ပြည်ထဲရေးဝန်ကြီးကျော်ဆွေကိုဘာလို့လျှင်လျှင်မြန်မြန်အနားပေးတာလည်း

ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကိုအနားပေးပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အားခန့်အပ်ဖို့ ဖေဖော်ဝါရီလ ၅ရက်နေ့က အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို အရပ်ဘက်မှာဝန်ထမ်းတွေ အနားယူရမဲ့ အသက် ၆၀ အရွယ်ရောက်လို့ အနားပေးလိုက်တယ်လို့ ယူဆကြပေမယ့် ယခု အမည်စာရင်းပေးသွင်းခံရသူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အသက်၆၀ ဆယ်ပြည့်ဖို့ တစ်လခန့်သာလိုတော့တာကြောင့် အသက်ကြောင့် အနားပေးလိုက်တာ ဖြစ်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
နေပြည်တော်နိုင်ငံရေးအသိုင်းအဝိုင်းမှာ ဝေဖန်နေကြတာကတော့ ပြည်ထဲရေးဝန်ကြီးဟောင်းဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာ ဒေါ်အောင်ဆန်းဆုကြည်နဲ့ အတော်လေးရင်းနှီးသူဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ဒေါ်အောင်ဆန်းဆုကြည်ရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ အမြဲတွေ့ရပြီး ခင်ခင်မင်မင်ဆက်ဆံနေတာလည်းတွေ့ရပါတယ်။
အမြဲလိုလို ဒေါ်အောင်ဆန်းစုကြည်နားမှာဖေးမကူညီမှုတွေရှိနေပါတယ်။
ထူးခြားချက်တစ်ခုကတော့ တရုတ်သမ္မတရှီကျင့်ဖင် ရောက်ရှိလာချိန်မှာ  ဇန်နဝါရီလ ၁၈ ရက်နေ့က MOU လက်မှတ်ထိုးပွဲအခမ်းအနားမှာ
အပြီးတရုတ်သမ္မတရှေ့မှောက်မှာပဲဒေါ်အောင်ဆန်းစုကြည်ကိုအလေးပြုခဲ့တဲ့ ဓါတ်ပုံ ထွက်ပေါ်လာပါတယ် ။
ဒီဓါတ်ပုံကြောင့် လူမှုကွန်ယက်မှာ ဝေဖန်တာတွေ မြင့်တတ်လာခဲ့ပါတယ်။နှစ်ပတ်အကြာမှာ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို အနားပေးလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်သိန်းက ခုလိုပြောပါတယ်။
“ဒေါ်အောင်ဆန်းဆုကြည်နဲ့ဗိုလ်ချုပ်ကျော်ဆွေက အရမ်းပဏာသင့်တယ်လို့ တပ်ဖက်ကမြင်တယ်လေ။အဆိုးဆုံးကတော့ဒေါ်အောင်ဆန်းဆုကြည်ကို အလေးပြုလိုက်တာပါပဲ။ပြည်သူရွေးချယ်တင်မြှောက်တဲ့အစိုးရနဲ့ အရမ်းပဏ္ဍာသင့်တဲ့သူတို့တပ်ဘက်အရာရှိကိုဖြုတ်ချလိုက်ပြီး
သူတို့အမိန့်နာခံမဲ့ သူတို့ကြိုးကိုင်လို့ရမယ့်လူကိုအစားထိုးခြင်းဖြင့်စစ်အာဏာရှင်တွေက ပြည်သူ့အစိုးရသွားတဲ့လမ်းကြောင်းနောက်ကို လိုက်ဦးမှာမဟုတ်ဘူး ယူဆလို့ရပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အစိုးရအဖွဲ့အတွက်တပ်မတော်က အမည်စာရင်းတင်သွင်းထားသူတွေက  ခင်မင်စရာကောင်းပါတယ်လို့ ၂၀၁၈ စင်္ကာပူခရီးစဉ်မေးမြန်းခန်းတစ်ခုမှာပြောခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးပြောပြတာကတော့
“ဒီလိုမျိုးရင်းနှီးမှုပုံစံရဖို့မလွယ်ဘူး ၊ပြန်လည်တည်ဆောက်ဖို့လည်းမလွယ်လောက်ဘူး၊မလွယ်တဲ့အတွက်ကြောင့်မို့လို့ အဲ့လောက်ရင်းနှီးတဲ့ပုံစံရနိုင်လိမ့်မယ်မဟုတ်ဘူးလို့ ကျွန်တော်ယူဆပါတယ်။
သုံးသပ်သူအများစုအမြင်ကတော့
ပြည်ထဲရေး ဝန်ကြီးအသစ် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နီးစပ်သူ ကာချုပ်ရဲ့နိုင်ငံခြားခရီးစဉ်တွေမှာ ပါဝင်သူဖြစ်တယ်လို့ထောက်ပြနေတာပါ။
စစ်အာဏာရှင်ဦးသန်းရွှေရဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေး၊ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတင်သွင်းရတာပါ။
အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနှီးသူကို ရွေးကောက်ပွဲနီးချိန်မှာ ဖယ်ရှားလိုက်တာဟာ NLD ပါတီနဲ့ တပ်မတော်ကြား
တင်းမာမှုတွေပိုပြီးဖြစ်လာစေမလားဆိုတာအများကပိုပြီးစိုးရိမ်နေတာဖြစ်ပါတယ်။Ref:RFA

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started