မြန်မာပလာဇာများအတွင်းကိုယ်အပူချိန်တစ်ရာကျော်ပါကဝင်ခွင့်မပြု

မြန်မာပလာဇာများအတွင်းသို့ကိုယ်အပူချိန်တစ်ရာကျော်ပါကဝင်ရောက်ခွင့်မပြု

ရန်ကုန်မြို့ရှိမြန်မာပလာဇာအတွင်းသို့
ကိုယ်အပူချိန် ၁၀၀.၄ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ်
၃၈ဒီဂရီ စင်တီဂရိတ်အထက်ရှိသူများကို ဝင်ခွင့်မပြုကြောင်း လုံခြုံရေးယူထားသူများ၏ ပြောကြားချက်အရသိရသည်။
“ကျွန်တော်တို့က ဒီပလာဇာကိုလာတဲ့သူတွေကို ကိုယ်ပူချိန်တိုင်းတယ်။တကယ်လို့ ကိုယ်အပူချိန် ၁၀၀.၄ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ်ရင် ၃၈ဒီဂရီ စင်တီဂရိတ်အထက်ရှိတဲ့သူဆိုရင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုက်ပြီးဆောင်ရွက်ပေးပါတယ်”ဟု မြန်မာပလာဇာ လုံခြုံရေးအရာရှိတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကြီးတွင် ကိုယ်အပူအချိန်ရှိသည့် လူနာတစ်ဦးကို ကျန်းမာရေးအရ ပုံမှန်စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ကိုလည်းသိရသည်။
တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်က စတင်ဖြစ်ပွားခဲ့သော ကိုရိုနာ‌ဗိုင်းရပ်စ်ပိုးသည် အိမ်နီးချင်းနိုင်ငံများထံ ပျံ့နှံနေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်လည်း လေဆိပ်၊ လူစည်ကားရာအရပ်တို့မှာ ကိုယ်အပူအချိန်တိုင်းတာစစ်ဆေးခြင်းများပြုလုပ်လျက်ရှိနေသည်။
သတင်း-ငှက်ခါး / ဓာတ်ပုံ- ဇော်မင်းနိုင် (ဒီပဲယင်း) Source Facebook

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started