ဆေးရုံအသစ်မှာ ကိုရိုနာဗိုင်းရပ်စ််လူနာများစတင်လက်ခံ‌ပါပြီ

ဝူဟန့်တွင် ၁၀ ရက်အတွင်း အပြီးတည်ဆောက်ခဲ့သော ဆေးရုံသစ်ဝယ် ကိုရိုနာဗိုင်းရပ်စ်သင့် လူနာများကို စတင်လက်ခံ
ဝူဟန့်မြို့တွင် ၁၀ ရက်အတွင်း အပြီးတည်ဆောက်ခဲ့သော ဟောဆန်ဆန်း ဆေးရုံဝယ် ကိုရိုနာဗိုင်းရပ်စ်သင့် လူနာများကို စတင်လက်ခံ၍ ပြုစုစောင့်ရှောက်မှုများပြုလုပ်ပေးနေပြီဖြစ်သည်။
ဝူချန်ဆေးရုံ နှင့် ဟန်ကောဆေးရုံတို့အပါအဝင် ဆေးရုံ ၃ခုမှ လူနာ ၅၀ ကို သူနာတင်ယာဉ် ၁၀ စီးဖြင့် သယ်ဆောင်၍ ပထမဆုံးအသုတ်အဖြစ် ယနေ့(ဖေဖေါ်ဝါရီ ၄) နံနက်ပိုင်းက စတင်ပြောင်းရွှေ့လက်ခံခဲ့သည်။
ဟောဆန်ဆန်းဆေးရုံကို ဝူဟန့်မြို့ရှိ စတုရန်းမီတာ ၃၄၀၀၀ အကျယ်ရှိနေရာတွင် ၁၀ ရက်အတွင်း အပြီးတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်သင့် လူနာ ၁၀၀၀ တပြိုင်နက်တည်း တက်ရောက်နိုင်မည့် ကုတင် ၁၀၀၀ ဆေးရုံဖြစ်သည်။
ယင်းဆေးရုံတွင် တာဝန်ထမ်းဆောင်ကြမည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက်ပိုင်းကတည်းက ရောက်ရှိခဲ့ကြသည်။
ဝုုဟန်မြို့တွင် ဟောဆန်ဆန်းဆေးရုံအပြင် အခြားဆေးရုံတစ်ခုကိုလည်း ၁၀ ရက်အတွင်း အပြီးတည်ဆောက်ထားပြီး နက်ဖြန် ဖေဖေါ်ဝါရီ ၅ ရက်တွင် လူနာများ စတင်လက်ခံမည်ဖြစ်သည်။ ယင်းဆေးရုံ၏ အမည်မှာ လေးဆန်းဆန် ဆေးရုံဖြစ်ပြီး ကုတင် ၁၅၀၀ ဆန့် ဆေးရုံဖြစ်သည်။
Source: CGTN
Ref: Huoshenshan Hospital starts operation
Credit: Popular Journal

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started