ရေဒီယို အကျယ်ကြီးဖွင့်လို့ အသက် ၈၂ နှစ်အရွယ် အဖိုးအို ထောင် ၆လကျ

လီဗာပူ၊ ဖေဖေါ်ဝါရီ ၈
ဗြိတိန်နိုင်ငံ လီဗာပူမြို့တော် အိန့်ထရီးအရပ်ရှိ အီယန် ဂျော့ ထရိန်နာ(Ian George Trainer)ဆိုသူ အသက် ၈၂ နှစ်အရွယ် ပင်စင်စား အဖိုးအိုတစ်ဦးသည် ညဖက်တွင် သူ့အိမ်ရှိ FM ရေဒီယိုဖြင့် ဂန္ထဝင်သီချင်းများအား အသံကျယ်လောင်စွာဖွင့်မှုကြောင့် ထောင်ဒဏ် ရက်သတ္တ ၂၄ ပတ်(၆လ)အပြစ်ကျခံစေရန် Liverpool Magistrates တရားရုံးမှ ကြာသပတေးနေ့က အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။
အိမ်နီးချင်းဖြစ်သူက ပထမအကြိမ်တိုင်ကြားခဲ့ရာတွင် သူ့အား တရားရုံးမှ ဒီဇင်ဘာလက ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ည ၉ နာရီနှင့် ၁၀ နာရီကြားဝယ် ၆၅ ဒက်စီဘယ်(65 decible)ထက် ပိုမိုကျယ်လောင်စွာ ရေဒီယိုမဖွင့်ရန် တားမြစ်ကာ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
သို့ရာတွင် ထရိန်နာသည် အမိန့်ကိုလိုက်နာခြင်းမရှိပဲ ရေဒီယိုကို အသံကျယ်လောင်စွာ ဖွင့်မြဲဖွင့်နေသဖြင့် အိမ်နီးချင်းဖြစ်သူ သောမတ်စ် မိုက်ကယ် သွမ်ဆင်က ထပ်မံတိုင်ကြားရာတွင် ယခုကဲ့သို့အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
မစ္စတာ ထရိန်နာ သည် နားတစ်ဖက်လေးနေသူဖြစ်ပြီး၊ ကျန်းမာရေးအခြေအနေအရ နားကြပ်ဖြင့် နားထောင်၍မရသော အခြေအနေတွင်ရှိသူတစ်ဦးဖြစ်နေသဖြင့် စစ်ဆေးမှုများကို ကြားစေရန် ထရိန်နာအား နားကြားကိရိယာတစ်ခု တရားရုံးက ပံ့ပိုုးပေးခဲ့သည်။
”ကျွန်တော့်အနေနဲ့ Level 1 အဆင့် လောက်ပဲ သီချင်းတွေကို ဖွင့်တာပါ”ဟုသာ ထွက်ဆိုခဲ့ပြီး၊ သူ၏ ကျန်းမာရေးအခြေအနေကြောင့် သီချင်းများကို ကျယ်လောင်စွာဖွင့်မိခြင်းဖြစ်သဖြင့် ခွင့်လွှတ်ပါရန်ကိုသာ အကြိမ်ကြိမ်ပြောဆိုခဲ့သည်။
သို့ရာတွင် သူ၏ အိမ်နီးချင်း မစ္စတာ သွမ်ဆန်ကမူ ”သူ့ဟာက တစ်ရက်လဲမဟုတ် တစ်ပတ်လဲမဟုုတ်၊ နေ့တိုင်း အပတ်တုိင်းဖွင့်နေတာပါ”ဟု ထွက်ဆိုခဲ့သည်။
”ကျွန်တော့်မှာ သူ့ဆီက အသံတွေကိုရှောင်ဖို့ မနက်စောစောအိမ်ကထွက်ပြီး ညနေလောက်မှ အိမ်ပြန်ရတယ်”ဟုလည်းပြောသည်။
ထို့အပြင် မစ္စတာသွမ်ဆင်က ဗီဒီယိုမှတ်တမ်းသက်သေများကိုလည်း တရားရုံးသို့တင်ပြခဲ့သေးရာ၊ ဗီဒီယိုတစ်ခုတွင် မစ္စတာသွမ်ဆင်သည် သူ့အိမ် ဧည့်ခန်းနံရံအနီးဝယ် လမ်းလျှောက်နေသော်လည်း အဖိုးအိုဖွင့်သော သီချင်းများက ကြားနေရသေးကြောင်း တွေ့ရသည်။
ထရိန်နာဖက်မှမူ မည်သည့် သက်သေအထောက်အထားမျှ မတင်ပြနိုင်ချေ။
ထရိန်နာသည် တရားနိုင်ဖြစ်သူ မစ္စတာ သွမ်ဆင်အားလည်း လျော်ကြေးအဖြစ် ၁၂၂ စတာလင်ပေါင် နှင့် တရားရုံးသို့လည်း ရုံးစရိတ် စတာလင်ပေါင် ၆၀၀ ပေးရဦးမည်ဖြစ်သည်။
Source: METRO News
Ref: Pensioner, 82, jailed for blaring Classic FM at an ‘unbelievable’ volume
Photo: Liverpool Echo
(Zawgyi)
ရေဒီယို အကျယ်ကြီးဖွင့်လို့ အသက် ၈၂ နှစ်အရွယ် အဖိုးအို ထောင် ၆လကျ
လီဗာပူ၊ ဖေဖေါ်ဝါရီ ၈
ဗြိတိန်နိုင်ငံ လီဗာပူမြို့တော် အိန့်ထရီးအရပ်ရှိ အီယန် ဂျော့ ထရိန်နာ(Ian George Trainer)ဆိုသူ အသက် ၈၂ နှစ်အရွယ် ပင်စင်စား အဖိုးအိုတစ်ဦးသည် ညဖက်တွင် သူ့အိမ်ရှိ FM ရေဒီယိုဖြင့် ဂန္ထ၀င်သီချင်းများအား အသံကျယ်လောင်စွာဖွင့်မှုကြောင့် ထောင်ဒဏ် ရက်သတ္တ ၂၄ ပတ်(၆လ)အပြစ်ကျခံစေရန် Liverpool Magistrates တရားရုံးမှ ကြာသပတေးနေ့က အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။
အိမ်နီးချင်းဖြစ်သူက ပထမအကြိမ်တိုင်ကြားခဲ့ရာတွင် သူ့အား တရားရုံးမှ ဒီဇင်ဘာလက ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ည ၉ နာရီနှင့် ၁၀ နာရီကြား၀ယ် ၆၅ ဒက်စီဘယ်(65 decible)ထက် ပိုမိုကျယ်လောင်စွာ ရေဒီယိုမဖွင့်ရန် တားမြစ်ကာ ခံ၀န်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။
သို့ရာတွင် ထရိန်နာသည် အမိန့်ကိုလိုက်နာခြင်းမရှိပဲ ရေဒီိယိုကို အသံကျယ်လောင်စွာ ဖွင့်မြဲဖွင့်နေသဖြင့် အိမ်နီးချင်းဖြစ်သူ သောမတ်စ် မိုက်ကယ် သွမ်ဆင်က ထပ်မံတိုင်ကြားရာတွင် ယခုကဲ့သို့အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
မစ္စတာ ထရိန်နာ သည် နားတစ်ဖက်လေးနေသူဖြစ်ပြီး၊ ကျန်းမာရေးအခြေအနေအရ နားကြပ်ဖြင့် နားထောင်၍မရသော အခြေအနေတွင်ရှိသူတစ်ဦးဖြစ်နေသဖြင့် စစ်ဆေးမှုများကို ကြားစေရန် ထရိန်နာအား နားကြားကိရိယာတစ်ခု တရားရုံးက ပံ့ပိုးပေးခဲ့သည်။
”ကျွန်တော့်အနေနဲ့ Level 1 အဆင့် လောက်ပဲ သီချင်းတွေကို ဖွင့်တာပါ”ဟုသာ ထွက်ဆိုခဲ့ပြီး၊ သူ၏ ကျန်းမာရေးအခြေအနေကြောင့် သီချင်းများကို ကျယ်လောင်စွာဖွင့်မိခြင်းဖြစ်သဖြင့် ခွင့်လွှတ်ပါရန်ကိုသာ အကြိမ်ကြိမ်ပြောဆိုခဲ့သည်။
သို့ရာတွင် သူ၏ အိမ်နီးချင်း မစ္စတာ သွမ်ဆန်ကမူ ”သူ့ဟာက တစ်ရက်လဲမဟုတ် တစ်ပတ်လဲမဟုတ်၊ နေ့တိုင်း အပတ်တိုင်းဖွင့်နေတာပါ”ဟု ထွက်ဆိုခဲ့သည်။
”ကျွန်တော့်မှာ သူ့ဆီက အသံတွေကိုရှောင်ဖို့ မနက်စောစောအိမ်ကထွက်ပြီး ညနေလောက်မှ အိမ်ပြန်ရတယ်”ဟုလည်းပြောသည်။
ထို့အပြင် မစ္စတာသွမ်ဆင်က ဗီဒီယိုမှတ်တမ်းသက်သေများကိုလည်း တရားရုံးသို့တင်ပြခဲ့သေးရာ၊ ဗီဒီယိုတစ်ခုတွင် မစ္စတာသွမ်ဆင်သည် သူ့အိမ် ဧည့်ခန်းနံရံအနီး၀ယ် လမ်းလျှောက်နေသော်လည်း အဖိုးအိုဖွင့်သော သီချင်းများက ကြားနေရသေးကြောင်း တွေ့ရသည်။
ထရိန်နာဖက်မှမူ မည်သည့် သက်သေအထောက်အထားမျှ မတင်ပြနိုင်ချေ။
ထရိန်နာသည် တရားနိုင်ဖြစ်သူ မစ္စတာ သွမ်ဆင်အားလည်း လျော်ကြေးအဖြစ် ၁၂၂ စတာလင်ပေါင် နှင့် တရားရုံးသို့လည်း ရုံးစရိတ် စတာလင်ပေါင် ၆၀၀ ပေးရဦးမည်ဖြစ်သည်။
Source: METRO News
Ref: Pensioner, 82, jailed for blaring Classic FM at an ‘unbelievable’ volume
Photo: Liverpool EchoCredit: Popular Journal