

အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူ အဓမ္မကျင့်ပြုကျင့်ကာ မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးမှာ စွန့်ပစ်ထားခဲ့တဲ့ တရားခံကို ဇန်နဝါရီ ၂၈ ရက် ပြင်ဦးလွင်ခရိုင်တရားရုံးက ထောင်ဒဏ်နှစ် ၃၀ အမိန့်ချမှတ်လိုက်ပါတယ်။


နောက်တရက်အကြာမှာ ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကို သူပျောက်ဆုံးတဲ့ နေရာနဲ့ မိုင်သုံးဆယ်ခန့်အကွာ မန္တလေး-ပြင်ဦးလွင် ကားလမ်းနံဘေး ခြုံပုတ်တခုထဲမှာ အဓမ္မပြုကျင့် ခံခဲ့ရဖွယ်ရှိတဲ့ လက္ခဏာတွေနဲ့ ပြန်လည်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။


ဆိုင်ကယ်နဲ့ခေါ်သွားပြီးကလေးကိုအဝှာပြုတဲ့အမှုထောင်နှစ်သုံးဆယ်အမိန့်ချ