“သမီးတို့ဒီကျောင်းကိုသိမ်းပိုက်လိုက်မယ်”ဟုဗကသဆန္နပြကျောင်းသူဆို

မန္တလေးချမ်းအေးသာစံမြို့နယ်က မန္တလေးပညာရေးကောလိပ်ကျောင်းမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ပြီး မတ်လကုန်အထိ စာမေးပွဲ စစ်ဆေးခြင်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“တီချယ်တို့အနေနဲ့ ဒါကိုမကြိုက်ဘူးဆိုရင် ဒီထဲမှာမနေချင်ဘူးဆိုရင် ကျောင်းပြင်ထွက်နေ၊ သမီးတို့ ဒီကျောင်းကို သိမ်းပိုက်လိုက်မယ်”

မတ်လကုန်အထိ စာမေးပွဲစစ်ဆေးခြင်းကိစ္စကို ပညာရေးဝန်ကြီးဌာနအနေနဲ့ ရပ်ဆိုင်းမှာဖြစ်တယ်လို့ လွှတ်တော်မှာ ပြောကြားခဲ့ပေမယ့် တရားဝင် စာထွက်လာတာမဟုတ်တာကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ် ကျွန်တော်တို့သားထုအနေနဲ့ တစ်ဆင့်ခြင်း တစ်ဆင့်ခြင်း အမြင့်ဆုံးအထိ ဆန္ဒထုတ်ဖော်သွားမှာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌကိုသက်မောင်မောင်ကပြောပါတယ်။

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started