူကြီးတွေ တိုင်ကြားခဲ့တဲ့သူတွေကို နောက်ဆုံးအနေနဲ့ ခွင့်လွှတ်ပေးမယ်၊ နောက်တခါဆို ထိရောက်စွာ အရေးယူမယ်လို့ မိုက်စ်နဲ့ ကြေငြာခဲ့တာ”ဟု စက်ရုံတွင်းလုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ပြောသည်။

အလုပ်သမားများ၏ တောင်းဆိုချက်အရ တရုတ်ပြည်မှ ပြန်လာသူ တရုတ်နိုင်ငံသားများကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် အစိုးရဌာနဆိုင်ရာမှတာဝန်ရှိသူများက လာရောက်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
“၀န်ကြီးရဲ့လက်မှတ်နဲ့ လာစစ်ဆေးတာပါ၊ တိုင်းကျန်းမာရေးရော၊ မြို့နယ်ဆရာ၀န်ကြီးရော ဌာန ဆိုင်ရာ၀န်ထမ်းတွေ ၂၀ လောက်ရှိမယ်။ လာရောက်စစ်ဆေးတာ၊ တရုတ်နှစ်ကူးပြန်တဲ့ ၁၃ ဦးနဲ့၊ အသစ်၀င်လာတဲ့ ၁၆ ဦးကို အဓိက ထားပြီိးစစ်ဆေးတာပါ၊ ဘာမှထူးခြားတာမရှိပါဘူး၊ ကိုယ်ပူချိန်မြင့်တာတွေလည်း မရှိပါဘူး”ဟု စက်ရုံမန်နေဂျာ ဦးသက်နိုင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျန်းမာရေးဌာနအပါအဝင် ဌာနဆိုင်ရာများက လာရောက်စစ်ဆေးချိန်တွင် တရုတ်ပြည်မှပြန်လာသည့် တရုတ်အလုပ်သမားများမှာ ဖျားနာခြင်းမရှိဘဲ ကျန်းမာရေးကောင်းမွန်နေသည့်အတွက် တရုတ်နိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးပေးရန်တောင်းဆိုသည့် စက်ရုံလုပ်သားများမှာ စက်ရုံအား ဒုက္ခရောက်စေရန် ဧရာဝတီတိုင်းအစိုးရအား မဟုတ်မမှန် တိုင်ကြားသည်ဟု စက်ရုံပိုင်ရှင်ဘက်မှ စွပ်စွဲခဲ့သည်။
စက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများကမူ တရုတ်ပြည်တွင် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်အတွက် တရုတ်ပြည်မှ ပြန်လာသူများထဲတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားသူ ပါဝင်နေပါက မိမိတို့ကိုပါ ကူးစက်မည်စိုး၍ ယခုလို ဆေးစစ်ပေးဖို့ တောင်းဆိုခြင်းဖြစ်ကြောင်း ပြောဆိုသည်။

Myanmar Knitting အထည်ချုပ်စက်ရုံကို ၂၀၁၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စက်ရုံ၌ လာရောက်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆ဝ ကျော်ရှိပြီး ထိုင်ဝမ်နိုင်ငံသားပိုင်ဆိုင်သည့် စက်ရုံတစ်ရုံလည်းဖြစ်သည်။
Ayeyarwady_Times
(Unicode Version)
ပုသိမ်အထည်ချုပ်၌ တရုတ်ပြည်မှပြန်လာသော တရုတ်နိုင်ငံသားများအား ကျန်းမာရေးစစ်ဆေးပြီးချိန်တွင် မဟုတ်မမှန် တိုင်ကြားမှုများ ထပ်လုပ်ပါက ထိရောက်စွာအရေးယူမည်ဟု စက်ရုံဘက်မှ သတိပေး
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ Myanmar Knitting အထည်ချုပ်စက်ရုံ၌ လာရောက်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၈ ဦးမှာ နှစ်သစ်ကူး၌တရုတ်ပြည်ပြန်သွားပြီးပြန်လာချိန်၌ ၎င်းတို့အနက်မှ ၂ဦးမှာကျန်းမာရေးဆိုးရွားနေသည့်အတွက် အထည်ချုပ်လုပ်သားများက ကျန်းမာရေးစစ်ဆေးပေးရန် အစိုးရနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကို ဖေဖော်ဝါရီလ ၄ ရက်နေ့က တောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်းဆိုမှုအပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ကျန်းမာရေးဌာနအပါဝင် ဒေသခံဌာနဆိုင်ရာများက လာရောက်စစ်ဆေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်နေ့၌ အထည်ချုပ်လုပ်သားများအနေဖြင့် မဟုတ်မမှန် လုပ်ကြံတိုင်ကြားမှုများ ထပ်မံပြုလုပ်ပါက ထိရောက်စွာအရေးယူမည်ဟု စက်ရုံပိုင်ရှင်ကသတိပေးခဲ့ကြောင်း Myanmar Knitting အထည်လုပ်သားများထံမှ သိရသည်။
“အလုပ်သမားတွေကို မိုက်စ့်နဲ့ကြေငြာတာပါ၊ စက်ရုံကို မနာလိုလို့ ဂုဏ်သိက္ခာကျဆင်းစေချင်လို့ တရုတ်တွေပြန်၀င်လာတာကို မဟုတ်တဲ့သတင်းကို ဌာနဆိုင်ရာလူကြီးတွေ တိုင်ကြားခဲ့တဲ့သူတွေကို နောက်ဆုံးအနေနဲ့ ခွင့်လွွှတ်ပေးမယ်၊ နောက်တခါဆို ထိရောက်စွာ အရေးယူမယ်လို့ မိုက်စ်နဲ့ ကြေငြာခဲ့တာ”ဟု စက်ရုံတွင်းလုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ပြောသည်။
အလုပ်သမားများ၏ တောင်းဆိုချက်အရ တရုတ်ပြည်မှ ပြန်လာသူ တရုတ်နိုင်ငံသားများကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် အစိုးရဌာနဆိုင်ရာမှတာဝန်ရှိသူများက လာရောက်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
“၀န်ကြီးရဲ့လက်မှတ်နဲ့ လာစစ်ဆေးတာပါ၊ တိုင်းကျန်းမာရေးရော၊ မြို့နယ်ဆရာ၀န်ကြီးရော ဌာန ဆိုင်ရာ၀န်ထမ်းတွေ ၂၀ လောက်ရှိမယ်။ လာရောက်စစ်ဆေးတာ၊ တရုတ်နှစ်ကူးပြန်တဲ့ ၁၃ ဦးနဲ့၊ အသစ်၀င်လာတဲ့ ၁၆ ဦးကို အဓိက ထားပြီိးစစ်ဆေးတာပါ၊ ဘာမှထူးခြားတာမရှိပါဘူး၊ ကိုယ်ပူချိန်မြင့်တာတွေလည်း မရှိပါဘူး”ဟု စက်ရုံမန်နေဂျာ ဦးသက်နိုင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျန်းမာရေးဌာနအပါအဝင် ဌာနဆိုင်ရာများက လာရောက်စစ်ဆေးချိန်တွင် တရုတ်ပြည်မှပြန်လာသည့် တရုတ်အလုပ်သမားများမှာ ဖျားနာခြင်းမရှိဘဲ ကျန်းမာရေးကောင်းမွန်နေသည့်အတွက် တရုတ်နိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးပေးရန်တောင်းဆိုသည့် စက်ရုံလုပ်သားများမှာ စက်ရုံအား ဒုက္ခရောက်စေရန် ဧရာဝတီတိုင်းအစိုးရအား မဟုတ်မမှန် တိုင်ကြားသည်ဟု စက်ရုံပိုင်ရှင်ဘက်မှ စွပ်စွဲခ့ဲသည်။