တရုတ်တွေကိုမြန်မာပြည်ထဲဝင်ရောက်ခွင့်ပိတ်လိုက်ပြီ

တရုတ်တွေကိုမြန်မာပြည်ဝင်ရောက်ခွင့်ပိတ်လိုက်ပြီ။

မြန်မာနိုင်ငံကို လာတဲ့တရုတ်ခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာထုတ်ပေးတာ ရပ်လိုက်ပါပြီ။
တရုတ်နိုင်ငံသားမှ မဟုတ်ပါဘူး။ တရုတ်ကလာတဲ့ ဘယ်နိုင်ငံသား မဆို ပေးမဝင်တော့ပါဘူး။နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံက နေ  မြန်မာနိုင်ငံကို လာရောက်ကြမယ့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ယာယီရပ်ဆိုင်းထားဖို့ သက်ဆိုင်ရာဌာနတွေကို ဝန်ကြီးဌာနက ညွန်ကြားချက် ထုတ်လိုက်တာပါ။ဆိုက်ရောက် ဗီဇာ ပိတ်တာ ဟာဝင်ခွင့်ပိတ်တာနဲ့ အတူတူပါပဲ။ဗီဇာပိတ်တာ နဲ့ ‌တရုတ်နိုင်ငံက လာတဲ့ ဘယ် ခရီးသွား မဆို ပြည်ဝင်ခွင့် မရတော့ပါဘူး။
ပုံ မှန် တရုတ် Airline တွေ ဆွဲနေနိုင်ပါသေးတယ်။ သို့သော် လေယာဉ်ပေါ်က နေ ပါလာတဲ့ ခရီးသွားတစ်ယောက်မှ မြန်မာပြည်ထဲ ဆင်းလို့ရမှာ မဟုတ်ပါဘူး။
ဒီနေ့ အထိကိုရိုနာဗိုင်းရပ်စ်ပိုးရောဂါ ကူးစက်ခံရသူပေါင်းဟာ တစ်သောင်းကျော်အထိရှိနေပြီး ဒီထဲက သေဆုံးသူက ၂၅၀ ကျော်အထိ ရှိလာတာပါ။
@မင်းရသ Source Facebook

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started