နာမည်ကျော် အမေရိကန် ဘတ်စကက်ဘောသမားနှင့် သမီး ရဟတ်ယာဉ်ပျက်ကျ၍ သေဆုံး

နာမည်ကျော် အမေရိကန် ဘတ်စကက်ဘောသမားနှင့် သမီး ရဟတ်ယာဉ်ပျက်ကျ၍ သေဆုံး

ကယ်လီဖိုးနီးယား၊ ဇန်နဝါရီ ၂၇

နာမည်ကျော် အမေရိကန် ဘတ်စက်ဘောသမား Kobe Bryant မိသားစု စီးနင်းလိုက်ပါလာကြသည့် ရဟတ်ယာဉ် ပျက်ကျသဖြင့် ယာဉ်ပေါ်လိုက်စီးနင်းလာသူ ၉ ဦးသေဆုံကြောင်း ကနဦးသိရသည်။

အဆိုပါ ရဟတ်ယာဉ်ပေါ်ဝယ် Kobe Bryant၊ အသက် ၁၃ နှစ်အရွယ် သူ၏သမီး ဂီယာနာ၊ ဘေ့စ်ဘောနည်းပြ ဂျွန် အယ်လ်တိုဘယ်လီနှင့် သူ၏ ဇနီး ကာရီ၊ သမီး အလက်ဆာ နှင့် ဘက်စက်ဘောနည်းပြ ခရစ္စတီနာမော်ဆာ တို့ပါဝင်ကြပြီး သူတို့အားလုံးသေဆုံးခဲ့ကြသည်။
ဆီကောစကီး S-76 အမျိုးအစား ကိုယ်ပိုင် ရဟတ်ယာဉ်သည် ဆီးနှင်းထူထပ်သော လေထုထဲတွင် ကာလာဘာဆာတောင်တန်းတစ်နေရာနှင့် တိုက်မိကာ မီးလောင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။
ကနဦးသတင်းများအရ ရဟတ်ယာဉ်မှူးအပါအဝင် ရဟတ်ယာဉ်ပေါ်ပါဝင်သူ ၅ ဦးသေဆုံးကြောင်းသိရရာမှ၊ နောက်တွင် ၉  ဦးသေဆုံးကြောင်း ထပ်မံသတင်းရရှိသည်။
Source: Daily Mail
Ref: Helicopter carrying Kobe Bryant, 41, and his daughter Gianna, 13, flew through fog despite cops GROUNDING their fleet over safety fears as more of the nine victims of the Calabasas crash are named
Photo: Daily Mail, Getty Images ပေါ်ပြူလာဂျာနယ်မှကူးယူဖေယ်ပြသည်။

Published by POWER 50 LAW BLOG

POWER 50 News Website is a Daily News Blog and We provides Latest Local and International News, Breaking News, Celebrity News a Articles , Videos and Photos.

Leave a comment

Design a site like this with WordPress.com
Get started