မိုးအောင်ရင်နဲ့ လိင်ဆက်ဆံခဲ့ကြောင်း ပြောလာတဲ့ ရည်းစားဟောင်း ခင်မြတ်နိုး

မိုးအောင်ရင်နဲ့ လိင်ဆက်ဆံခဲ့ကြောင်း ပြောလာတဲ့ ရည်းစားဟောင်း ခင်မြတ်နိုး

ထောင်ကလွတ်လာပြီး နောက်ပိုင်းတွင်လည်း မိုးအောင်ရင်နှင့် လင်မယားအရာမြောက်သည်အထိ အတူနေခဲ့ကြောင်း ခင်မြတ်နိုးပြော ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ရုံးချိန်းအပြီးတွင် တရားလို ခင်မြတ်နိုးမှ သရုပ်ဆောင်မိုးအောင်ရင် မူးယစ်ဆေးဝါးအမှုနှင့် ထောင်က လွတ်လာပြီးသည့် နောက်ပိုင်းလည်း
မိမိတို့နှစ်ဦး လင်မယားအရာမြောက်ခဲ့သည်အထိ အတူနေခဲ့ကြောင်း တရားလို ခင်မြတ်နိုးက မီဒီယာများကို ပြောသည်။ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်မိုးအောင်ရင်ကို ယနေ့ ရန်ကင်းတရားရုံးတွင် တရားလို မခင်မြတ်နိုး ကို စတင် စစ်ဆေးခဲ့သည်။
“စစ်ဆေးတဲ့ အခါမှာ အခုလိုမျိုးကတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ သူ့တို့ဘက်က စပြောကတည်းက ကိုယ့် အရှက်ကို ခွဲပြီးသွားပြီလေ။ အရှက်က ကမ်းကုန်အောင် ကုန်နေပြီဆိုတော့ မထူးတော့ဘူး။ ကိုယ်လည်းပြောစရာရှိတာကို သတ္တိမွေးပြီးတော့ ပြောရမှာပဲ။ အခုလိုပြောင်းလဲသွားတာက ထောင်ထဲက ထွက်လာမှ ပြောင်းလဲသွားတာပါ။ ထောင်က လွတ်လာတုန်းကလည်း သူ့အိမ်မှာ လင်မယားအရာမြောက်ခဲ့ပါတယ်။သူ့အမေ၊ အဖေတွေ ကိုယ်တိုင် ခေါ်သွားခဲ့တာဆိုတော့ လင်မယားအရာမြောက်ခဲ့ပါတယ်။ အရင်ကတည်းက သူ့ဘက်ကလည်း လက်ထပ်ပါ့မယ် လို့ပြောထားတဲ့ စကားတွေလည်း ရှိတယ်ဆိုတော့ ကိုယ်ကတော့ ယုံခဲ့တာပေါ့။ ကတိဖျက်မယ့် လူစားမျိုး မဟုတ်လောက်ဘူး ဆိုပြီးတော့ ယုံကြည် ခဲ့ပါတယ်”ဟု ၎င်းက မီဒီယာများအား ဖြေကြားခဲ့သည်။
မိမိအနေဖြင့်လည်း စစ်ဆေးမှုအတွက် သက်သေများကို သေချာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိ သက်သေထွက်ဆိုမှုများနှင့်ပတ်သက်၍လည်း ယခုလို ပြောကြားခဲ့သည်။”သက်သေ အနေနဲ့က ကိုယ့်မှာရှိတဲ့ အသံဖိုင်၊ စာပို့ထားတာတွေကို တင်ပြထားတယ်။ နောက် သူတို့ မိဘတွေ သဘောတူလို့ သူတို့အိမ်မှာ သွားနေတယ်။ ဘယ်အချိန်ထဲကနေတယ်။
ဘယ်လို နှင်ချခဲ့တယ်ဆိုတာပေါ့။ အရင် မူးယစ်အမှုနဲ့ ထောင်မကျခင်ကတည်းက ဖြစ်တာ။ ကိုယ်က ထုတ်မပြောခဲ့ဘူး။ သူ့ဘက်ကိုယ့်ဘက်လည်း ပြန်ကြည့်ခဲ့တာ။ သူက မင်းသားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ဂုဏ်သိက္ခာကို ထည့်ထွက်ပေးခဲ့တယ်။ သူဒီလိုမျိုး လုပ်လား မလုပ်ဘူးလား ဆိုတာ သူနဲ့ တွဲဖူးတဲ့ ကောင်မလေးတွေလည်း သိပါလိမ့်မယ်။
ညီမအနေနဲ့ သူနဲ့ ကိုယ်ဝန်ရခဲ့ပါတယ်။ ပြီးတော့ ဖျက်ချတာမဟုတ်ပါဘူး။ စမ်းသပ်ကြည့်တဲ့အချိန်မှာကတည်းက ကလေးက နှလုံးမခုန်ဘဲ။ ပျက်ကျသွားတာပါ။ ညီမအနေနဲ့ က ဒီအမှု စဖြစ်ကတည်းက ဆုံးရှုံးနစ်နာမူတွေက အများကြီးပါ။တချို့သူတွေက မယုံကြဘူး။ ဒါပေမဲ့ ကိုယ်ကြုံတွေ့ရတာ ကိုယ်ပဲ အသိပါ။ အမှန်တိုင်းဖြစ်စေချင်တာက ထောင်ဒဏ် ၃ နှစ်ကျစေချင်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။သရုပ်ဆောင်မိုးအောင်ရင်အား တရားစွဲဆိုထားသည့် ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ ရုံးချိန်း ကို ယနေ့ စတင်စစ်ဆေးခဲ့ပြီး ကျန်ရုံးချိန်းကို၂ လပိုင်း ၁၄ ရက် နှင့် ၂၈ ရက်နေ့များတွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။Source Cele News

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started