ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သံသယရှိတဲ့ account ၂၄၀ကျော်ကို Uber ပယ်ဖျက်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုတွေကို ကမ္ဘာတစ်ဝန်း ခံစားနေရပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ယာဉ်မောင်းတွေက ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေနဲ့ ထိတွေ့မှုရှိနိုင်တာကြောင့် Uber က အခြေအနေတစ်ခု ဖန်တီးပေးလိုက်ပါတယ်။ Uber အနေနဲ့ မက္ကဆီကိုမြို့တော်အတွင်း ယာဉ်မောင်းတွေနဲ့ ခရီးသွားလာခဲ့တဲ့ account ၂၄၀ ကို ပိတ်ပင်လိုက်ပါတယ်။
Uber အနေနဲ့ twitter မှာထုတ်ပြန်ချက်ကြေညာခဲ့ကာ ဖြစ်ရပ်နဲ့ပတ်သက်ပြီး သုံးစွဲသူတွေကို အသိပေးခဲ့ပါတယ်။ မက္ကဆီကိုမြို့တော်ရဲ့ ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သံသယရှိတဲ့ ယာဉ်မောင်းတစ်ဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို Uber ကလက်ခံရရှိခဲ့ပါတယ်။ Uber အနေနဲ့ ရောဂါရှိသူနဲ့ ဆက်သွယ်ခဲ့တဲ့ ယာဉ်မောင်း ၂ ဦးရဲ့ သတင်းအချက်အလက်ကို ကျန်းမာရေးဌာနကို ပေးပို့ခဲ့ပါတယ်။
ဒါ့အပြင် Uber ကယာဉ်မောင်း ၂ ဦးနဲ့ ခရီးသွားလာခဲ့တဲ့ သုံးစွဲသူ account ၂၄၀ ကို ယာယီပိတ်ပင်ခဲ့ပါတယ်။ သုံးစွဲသူတွေက သတင်းအချက်အလက်တွေကို မက္ကဆီကိုရဲ့ ကူးစက်ရောဂါ သတင်းအချက်အလက်နဲ့ ကျန်းမာရေးယူနစ် (UIES) ဆီဆက်သွယ်ပေးပို့တာ ဒါမှမဟုတ် ရောဂါလက္ခဏာတွေကို တင်ပြတာတွေ ပြုလုပ်နိုင်ပါတယ်။
စိုးထက်
Ref: GizmodoSource Internet Journal

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started